cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မတ်ပဲ၊ ပဲတီစိမ်း ဆေးဖျန်းပေမယ့် ကွက်ကြားသေတုန်းဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ.....

. Soil Management
မြေအများစုမှာ မြေချဥ်ငံကိန်း ၅ အောက် ရောက်ရှိကာ မြေချဥ်များဖြစ်လာကြပြီး ချဥ်လာသည်နှင့်အမျှ မြေကြီးထဲတွင် ရှိနှင့်ပြီးသား ဖြစ်သော မြေဆောင်မှိုရောဂါ (Soil borne diseases) တွေကို ပိုမိုပွားများလာစေပါသည်။
  • မြန်မာနိုင်ငံ အောက်ပိုင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း ဒေသများရှိ မတ်ပဲနှင့် ပဲတီစိမ်းစိုက်ပျိုးကြသော တောင်သူဦးကြီးများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုးခြောက်ပြီး အကွက်လိုက် သေသွားသည့်ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ ထို့အတွက် မျိုးစေ့နှုန်းထားမှာ  ပုံမှန်းနှုန်းထားထက် တစ်ဧကလျှင် တစ်တင်းအထက်အထိ အသုံးပြုလာကြရပါသည်။ ပင်ပြ လက္ခဏာမှာ စိုက်ပျိုးပြီး ၁၅-၂၀ ရက်သား ရောက်သည့်အချိန်တွင် အရွက်များ စတင်ဝါလာပြီး အောက်ရွက်များခြောက်ကာ တဖြည်းဖြည်း အကွက်လိုက်သေကုန်ကြပါသည်။ 

    ပဲပင်များ ကွက်ကြားသေခြင်းကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းများမှာ Soil pH ဟုခေါ်သော မြေချဥ်ငံဓာတ်နှင့်သက်ဆိုင်ပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းမှ မြေအများစုမှာ မြေချဥ်ငံကိန်း ၅ အောက် ရောက်ရှိကာ မြေချဥ်များဖြစ်လာကြပြီး ချဥ်လာသည်နှင့်အမျှ မြေကြီးထဲတွင် ရှိနှင့်ပြီးသား ဖြစ်သော  မြေဆောင်မှိုရောဂါ (Soil borne diseases) တွေကို ပိုမိုပွားများလာစေပါသည်။ မြေချဉ်လာပါက မြေကြီးထဲရှိ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ် စသော အာဟာရဓာတ် များကို အပင်မှစုပ်ယူစားသုံးနိုင် ခြင်းမရှိအောင် ထိန်းချုပ်ခြင်းကိုလည်း ခံထားရပါသည်။ အာဟာရ ဓာတ်များ ချို့တဲ့လာသည့်အပြင် မြေဆောင်ရောဂါပိုးများ အားကောင်းလာခြင်းကြောင့် ပဲပင်များ ကွက်ကြားသေခြင်းကိုဖြစ်ပေါ်လာစေပါသည်။ မြေဆောင်ရောဂါများမှာ မှိုသတ်ဆေးများ ပက်ဖျန်း ရုံဖြင့် ထိရောက်စွာကာကွယ်နိုင်ခြင်းမရှိပါ။ မြေကြီးကျန်းမာမှ အပင်ကျန်းမာပြီး ရောဂါပိုးမွှားဒဏ်များ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့တောင်သူဦးကြီးအများစုမှာ အပင်ကိုသာ ကာကွယ် ကုသနေပြီး မြေကြီးအတွက်အားဖြည့်ကုသပေးရန် မေ့လျော့နေကြသည်မှာ နှစ်အတော်ကြာလာပြီ ဖြစ်တဲ့အတွက် မြေဆောင်ရောဂါပိုးမွှားများ အင်အားကြီးလာရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်း မြေဆောင် ရောဂါပိုးမွှားများဒဏ်မှ ကာကွယ်နိုင်စေရန် လုပ်ဆောင်ရမည့်အချက်များမှာ - 

    • အကျိုးပြုအဏုဇီဝ သက်ရှိများစွာ ပါဝင်သော သဘာဝမြေဆွေးများကို ထည့်နိုင်သမျှ ထည့်ပေးပါ။ 
    •  မြေချဥ်သက်သာစေရန် ဂျစ်ပ်ဆန်ကျောက်မှုန့် ၁ ဧက လျှင် ၂၅ ကီလို ၁၅-၂၀ အိတ်နှုန်းထားဖြင့်  ၃ နှစ်ဆက်တိုက်ထည့်ပေးပါ။ 
    •  မြေပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေး ညက်ညက် ပြုပြင်ပေးပါ။ 
    • စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များရွေးချယ် အသုံးပြုပေးပါ။ 
    • အကျိုးပြုအဏုဇီဝသက်ရှိများဖြစ်သော ထရိုင်ကိုဒါးမား သို့မဟုတ် ရိုင်ဇိုဘီယံ တို့ဖြင့် လူးနယ် စိုက်ပျိုးခြင်း၊ မြေကြီးထဲသို့ ထည့်သွင်းခြင်းများ ပြုလုပ်ပေးပါ။ 
    • ဓာတုဆေးသုံးလိုပါက မစိုက်ပျိုးမီ မျိုးစေ့များကို မှိုသတ်ဆေးဖြင့် လူးနယ်၍ စိုက်ပျိုးပေးပါ။ 
    • ဓာတ်မြေဩဇာများနှင့် ပေါင်းသတ်ဆေးအများစုမှာ မြေချဥ်ငံကိန်းကို နိမ့်စေကာ မြေကြီးကို ပိုမိုပျက်စီးစေသည့်အတွက် ဓာတ်ကြွင်းအာနိသင်များ လျော့ပါးစေရန် ဓာတုသီးသန့် မသုံးပဲ အီးအမ်ဘိုကာရှီကဲ့သို့ သဘာဝမြေဩဇာများနှင့် မျှ၍သုံးပေးပါ။ 

    လေးစားရပါသောတောင်သူဦးကြီးများအတွက် ပဲပင်ကွက်ကြားသေဆုံးခြင်းအား ကာကွယ်နိုင်ပြီး ပဲအထွက်တိုးစေရန် ရည်ရွယ်၍ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
11
comments
1
views
2891