cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း အောက်တိုဘာလ ၂ ရက် မှ အောက်တိုဘာလ ၈ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဘိုကလေး မြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန်အများဆုံး ဖြစ်နိုင်ပြီး၊ မြေနိမ့်ပိုင်းနှင့် ချောင်း/မြစ်ကမ်းဘေး မြို့ရွာများနှင့် လယ်ကွင်းများတွင် ရေကြီးနိုင်ချေများပါတယ်။
  • ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် စက်တင်ဘာ ၃၀ ရက်နေ့ည ၁၈၃၀ နာရီတွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာလ ၁ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well-Marked LPA)ဖြစ်လာပါတယ်။ Well Marked LPA မှ ပိုမိုအားကောင်းလာနိုင်ပြီး Depression(မုန်တိုင်းငယ်အဆင့်)သို့ ရောက်ရှိလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ယနေ့ထုတ်ပြန်ထားပါတယ်။ 

    ·          အပြည်ပြည်ဆိုင်ရာမုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့များမှ JTWC က အောက်တိုဘာလ ၁ ရက် ည ပိုင်းတွင် လေတိုက်နှုန်း 35 knots, ဗဟိုဖိအား 997 hPa, Cyclonic Storm – CS အဆင့်သို့ရောက်ရှိလာနိုင်ပြီး Cyclonic Storm 01Bဟု အမည်ပေးထားပါတယ်။ 

    တောင်တရုတ်ပင်လယ်ဘက်မှ ထူးခြားမိုးလေဝသအခြေအနေ 

    ·          အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် (ဖိလစ်ပိုင်အမည် PAOLO – 27W)သည် အောက်တိုဘာ ၁ ရက် ညပိုင်းတွင် အပူပိုင်းလေဖိအားနည်းရပ်ဝန်း(Tropical Depression – TD) ဖြစ်လာပြီး၊ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)ဖြစ်လာကာ၊ ဖိလစ်ပိုင်မြို့တော် မနီလာ၏ အရှေ့ဘက် မိုင် ၅၀၀ ခန့်အကွာသို့ ရောက်လာကာ အနောက်မြောက်ဘက် - ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနိုင်ပါမယ်။ 

    ·          အောက်တိုဘာ ၃ ရက် နံနက်တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm – SS) အဖြစ် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ အောက်တိုဘာ ၃ ရက် ညတွင် တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိလာနိုင်ပါမယ်။ 

    ·          အောက်တိုဘာ ၄ ရက်ည မှာ အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း JTWC မှ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ 

    ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေ ကြိုတင်ခန့်မှန်းချက် 

    ·          အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ ဧရာဝတီတိုင်းအတွင်းမှာ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မ မကျော်နိုင်၊ မိုးအနည်းငယ်မှ အသင့်အတင့်သာရွာနိုင်ပြီး မိုးအားလျော့နေနိုင်ပါမယ်။ 

    ·          ငပုတောမြို့နယ်မှာ အနည်းဆုံးမိုးရေချိန် ၁.၂၅ လက်မ(32mm) နှင့် မအူပင်/ညောင်တုန်းမြို့နယ်များတွင် အများဆုံးမိုးရေချိန် ၃.၄၄ လက်မ(87mm) ရွာသွန်းရရှိနိုင်ပြီး၊ 

    ·          ဧရာဝတီတိုင်းမြောက်ပိုင်း အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တွေမှာ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မဝန်းကျင်ခန့်သာရှိနိုင်ပါတယ်။ 

    ·          မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဘိုကလေး မြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန်အများဆုံး ဖြစ်နိုင်ပြီး၊ မြေနိမ့်ပိုင်းနှင့် ချောင်း/မြစ်ကမ်းဘေး မြို့ရွာများနှင့် လယ်ကွင်းများတွင် ရေကြီးနိုင်ချေများပါတယ်။ 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်း ဟင်္သာတမြို့နှင့် မအူပင်မြို့ကြား၊ ရန်ကုန်တိုင်းနှင့်ထိစပ်သောအရှေ့ပိုင်းမြို့နယ်များတွင် မိုးသက်လေပြင်းကျပြီး မိုးထစ်ချုန်းရွာသွန်းခြင်း၊ နေရာကွက်၍ မိုးသည်းထန်နိုင်ခြင်းတို့ပိုများနိုင်ပါတယ်။ 

    ·          လယ်ကွင်း/စိုက်ပျိုးမြေများတွင်ရေဝပ်ပြီး ရေလွှမ်းနိုင်သဖြင့် ရိတ်သိမ်းချိန်နှင့် စိုက်ပျိုးပင်အသစ်များအတွက် ပျိုးကြဲ/ပျိုးထောင်ချိန်ကို နှောင့်နှေးစေနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ 

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၈၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနေနိင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ(AQI value)က အများဆုံး ၂၅ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ 

    ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃ ပေ မှ ၆ ပေခန့်အထိ ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက်တောင်သူများထံသို့ ..... 

    ငရုတ် ခါးရိရောဂါကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • ငရုတ်ခါးရိမှိုကျရောက်ပါက အပင်ငယ်ပေါက်လာပြီးနောက် ညှိုး၍သေဆုံးခြင်း၊ ပင်စည်ပျော့ပုပ်ခြင်းတို့ကိုတွေ့ရတတ်ပါတယ်။ 
    • ပျိုးဘောင်၊ ပျိုးခင်း၊ စိုက်ခင်း အစိုဓာတ်များခြင်း၊ ညအပူချိန်မြင့်ခြင်း၊ မြေကြပ်ခြင်း၊ မြေဆွေးပါဝင်မှုနည်းခြင်း၊ အရိပ်ကျခြင်း၊ ပျိုးပင်အရေအတွက်စိပ်ခြင်း၊ ရေနစ်မြုပ်ခြင်း စသောအခြေအနေများတွင် ရောဂါပြန့်ပွားမှုကို ပိုမိုအားပေးပါတယ်။ 
    • ကာကွယ်နှိမ်နင်းနည်းအနေဖြင့် စိုက်ခင်းတွင် သဘာဝမြေဆွေးထည့်သွင်းပြုပြင်ပါ။ 
    • ပိုတက်စီယမ်(K) အဓိကပါဝင်သောမြေဩဇာကို မြေခံထည့်သွင်းပါ။ 
    • နိုက်ထရိုဂျင်မြေဩဇာ(N) အလွန်အကျွံထည့်ခြင်းရှောင်ပါ။ 
    • မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုလိုပါက - Thiram 2.5g/kg နှုန်းထားဖြင့်သုံးနိုင်ပါတယ်။ 
    • အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ- Thiophanate methyl, Dimethomorph, Propamocarb hydrochloride, Iprodione, Trifloxystrobin  

    ငါးရောဂါများအကြောင်း အကြံပြုချက်  

    ငါးများရောဂါကျရောက်ခြင်းသည် လက်ခံကောင် (ငါးမှပါလာခြင်း) ကြောင့်ဖြစ်ခြင်း၊ ကန်ရေ အရည်အသွေးညံ့ဖျင်းခြင်းကြောင့် ကျရောက်ခြင်း၊ အစာမလတ်ဆတ်ခြင်းကြောင့် ကျရောက်ခြင်း ၊ ပတ်ဝန်းကျင်အနီးအနားမှ ကူးစပ်ခြင်းကြောင့် ဖြစ်ပါသည်။  

    ဖြစ်တတ်သော ရောဂါများသည် ဘက်တီး ရီးယားကြောင့်ဖြစ်ခြင်း ၊ဗိုင်းရပ်ပိုးကြောင့်ဖြစ်ခြင်း ၊ကပ်ပါးကောင်ကြောင့်ဖြစ်ခြင်းနှင့်မှို တို့ကြောင့် ဖြစ်ပါ တယ်။ ဖြစ်တဲ့ရောဂါကိုကြည့်ပြီး ဆေးဝါးများကိုသုံးရပါမည်။ 

    ကပ်ပါးပိုး၊ ဂျိတ်ပိုးများကျရောက်ပါက ငါးငယ်စဉ်တွင် (၃.၅%) ဆားရည်စိမ်ပေးပါ။ ကန်အား အခြောက်ခံခြင်းနှင့်ထုံးပက်ခြင်းကို လုပ်ပေးပါ။ ရောဂါကျရောက်ပါက Acriflavin 1g/100L နှုန်းဖြင့် စိမ်ပေးခြင်းဖြင့် ကုသနိုင်ပါသည်။ 

    ---------- 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနှင့်ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 


  • article
likes
6
comments
0
views
3361