ဧရာဝတီတိုင်း အောက်တိုဘာလ ၂ ရက် မှ အောက်တိုဘာလ ၈ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေ - · ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် စက်တင်ဘာ ၃၀ ရက်နေ့ည ၁၈၃၀ နာရီတွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ ၁ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well-Marked LPA)ဖြစ်လာပါတယ်။ Well Marked LPA မှ ပိုမိုအားကောင်းလာနိုင်ပြီး Depression(မုန်တိုင်းငယ်အဆင့်)သို့ ရောက်ရှိလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ယနေ့ထုတ်ပြန်ထားပါတယ်။ - · အပြည်ပြည်ဆိုင်ရာမုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့များမှ JTWC က အောက်တိုဘာလ ၁ ရက် ည ပိုင်းတွင် လေတိုက်နှုန်း 35 knots, ဗဟိုဖိအား 997 hPa, Cyclonic Storm – CS အဆင့်သို့ရောက်ရှိလာနိုင်ပြီး Cyclonic Storm 01Bဟု အမည်ပေးထားပါတယ်။ - တောင်တရုတ်ပင်လယ်ဘက်မှ ထူးခြားမိုးလေဝသအခြေအနေ - · အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် (ဖိလစ်ပိုင်အမည် PAOLO – 27W)သည် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်း(Tropical Depression – TD) ဖြစ်လာပြီး၊ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာကာ၊ ဖိလစ်ပိုင်မြို့တော် မနီလာ၏ အရှေ့ဘက် မိုင် ၅၀၀ ခန့်အကွာသို့ ရောက်လာကာ အနောက်မြောက်ဘက် - ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်ပါမယ်။ - · အောက်တိုဘာ ၃ ရက် နံနက်တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm – SS) အဖြစ် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ အောက်တိုဘာ ၃ ရက် ညတွင် တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိလာနိုင်ပါမယ်။ - · အောက်တိုဘာ ၄ ရက်ည မှာ အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း JTWC မှ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ - ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက် - · အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းအတွင်းမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မ မကျော်နိုင်၊ မိုးအနည်းငယ်မှ အသင့်အတင့်သာရွာနိုင်ပြီး မိုးအားလျော့နေနိုင်ပါမယ်။ - · ငပုတောမြို့နယ်မှာ အနည်းဆုံးမိုးရေချိန် ၁.၂၅ လက်မ(32mm) နှင့် မအူပင်/ညောင်တုန်းမြို့နယ်များတွင် အများဆုံးမိုးရေချိန် ၃.၄၄ လက်မ(87mm) ရွာသွန်းရရှိနိုင်ပြီး၊ - · ဧရာဝတီတိုင်းမြောက်ပိုင်း အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တွေမှာ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မဝန်းကျင်ခန့်သာရှိနိုင်ပါတယ်။ - · မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဘိုကလေး မြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန်အများဆုံး ဖြစ်နိုင်ပြီး၊ မြေနိမ့်ပိုင်းနှင့် ချောင်း/မြစ်ကမ်းဘေး မြို့ရွာများနှင့် လယ်ကွင်းများတွင် ရေကြီးနိုင်ချေများပါတယ်။ - · ဧရာဝတီတိုင်းအလယ်ပိုင်း ဟင်္သာတမြို့နှင့် မအူပင်မြို့ကြား၊ ရန်ကုန်တိုင်းနှင့်ထိစပ်သောအရှေ့ပိုင်းမြို့နယ်များတွင် မိုးသက်လေပြင်းကျပြီး မိုးထစ်ချုန်းရွာသွန်းခြင်း၊ နေရာကွက်၍ မိုးသည်းထန်နိုင်ခြင်းတို့ပိုများနိုင်ပါတယ်။ - · လယ်ကွင်း/စိုက်ပျိုးမြေများတွင်ရေဝပ်ပြီး ရေလွှမ်းနိုင်သဖြင့် ရိတ်သိမ်းချိန်နှင့် စိုက်ပျိုးပင်အသစ်များအတွက် ပျိုးကြဲ/ပျိုးထောင်ချိန်ကို နှောင့်နှေးစေနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ - · ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။ - · ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနေနိင်ပါတယ်။ - · လေထုညစ်ညမ်းမှုအခြေအနေ(AQI value)က အများဆုံး ၂၅ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ - ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃ ပေ မှ ၆ ပေခန့်အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါးရောဂါများအကြောင်း အကြံပြုချက် - ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း) ကြောင့်ဖြစ်ခြင်း၊ ကန်ရေ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း ၊ ပတ်ဝန်းကျင်အနီးအနားမှ ကူးစပ်ခြင်းကြောင့် ဖြစ်ပါသည်။ - ဖြစ်တတ်သော ရောဂါများသည် ဘက်တီး ရီးယားကြောင့်ဖြစ်ခြင်း ၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်ခြင်း ၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့်မှို တို့ကြောင့် ဖြစ်ပါ တယ်။ ဖြစ်တဲ့ရောဂါကိုကြည့်ပြီး ဆေးဝါးများကိုသုံးရပါမည်။ - ကပ်ပါးပိုး၊ ဂျိတ်ပိုးများကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အား အခြောက်ခံခြင်းနှင့်ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavin 1g/100L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။ - ---------- - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနှင့်ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
