cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

လူကြိုက်များပြီး ဈေးကွက်ဝင်တဲ့ (ကကတစ်)ငါး တွဲဖက်မွေးမြူခြင်းအကြောင်း

. Fish Articles
ငါးကြင်းအုပ်စုဝင် ငါးနှင့်တွဲဖက် မွေးမြူပါက မွေးမြူထားသော ငါးကြင်အုပ်စုဝင် ငါးသည် အနည်းဆုံး (၃၀)ကျပ်သားအထက်ရှိသောအချိန်မှ ကကတစ်ငါးကို ထည့်သွင်းမွေးမြူပါက ငါးကြင်အုပ်စုဝင်ငါးများ စားသောက်ခံရခြင်းမှ ကင်းဝေးနိုင်ပါ သည်။
  •            မြန်မာလူမျိုးများနှင့် စားသောက်ဆိုင်များတွင် ကကတစ်ငါးသည် လူကြိုက်များပြီးဈေးကွက်ဝင် ငါး တစ်မျိုးဖြစ်ပါသည်။ ကကတစ်ငါးသည် အသားစားအုပ်စုဝင်ငါးမျိူးစိတ်ဖြစ်ပြီး အစာလုံလောက်ခြင်းနှင့်မွေး မြူရေးကန်ကျယ်ဝန်းပါက ကြီးထွားနှုန်းမြန်သော ငါးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ရေမြေသဘာဝအရ ကက တစ်ငါးသားပေါက်များသည် မေလလယ်မှ ဇူလိုင်လအထိ ရေချိုရေငန်စပ်နှင့် ရေချိုပိုင်းဒေသများ၏ ချောင်း ငယ်၊ မြောင်းငယ်နှင့် လယ်ကွင်းပြင်များတွင် ဖမ်းမိစုဆောင်းနိုင်ပါသည်။ သဘာဝရေပြင်တွင် နေထိုင်ခဲ့သော ကကတစ်ငါးများသည် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ၄၅ကျပ်သားမှ ၅၀ကျပ်သားအထိအရွယ် ရောက်ရှိကြပြီး ၊ ချောင်းငယ် မြောင်းငယ် နှင့် လယ်ကွင်းပြင် ရေတိမ်ပိုင်းမှ မြစ်များသို့ ပြောင်းရွေ့နေထိုင်ကြ ပါသည်။

               နှစ်စဉ် မိုးလယ်ကာလများတွင် အဆိုပါချောင်းငယ် မြောင်းငယ် နှင့် လယ်ကွင်ပြင်များတွင် အလေး ချိန်အားဖြင့် (၁၀)ကျပ်သားအရွယ် ကကတစ် ငါးများဖမ်းမိကြပါသည်။ ထို့ကြောင့် အဆိုပါ ကကတစ်ငါးများ ကို တီလားပီယားမွေးမြူထားသော ကန်များနှင့်လည်းကောင်း၊ ငါးကြင်းအုပ်စုဝင်ငါးများနှင့်လည်းကောင်း ရောနှောမွေးမြူနိုင်ပါသည်။ ကကတစ်ငါးသည် အသားစား သတ္တဝါဖြစ်သည့်အတွက် မွေးမြူရာတွင် ကက တစ်ငါးများအတွက် အစာကို ကန်အတွင်း ကြိုတင်မွေးမြူထားရပါမည်။ ငါးကြင်းအုပ်စုဝင် ငါးနှင့်တွဲဖက် မွေးမြူပါက မွေးမြူထားသော ငါးကြင်အုပ်စုဝင် ငါးသည် အနည်းဆုံး (၃၀)ကျပ်သားအထက်ရှိသောအချိန်မှ ကကတစ်ငါးကို ထည့်သွင်းမွေးမြူပါက ငါးကြင်အုပ်စုဝင်ငါးများ စားသောက်ခံရခြင်းမှ ကင်းဝေးနိုင်ပါ သည်။

               ကကတစ်ငါးကို ထည့်သွင်းမွေးမြူလိုပါက၊ သားပေါက်နှုန်းကောင်းသည့် တီလားပီးယားငါး အမ (၁၀၀) ကောင်နှင့် အထီး (၁၀၀)ကို (၄)လခန့် ကြိုတင်မွေးမြူထားပါ။ တီလားပီးယားငါးများ သားပေါက်လာပါက သဘာဝမှ ရရှိသော ကကတစ် ငါး (၃)လက်မ (၄)လက်မ အရွယ် ရွယ်တူငါးများကို ကန်အတွင်း လွတ်ပေးပါ။ ကကတစ်ငါးသည် တီလားပီးယား သားပေါက်များအပြင် ကန်အတွင်းရှိ ငါးရိုင်း များ ပုစွန်စိတ်ကလေးများကို စားသောက်ကြီးထားနိုင်ပါသည်။ မွေးမြူးရေးကာလ (၆)လမှ (၈)လအချိန်တွင် ကကတစ်ငါးတကောင်၏ အလေးချိန်သည် (၅၀)ကျပ်သားအထက် ရရှိနိုင်ပါသည်။ ကကတစ်ငါး၏ ဈေးနှုန်းသည် ငါးကြင်းအုပ်စုဝင် ငါးများ၊ ငါးတန်များထက် ဈေးနှစ်ဆပိုရသဖြင့် တွဲဖက်မွေးမြူပါက ငါးမွေးတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေပါမည်။

    ဦးစန်းအောင်

    ထွက်တိုး

    -------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
8
comments
0
views
2381