cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အာလူးသိုလှောင်နည်းများ

. Post Harvest Management
မျိုးအာလူးသိုလှောင်နည်း(အလင်းရောင်ပျံ့နှံ့စွာဝင်ရောက်မှုရှိသော သိုလှောင်မှု) မျိုးအာလူးများကို ဗန်း (သို့မဟုတ်) စင်များ ပေါ်တွင် အာလူး၃လုံးစာ အလွှာ အမြင့်ဖြင့် လှောင်ထားခြင်းဖြစ်သည်။
  • စိုက်ကွင်းမြေပေါ်တွင် သိုလှောင်ခြင်း

    အာလူးစိုက်ပျိုးထုတ်လုပ်ရာနိုင်ငံအများစုတွင် မြေကြီးပေါ်စုပုံသိုလှောင်ခြင်းကိုအကြံပြုကြသည်။ ဤနည်းစနစ်သည် ကုန်ကျစရိတ် သက်သာသည်။

    အာလူးပုံပေါ်တွင် ကောက်ရိုးနှင့်ပလတ်စတစ်စများကိုလေမိုးဒဏ်ခံ နိုင်စေရန် အာလူးပုံ လေဝင်လေထွက်ကောင်းသော အာလူးအပုံအောက်ခြေထိ လုံခြုံစွာ ဖုံးအုပ်

    ထားရမည် ဖြစ်ပြီး လေဝင်လေထွက် ကောင်းစေရန် သစ်သားချောင်းများကို လေထွက်ပြွန်သဖွယ် အာလူးပုံအထက်နှင့်အောက်ခြေတွင် ထည့်ပေးရပါမည်။  

    အရိပ်ရသော နေရာတစ်နေရာတွင် ကောက် ရိုးများ ခင်းကာ အာလူးများပုံပြီးနောက် အာလူးပုံ၏ အပေါ်တွင် ငှက်ပျောရွက်များ ဖုံးအုပ်၍ သိုလှောင်ခြင်း ဖြစ်သည်။ ၂-၃ပတ်သာ သိုလှောင်သင့်သည်။ဤနည်းစနစ်သည် ... အာလူးမှိုဝင်ခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။ 

    မြေတွင်းတူးသိုလှောင်ခြင်း 

    အနက်အားဖြင့် ၁ပေ မှ ၂ပေ (၃၁- ၆၁စင်တီမီတာ) သာ တူးရန် လိုအပ်သည်။ မြေတွင်း အကျယ်မှာ သိုလှောင်မည့်အာလူးပမာဏပေါ် မူတည်သည်။

    တွင်း၏ အောက်ခြေတွင် ၃လက်မအထူ သန့်ရှင်း ခြောက်သွေ့သော ကောက်ရိုးများ ဖုံးအုပ်ပေးရမည်။

    တွင်းတစ်တွင်းတွင် ၄၅ ပိဿာခန့် (၇၀ကီလိုဂရမ်) သာ အများဆုံး သိုလှောင် သင့်သည်။

    အာလူးပုံထိပ်ဆုံးတွင် ကောက်ရိုးတစ်လွှာ မြေတစ်လွှာဖုံးအုပ်ပါ။ ထိုသို့နောက်ထပ် တစ်ခါ ပြုလုပ်ပါ။ (စုစုပေါင်း လေးလွှာရှိရမည်) သိုလှောင်နိုင်မှုကာလမှာ ၄၅ရက်မှ ၇၀ရက်ထိ ဖြစ်သည်။

     စုပုံ၍သိုလှောင်ခြင်း

    အာလူးများကို ကောင်းစွာ အရိပ်ရသောနေရာ (သို့မဟုတ်) အမိုးအကာ အောက်တွင် သိုလှောင်ခြင်း ဖြစ်သည်။

    အာလူး အပုံအမြင့်မှာ ၃-၄ပေ မြင့်ပြီး အပေါ်တွင် ကောက်ရိုး/ အရွက် စသည် တို့ကို ၅-၁၀လက်မအထူဖုံးအုပ်ထားသည်။

    သိုလှောင်မှုကာလမှာ ၃၀-၄၅ရက်ထိဖြစ်သည်။

    မျိုးအာလူးသိုလှောင်နည်း(အလင်းရောင်ပျံ့နှံ့စွာဝင်ရောက်မှုရှိသော သိုလှောင်မှု)

    မျိုးအာလူးများကို ဗန်း (သို့မဟုတ်) စင်များ ပေါ်တွင် အာလူး၃လုံးစာ အလွှာ အမြင့်ဖြင့် လှောင်ထားခြင်းဖြစ်သည်။

    အာလူးမှိုဝင်ခြင်းများနှင့် ဗိုင်းရပ်ဝင်ခြင်း မရှိစေရန် ပျပိုးများမဝင်ရောက်နိုင်သည့်ဇကာ (net)များ တပ်ဆင်ရန်လိုအပ်သည်။ ဇကာကွက် အချင်း

    (diameter)သည် ၀.၇၅ မီလီမီတာ ရှိသော ဇကာကို သုံး ရမည်ဖြစ်သည်။ အာလူး အမျိုးအစားနှင့် ပြင်ပအပူချိန်ပေါ် မူတည်၍ မျိုးအာလူးများကို ၅လခန့် အထိ သိုလှောင်နိုင်သည်။ ပြင်ပအပူချိန် နည်းလေလေ မျိုးများကို ကြာကြာသိုလှောင်နိုင်လေဖြစ်သည်။ သိုလှောင်ခန်းအတွင်း အာလူးအများစုတွင် အာလူးထိပ်ပိုင်း အညှောင့်ပေါက်မှု ဖြစ်ပေါ်လာပါက ပထမဆုံး အညှောင့်ကို ဖယ်ရှားရန်လိုအပ်သည်။ သို့မှသာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ချို့ယွင်းမှု နည်းပါး စေမည်ဖြစ်သည်။ သိုလှောင်ခန်းအား ... အနည်းဆုံး ၁ပတ် ၁ခါစစ်ဆေးသင့်သည်။ ဤသိုလှောင်နည်းသည် တနိုင်တပိုင် တောင်သူများအတွက်သာသင့်တော်ပြီး တောင်သူကြီးများ အတွက်အပူချိန်ထိန်းချုပ်ခန်းများကို လိုအပ်သည်။တစ်ခါတစ်ရံတွင် မျိုးများကို တစ်နှစ်ကြာထိသိုလှောင်ရန် လိုအပ်သည့်အခါ အအေးပေးသိုလှောင်ရန် လိုအပ်သည်။သိုလှောင်ခန်းများတွင် အပူချိန်နှင့် စိုထိုင်းဆကို ကောင်းစွာထိန်းချုပ်ရန် နှင့် လေဝင်လေထွက်ကောင်းစွာရှိရန် အရေးကြီးသည်။

    Fresh Studio Myanmar/EAT VEG မှ ကူးယူဖော်ပြပါသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။



  • article
likes
7
comments
0
views
1497