cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း အောက်တိုဘာလ ၁ ရက် မှ အောက်တိုဘာလ ၇ ရက်အထိမိုးလေဝသအခြေအနေ

. Weather News
မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆသည် နေ့လည်နေ့ခင်းအချိန်များတွင် ၆၀% ခန့်ရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထိရှိနိုင်ပါတယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အောက်တိုဘာလ ၁ ရက် နံနက်မှ စတင်ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နိုင်ပါတယ်။ မြောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားရင်း ပိုမိုအားကောင်းလာပြီး အောက်တိုဘာ ၁ ရက်ညပိုင်းမှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ် ဖြစ်လာနိုင်ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ ည မှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။ 

    ·          အောက်တိုဘာ ၃ ရက်နေ့မှာ အရှေ့ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကိုချဉ်းကပ်လာစဉ် ပိုမိုအားကောင်းလာနိုင်ပြီး အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပါတယ်။ 

    ·          အောက်တိုဘာ ၅ ရက် နံနက်ပိုင်းမှာ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်တောင်ဘက်ပင်လယ်ပြင်ကိုရောက်ရှိလာတဲ့ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး အာကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး တရုတ်ပြည်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း Meteoblue: ECMWF-AIFS Model Forecast ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နိုင်မည့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းတို့၏ အရှိန်သက်ရောက်မှုများကြောင့် အောက်တိုဘာလ ၁ ရက် မှ ၇ ရက်အထိ ၇ ရက်(၁၆၈ နာရီ)အတွင်း - 

    o    ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မ အထက်ရှိနိုင်ပြီး နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မအောက်(မိုးအသင့်အတင့်)ရွာသွန်းနိုင်သည့်အတွက် ကချင်ပြည်နယ်မြောက်ပိုင်းမှ မြစ်များ(မေခ+မလိခမြစ်)၊ ရခိုင်ပြည်နယ်မှ တောင်ကြောများရှိမြစ်များနှင့် တနင်္သာရီကမ်းရိုးတန်းတလျှောက်တွင် မိုးများပြီးမြစ်ရေများမြင့်တက်လာနိုင်ပါတယ်။ ရုတ်ချည်းရေကြီးခြင်း(Flash Flood)ကို သတိပြုရပါမယ်။ 

    o    ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်မှ တောင်ကြောများတွင် မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။ 

    o    မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါမယ်။ 

    o    အလယ်ပိုင်းမိုးနည်းရေရှားဒေသများတွင် မိုးအားလျော့ကျနိုင်ပြီး မိုးဖွဲရွာနိုင်ခြင်းတော့ ဆက်ရှိနေနိုင်ပါတယ်။  

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky ကြိုတင်ခန့်မှန်းရေး model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·          အောက်တိုဘာ ၁ ရက် မှ ၇ ရက် အတွင်း မကွေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့တွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ - 

    o    မကွေးမြို့နယ်/ခရိုင် ၁.၂ လက်မ မှ ၂.၁ လက်မ 

    o    မင်းဘူးမြို့နယ်/ခရိုင် ၁.၁ လက်မ မှ ၁.၉ လက်မ 

    o    ပခုက္ကူမြို့နယ်/ခရိုင် ၁.၃ လက်မ မှ ၂.၃ လက်မ 

    o    ဂန့်ဂေါမြို့နယ်/ခရိုင် ၁.၀ လက်မ မှ ၁.၈ လက်မ 

    o    သရက်မြို့နယ်/ခရိုင် ၁.၄ လက်မ မှ ၂.၄ လက်မ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ 

    ·          အောက်တိုဘာလ ၄ ရက်နေ့မှ ရက်သတ္တပါတ်ကုန်ဆုံးသည့် ၇ ရက်နေ့အထိ ခံစားရသည့်အပူချိန်(Feels Like Temperature)၃၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ လေထုစိုထိုင်းဆသည် နေ့လည်နေ့ခင်းအချိန်များတွင် ၆၀% ခန့်ရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်များမှာ ၉၀% အထိရှိနိုင်ပါတယ်။ 

    ·          တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆအများဆုံး ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါမယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI level) 30 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးရောဂါများအကြောင်း အကြံပြုချက်  

    ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း) ကြောင့်ဖြစ်ခြင်း၊ ကန်ရေ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း ၊ ပတ်ဝန်းကျင်အနီးအနားမှ ကူးစပ်ခြင်းကြောင့် ဖြစ်ပါသည်။ 

    ဖြစ်တတ်သော ရောဂါများသည် ဘက်တီး ရီးယားကြောင့်ဖြစ်ခြင်း ၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်ခြင်း ၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့်မှို တို့ကြောင့် ဖြစ်ပါ တယ်။ ဖြစ်တဲ့ရောဂါကိုကြည့်ပြီး ဆေးဝါးများကိုသုံးရပါမည်။ 

    ကပ်ပါးပိုး၊ ဂျိတ်ပိုးများကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အား အခြောက်ခံခြင်းနှင့်ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavin 1g/100L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။ 

    ---------- 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနှင့်ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 


  • article
likes
0
comments
0
views
3568