cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေအောက်ရတနာတစ်ပါး ဟု တင်စားခေါ်ဝေါ်ထိုက်သော ပီလောပီနံ

. Health Articles
နွေးထွေးစိုစွတ်သော ရာသီဥတုရှိသည့် ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော ပီလောပီနံ (Cassava) သည် ကမ္ဘာ့လူဦးရေ သန်းရာပေါင်းများစွာအတွက် အရေးပါသော အစာရေစာရင်းမြစ်တစ်ခု ဖြစ်ပါသည်။
  • article
  • ရုက္ခဗေဒအမည်အားဖြင့် Manihot esculenta ဟု ခေါ်ဆိုပြီး Euphorbiaceae မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်သည့် ပီလောပီနံသည် အဓိကအားဖြင့် ၎င်း၏ မြေအောက်ဥများကို စားသုံးရန်အတွက် စိုက်ပျိုးကြပါသည်။ အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတိုက်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ဆင်းရဲနွမ်းပါးသော ဒေသများ၏ အဓိက အာဟာရနှင့် စီးပွားရေးရင်းမြစ်တစ်ခုလည်း ဖြစ်သည်။ 

    ပီလောပီနံသည် သီးနှံအများစု မဖြစ်ထွန်းနိုင်သည့် မြေဆီလွှာ ညံ့ဖျင်းသော ဒေသများနှင့် မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိသည့်အတွက် ဆင်းရဲသော တောင်သူလယ်သမား များအတွက် ယုံကြည်စိတ်ချရသော သီးနှံတစ်ခု ဖြစ်ပါသည်။ မျိုးဥများကို မြေကြီးထဲသို့ တိုက်ရိုက် စိုက်ပျိုးခြင်းဖြင့် အလွယ်တကူ ပျံ့ပွားနိုင်ပြီး ရိတ်သိမ်းရန် ၈ လမှ ၂၄ လအထိ ကြာမြင့်တတ်ပါသည်။ 

    မြန်မာနိုင်ငံတွင် ပီလောပီနံ (Cassava/Tapioca) ကို အဓိကအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ တွင် စိုက်ပျိုး ထုတ်လုပ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ရာသီဥတုနှင့် မြေဆီလွှာ ကိုက်ညီခြင်းကြောင့် စိုက်ပျိုးဖြစ်ထွန်းမှု ကောင်းမွန်ပါသည်။   

    ပီလောပီနံဥများသည် ကာဘိုဟိုက်ဒရိတ် (Carbohydrates) ကြွယ်ဝသော အရင်း အမြစ်တစ်ခုဖြစ်ပြီး ကယ်လိုရီဓာတ်ကို များစွာပေးစွမ်းနိုင်သည်။ ဗီတာမင်စီ (Vitamin C)၊ သီယာမင်း (Thiamine)၊ ရိုင်ဘိုဖလေဗင် (Riboflavin) နှင့် နိုင်ယာစင် (Niacin) ကဲ့သို့သော ဗီတာမင်များနှင့် ကယ်လ်စီယမ် (Calcium)၊ ဖော့စ်ဖရပ်စ် (Phosphorus) နှင့် ပိုတက်စီယမ် (Potassium) ကဲ့သို့သော သတ္တုဓာတ်များလည်း ပါဝင်သည်။ သို့သော် ပရိုတင်း (Protein) ဓာတ်နည်းပါးသောကြောင့် အခြား ပရိုတင်းကြွယ်ဝသည့် အစားအစာများနှင့် တွဲဖက်စားသုံးရန် လိုအပ်ပါသည်။  

    ပီလောပီနံကို နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးနိုင်ပါသည်။ ဥများကို ပြုတ်ခြင်း၊ ကြော်ခြင်း၊ ဖုတ်ခြင်းတို့အပြင် အမှုန့်ပြုလုပ်ကာ မုန့်ဖုတ်ရာတွင်လည်း အသုံးပြုကြသည်။ ပီလောပီနံစားသုံးရာမှ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မပါစေဖို့ ကာကွယ်ပေးနိုင်မှာပါ။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်  သွေးကြောနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် K ပါဝင်နေတာက အရိုးတွေကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ စိတ်ကိုပါ ကျန်းမာစေပါတယ်။ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတာကြောင့် အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အထူးသတိပြုရမည့်အချက်မှာ ပီလောပီနံကို သံပုရာသီး အပါအဝင် အချဉ်ကဲတာတွေနဲ့ တွဲဖက်စားတာမျိုး မလုပ်ပါနဲ့။ 

    ထို့ကြောင့် ပီလောပီနံသည် မြန်မာနိုင်ငံအတွက် စီးပွားရေး အလားအလာကောင်းများ ပေးစွမ်းနိုင်သည့်  သီးနှံတစ်ခု ဖြစ်သည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြေအောက်ရတနာတစ်ပါးပင် ဖြစ်ပါသည်။ 

    DOCA (Yangon) နှင့် Hello ဆရာဝန် ဆောင်းပါးများမှ ကူးယူဖော်ပြသည်။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


likes
12
comments
0
views
2891