cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီတင်းကျွတ်ကာလ ခရမ်းချဉ်သီးစျေးများ ကျဆင်းလာ

. Market News
လက်ရှိစျေးကွက်တွင် ခရမ်းချဉ်သီး စျေးများကျဆင်းလာပြီး ထပ်မံကျဆင်းလာနိုင်ကြောင်း တောင်သူများ နှင့် ကုန်သည်များက သုံးသပ်ထားပါသည်။
  • ခရမ်းချဉ်သီးစျေးမှာ ယခင်က ထိုင်းနိုင်ငံဘက်မှ ခရမ်းချဉ်သီးမပေါ်သေး၍ 

    အဝယ်ဆွဲကာ စျေးတက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပစ္စည်းအဝင်များပြီး အရောင်းအဝယ်ပါးသည့်အတွက် စျေးများ တဖြည်းဖြည်းကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။

    “ခရမ်းချဉ်သီးစျေးက တဖြည်းဖြည်း ကျလာတယ်။ အခုတော့ တက်စရာအခြေအနေ မမြင်သေးဘူး။ ဒါပေမဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလမှ ထွက်မဲ့ အသီးတွေမှာတော့ စျေးရနိုင်ပါတယ်။ ကျန်တဲ့ ကုန်စိမ်း တချို့လဲ စျေးတွေ ကျနေတယ်။ “ ဟု ရှမ်းပြည် အောင်ပန်းမြို့ မှ ကုန်သည်တစ်ဉီးကပြောသည်။

    ယခင်စျေးကွက်တွင် ခရမ်းချဉ်ဂွတ်သီးတစ်ပိဿာလျှင် ၂၄၀၀ ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ ခရမ်းချဉ် အသေးသီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိတွင် ခရမ်းချဉ်ဂွတ်သီး တစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ ခရမ်းချဉ် ရှယ်သီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ 

    ခရမ်းချဉ်အသေးသီး တစ်ပိဿာ လျှင် ၁၃၀၀ ကျပ်ထိ ကျဆင်းသွားကြောင်း ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ဒိုင်များထံမှ သိရပါသည်။

    အချို့ တောင်သူများအနေဖြင့် စျေးမရရှိသော်လည်း မြေဩဇာများ စျေးကြီးနေပြီး ရေကြီး ရေလျှံမှုများ ရှိနေသည့်အတွက် အခင်းလိုက် ဂရုမစိုက်နိုင်ဘဲ ပစ်ထားရသည့် အခြေအနေများလည်းရှိကြောင်း သိရသည်။ 

    လက်ရှိ မိုးကြီး၍ ရေကြီးကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သည်ရေးများ ၊ အဆက်အသွယ်များ ပြတ်တောက် လျက်ရှိ၍ ရပ်နားထားရကြောင်း လည်း သိရသည် ။

    “အခုစျေးကျနေပေမဲ့ ၁၀လပိုင်း နဲ့ ၁၁လပိုင်းမှာ ခူးမဲ့ အသီးတွေရှိသေးတယ်။ အဲ့ချိန်ကျရင် စျေး ပြန်ရမလားဆိုပြီး မျှော်လင်းချက်လေးတွေ နဲ့တောင်သူတွေမှာ မစိုက်ချင်ပဲ စိုက်နေရတယ်။ တောင်သူတွေ က ရှုံးတာများတယ်။ ပုတ်ကုန်ဖြစ်နေတော့ ပိုဆိုးတယ်။ ကြာကြာလဲ မလှောင်နိုင်ဘူး။ အခု ရေကြီးနေတော့ လမ်းပိုင်း ဆက်သွယ်မကောင်းတော့ ရောင်းအားတွေကျတယ်” ဟု ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦး ကပြောသည်။

    ယခုနှစ်ပိုင်းအတွင်း မိုးများသည့်အတွက် ပျက်စီးကုန်ပြီး ခရမ်းချဥ်စိုက်တောင်သူများ အရှုံးများနေကြောင်းလည်း သိရသည်။


    မြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနေခြင်းကြောင့် ဝယ်လိုအားနည်းပြီး ငရုတ် အပါအဝင် ကုန်စိမ်းအချို့လည်း စျေးများ ကျဆင်းနေကြောင်းလည်း သိရသည်။


    ရှမ်းပြည်နယ်တွင် အဓိက စိုက်ပျိုးဒေသများက ပြိုင်ဆိုင်စိုက်ပျိုးခဲ့တာကြောင့် ယခုနှစ်မှာ အထွက်နှုန်းတိုး ခဲ့ကာ အရောင်းအဝယ်မမျှခဲ့သည့်အတွက် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အင်းလေး မြို့ ခံများထံမှ သိရပါသည်။

    ဖိုးချဲ(AMIA)

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
1853