cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီတင်းကျွတ်ကာလတွင် ပဲ၊ နှမ်းဈေးကွက် ပုံမှန်သာ အရောင်း အဝယ်ရှိနေ

. Market News
နိုင်ငံခြားငွေဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ ဈေးကျဆင်းနေကြောင်း၊ မြေပဲဆီဆန် နှင့် မြေပဲလုံးဆန်များမှာ ဆီစက်ပိုင်များ ဝယ်ယူမှုနည်းလာတာကြောင့် ဈေးအနည်းငယ် ပြန်လည်ကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည် ဦးကျော်သွင်က ပြော သည်။
  • သီတင်းကျွတ်ကာလတွင် ပဲ၊ နှမ်းဈေးကွက် ပုံမှန်သာ အရောင်း အဝယ်ရှိနေသော်လည်း ပို့ကုန်ပဲများ ဈေးကျဆင်းနေကြောင်း ပဲ ကုန်သည်များထံမှ သိရသည်။

    နိုင်ငံခြားငွေဈေး ကျဆင်း မှုနှင့်အတူ ပို့ကုန်ပဲများ ဈေးကျ ဆင်းနေကြောင်း၊ မြေပဲဆီဆန် နှင့် မြေပဲလုံးဆန်များမှာ ဆီစက် ပိုင်များ ဝယ်ယူမှု နည်းလာတာ ကြောင်း ဈေးအနည်းငယ် ပြန် လည်ကျဆင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည် ဦးကျော်သွင်က ပြော သည်။

    ``သီတင်းကျွတ်ကာလဖြစ် ပေမယ့် ပြည်တွင်း ဒေါ်လာဈေး တည်ငြိမ်တော့ ပို့ကုန်ပဲတွေရော၊ ပြည်တွင်းသုံးပဲတွေရော ပုံမှန် အရောင်းအဝယ်ရှိနေပါတယ်။ ပို့ကုန်ပဲတွေကတော့ ဈေးကျဆင်း နေပါတယ်။ ပြည်တွင်း ဆီစက် တွေက ဆီကြိတ်ခွဲနိုင်မှု နည်းတော့ မြေပဲဆန်ဝယ်ယူမှုနည်း လာတော့ ဈေးအနည်းငယ် ပြန် ကျနေတာပါ။ လက်ရှိ ပဲ၊ နှမ်း ဈေးကွက်ကတော့ ပုံမှန်သာ အရောင်းအဝယ်ရှိပါတယ် ´´ဟု ၎င်းက ပြောသည်။

    စက်တင်ဘာ ၂၄ ရက်တွင် ပို့ကုန်ပဲများတွင် ပဲစင်းငုံနှင့် မတ်ပဲ မှာ ဈေးအနည်းငယ် ကျဆင်းမှု ရှိသော်လည်း ပဲတီစိမ်းမှာ ဝယ် လိုအားကောင်းလာ၍ ဈေးမြင့် တက်လာရာ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ် လျှင် ငွေကျပ် ၂၇၀၀၀၀၊ ပဲတီစိမ်း (အညာ) သုံးတင်းဝင် တစ်အိတ် လျှင် ငွေကျပ် ၃၄၀၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

    ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ် အတက် အကျရှိသော်လည်း အရောင်း အဝယ် ပုံမှန်ရှိနေရာ V2 ကုလား ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀၊ V7 သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၂၂၈၀၀၀၊ ၉၂၉ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၃၂၀၀၀ ပေါက်ဈေးရှိ နေသည်။

    ပြည်တွင်းသုံး ပဲမာလိုင်း များမှာ စက်တင်ဘာ ၂၄ ရက် တွင် ပဲကြီးတစ်အိတ်လျှင် ငွေ ကျပ် ၄၂၀၀၀၀၊ ကျွန်းစားတော် ပဲ(မျိုး) တစ်အိတ်လျှင် ငွေကျပ် ၇၂၀၀၀၀၊ ပဲနီပြာ(ကျွန်း) တစ် အိတ်လျှင် ငွေကျပ် ၅၂၀၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ် လျှင် ငွေကျပ် ၃၇၅၀၀၀ ပေါက် ဈေးရှိနေသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ စက် တင်ဘာ ၂၄ ရက်တွင် နှမ်းနက် သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၇၃၅၀၀၀၊ နှမ်းဖြူ(ဂျပန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေ ကျပ် ၃၁၀၀၀၀၊ နှမ်းဖြူ(ဗမာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀၊ နှမ်းညို သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီ လုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၈၃၀၀၊ မြေပဲဆီ တစ်ပိဿာ လျှင် ငွေကျပ် ၁၅၀၀၀၊ ပဲဖတ် တစ်ပိဿာလျှင် ငွေကျပ် ၅၆၀၀ အသီးသီး ပေါက်ဈေး ရှိနေသည်။

    စက်တင်ဘာလနောက်ပိုင်း ဧရာ၀တီမြစ်၊ ကျွန်းစိုက်ခင်းများ တွင် ပဲမျိုးစုံကို အဓိက စိုက်ပျိုး ကြရာ ယခုအချိန်တွင် ရေစတင် ကျဆင်းနေပြီဖြစ်၍ ဈေးကွက်ဝင် ပဲမျိုးများကို တောင်သူများ ရွေး ချယ်စိုက်ပျိုးကြရာ ဈေးကောင်း ရရှိသည့် ကျွန်းစားတော်ပဲ၊ မြေ ထောက်ပဲ၊ ပဲကြီး၊ ပဲနီပြာတို့ကို စိုက်ပျိုးနိုင်ရန် မျိုးဝယ်ယူမှုများ ရှိနေချိန်ဖြစ်သည်။

    မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းပေါက်ဈေးများမှာ ပစ္စည်း အရည်အသွေးနှင့် ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲများဖြစ်နိုင် သလို ဈေးအတက်အကျကိုလည်း ကုန်သည်ပွဲစားများမှ ထိန်းသိမ်း ကာ သတင်းထုတ်ပြန်မှုများ ကြောင့် နေ့စဉ်ပေါက်ဈေးများ မှာ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

    ရွှေမန်း (မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။)

    ----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
2
comments
0
views
2627