မိုးနှောင်းကာလ မိုးလေဝသသုံးသပ်ချက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)⛈⛈
 
- ကြိုတင်သုံးသပ်ကြည့်လျှင် - - #အောက်တိုဘာလတွင် ချင်းပြည်နယ် မင်းတပ်နှင့် ဖလမ်း၊ မွန်ပြည်နယ်အောက်ပိုင်း၊ ကရင်ပြည်နယ်အောက်ပိုင်း၊ တနင်္သာရီတိုင်းတို့တွင် မိုးများနိုင်ပါတယ်။ - ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် - ဗူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်များ၊ မန္တလေးတိုင်း ကျောက်ဆည်၊ မြင်းခြံမြို့နယ်များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် ပုံမှန်မိုးရေချိန်မှ မိုးအနည်းငယ်များနိုင်ပါသည်။ - ကျန်ပြည်နယ်နှင့်တိုင်းများတွင် ပုံမှန်မိုးရေချိန်မှ မိုးလျော့သွားနိုင်ပါသည်။ - ရခိုင်ပြည်နယ် - စစ်တွေ၊ ဗူးသီးတောင်၊ မောင်တော၊ တနင်္သာရီတိုင်း - ကော့သောင်းမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်တို့တွင် တစ်လအတွင်း ပျမ်းမျှမိုးရေချိန် ၁၁ လက်မကျော် ရရှိနိုင်ပါသည်။ - မြိတ်၊ မြောင်းမြ၊ ပခုက္ကူ၊ ဖလမ်း၊ တောင်ကြီး၊ သံတွဲမြို့နယ်တို့တွင် ပျမ်းမျှမိုးရေချိန် ၈လက်မဝန်းကျင် ရရှိနိုင်ပါသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် မိုးရေချိန် ၈ လက်မအောက်သာ ရွာသွန်းနိုင်ပါသည်။ စစ်ကိုင်းမြို့တွင် ၅ လက်မအောက်သာ ရရှိနိုင်ပါသည်။ - #နိုဝင်ဘာလတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း - ကလေး၊ မုံရွာမြို့၊ မော်လိုက်မြို့နယ်တို့တွင် ပျမ်းမျှအားဖြင့် ပုံမှန်မိုးရေချိန်မှ အနည်းငယ်မိုးများနိုင်ပါသည်။ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်၊ မိုးကုတ်မြို့နယ်များ၊ ရှမ်းပြည်နယ် နောင်ချိုမြို့တို့တွင် ပုံမှန် မျိုးရေချိန် ရရှိနိုင်ပါသည်။ ရှမ်း(အရှေ့)နှင့် ရှမ်း(တောင် -လွိုင်လင်) ၊ မွန်ပြည်နယ်တို့တွင် မိုးအား လျော့နည်းသွားနိုင်ပါမည်။ - တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် တစ်လအတွင်း ပျမ်းမျှမိုးရေချိန် ၇ လက်မအထိ ရရှိနိုင်ပါသည်။ ကျန်တိုင်းဒေသကြီးများတွင် ၅ လက်မအောက်သာ ရရှိနိုင်ပါသည်။ - #ဒီဇင်ဘာလတွင် ရှမ်း(မြောက်)ပိုင်းနှင့် ကချင်ပြည်နယ်အောက်ပိုင်းတို့တွင် ပုံမှန်မိုးရေချိန်ရရှိနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် အများအားဖြင့် ရာသီဥတုခြောက်သွေ့လာနိုင်ပါသည်။ - #အောက်တိုဘာလအတွင်း အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ပုံမှန်ပျမ်းမျှအပူချိန် အထက် ၀.၃°C မှ ၁.၁°C အထိတိုး၍ ဆက်လက်တည်ရှိမည်ဟု ခန့်မှန်းရရှိပါသည်။ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ၁°C အောက်သာ တိုးလာဖွယ်နိုင်ပြီး တချို့သော ဒေသများတွင် အပူချိန်လျော့ပြီး အအေးပိုလာနိုင်ပါသည်။ - Source: Weather Impact - (၀၃.၁၀.၂၀၂၅ ရက်နေ့သုံးသပ်ချက်) - ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာ အကြံပြုချက် - ၂၀၂၅ အောက်တိုဘာလအတွင်းမိုးလေဝသ ခန့်မှန်းချက်များအရ အောက်တိုဘာလအတွင်းတွင်မိုးဆက်လက်ရွာ မည်ဖြစ်သောကြောင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများနှင့် တိုင်းရင်းကြက်မွေးမြူသူများ အောက်ပါအချက်များကို ဂရုပြုပါရန်အကြံပေးအပ်ပါသည်။ - ၁။ ဝက်မွေးမြူရေး - • မိုးရာသီဖြစ်သဖြင့် အစိုဓါတ်များရှိသောကြောင့် ဆန်ကွဲ၊ဖွဲနု၊ပဲဖတ်၊နှမ်းဖတ်နှင့် ကုပ္မဏီထုတ် အစာများမှို တက်ခြင်းရှိမရှိကိုသေချာစွာ လေ့လာပီးမှကျွေးပါ။ ကျွေးလက်စ အစာများ အရောင်ပြောင်းသွားခြင်း၊ အနံ ပြောင်းသွားခြင်းများ ဖြစ်ပါက မကျွေးသင့်ပါ။ - • မိုးရေငွေ့မရိုက်စေရန် အစာအိတ်များကို ဖွင့်ပီးပါက ချက်ခြင်းလေလုံအောင်ပြန်ပိတ်ပါ။ အစာအိတ်များအ ပေါ်တွင် လေလုံစေရန် ပလပ်စတစ် (သို့) တာလပတ်ကို ထပ်မံအုပ်ထားပါ။ - • ဤလအတွင်း ဝက်ကလေးများပေါက်လာပါက ရက်သားဝက်ကလေးများ မိုးရေငွေ့မရိုက်စေရန် ဝက်ခြံ ၏အောက်ခြေမှ အပေါ်အထိ ကာရံထားပါ။ - • ဖြစ်နိုင်ပါက ၁ရက်မှ ၂ပတ်သားအထိဝက်ကလေးများကို မီးလုံးဖြင့်ဖြစ်စေ၊ မီးသွေးမီးဖိုဖြင့် ဖြစ်စေ အနွေး ဓါတ်ပေးပေးပါ။ - • ရန်ကုန်တိုင်းနှင့်ရှမ်းပြည်နယ် ဒေသအချို့တွင် ဝက်များရောဂါဖြစ်သည်ကိုကြားသိရသဖြင့် ဇီဝလုံခြုံရေး ကို အထူးဂရုစိုက်ပီးလုပ်ဆောင်ထားရန်လိုပါသည်။ - ၂။ တိုင်းရင်းကြက် - • ဆန်ကွဲ၊ဖွဲဆန်ကွဲများ၊ ကုပ္မဏီအစာများမှိုတက်ခြင်းရှိမရှိသေချာစွာလေ့လာပီးမှကျွေးပါ။ အရောင်ပြောင်း ခြင်း၊ အနံ့ပြောင်းခြင်းများရှိပါက မကျွေးသင့်ပါ။ အစာအိတ်များကိုလေလုံအောင်ပိတ်ပါ။ - • ပေါက်လာသောရက်သားကြက်ကလေးများ မိုးရေမထိစေရန်ဂရုစိုက်ပါ။ မိုးရွာမည်ထင်ပါကအုပ်ဆောင်း ဖြင့် အုပ်ထားပီး မိုးစဲမှလွတ်ပေးပါ။ - • ရက်သားကြက်ကလေးများနှင့်ကြက်မ ကိုညဘက်တွင် မြေပြင်ပေါ်၌ ပေးမအိပ်စေပါနှင့်၊ တောင်းတခုထဲ ကောက်ရိုးထည့်ပြီး ညဘက်သိပ်ပေးပါ။ အပေါ်မှ အဖုံးကို လေလုံသောအဖုံးများမဟုတ်ဘဲ လေဝင်လေ ထွက် ကောင်းသော အဖုံးဖြင့်အုပ်ပေးပါ။ - မွေးမြူရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း - ------- - မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
