ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက် လိုက်နာကျင့်သုံးရမည့် နည်းလမ်းများ မိုးစပါးကို ရိတ်သိမ်းခြင်း
- မရိတ်သိမ်းခင် (၁၀-၁၅) ရက်အလိုတွင် ရေဖြတ်ထားပေးရမည်။ - • စပါးစေ့၏ အရောင်နှင့် အစိုဓါတ်ကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန်ကို ခန့်မှန်းနိုင်သည်။ - • အချိန်စောပြီး ရိတ်သိမ်း မယ်ဆိုလျှင် မရင့်မှည့်သေးသော စပါးနှံများနှင့် အဆံ မအောင်တာတွေ ပါဝင် လာတတ်သောကြောင့် စပါးကြိတ်တဲ့အခါ အလွယ်တူ ကျိုးပဲ့ ပျက်စီးစေနိုင်တဲ့ အပြင် မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း “မျိုးစေ့မမှန် ပင်မသန်”ဆိုတဲ့ စကားအတိုင်း မျိုးအောင်နိုင်မှာ မဟုတ်ပါဘူး။ - • နောက်ကျမှ ရိတ်သိမ်းသောအခါ စပါးနှံများ ကြွေကျပြီး ငှက်များ၏ ရန်ကြောင့် ပျက်စီးခြင်းများ ကြုံကြိုက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ပမာဏ ပိုမိ များသွားနိုင်ပါသည်။ - • ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်းကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်း အပြည့်နီးပါး စပါးနှံများ မှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။ - • မရိတ်သိမ်းမီ အောက်ဘက်နား ရောက်နေသော စပါးနှံများအား မာမမာ သွားဖြင့် ကိုက်၍ စမ်းသပ်ကြည့်ပါ။ မာဆတ်ဆတ် ဖြစ်နေပြီဆိုပါက ရိတ်သိမ်းရန် သင့်တော်နေပြီ ဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါတယ်။. - • စပါးရိတ်သည့်အခါ မြေပြင်အထက် (၄-၅) စင်တီမီတာ အထက်လောက်မှ ရိတ်သိမ်းသင့်သည်။ - • လက်ကျန် ရိုးပြတ်တွေကို တက်နိုင်သမျှ အတိုဆုံး ဖြစ်အောင် ရိတ်ပစ်ရမည်။ ထိုမှသာ နောက်အတွက် မြေပြင်သည့် အခါ ရိုးပြတ်များကို မြေကြီးနှင့်အတူ ရောမွှေပြီး အလွယ်တကူ ဆွေးမြေ့စေရန် ဖြစ်သည်။ - • စပါးရိတ်ပြီးသည့်အခါ လက်ကျန် ရိုးပြတ်များအတွင်းသို့ ဆစ်ပိုးကောင်များ ခိုအောင်း နေတက်ပြီး မျိုးဆက် ပြန့်ပွားနိုင်ပါသည်။ - • စပါးရိတ်ပြီးသည့် အခါ ရိုးပြတ်မှ အနှံပြန်လည် ထွက်လာသည့် တိုင်အောင် မထားပါနှင့်။ ထိုသို့ထားပါက စိုက်ခင်းထဲတွင် ရောဂါ၊ ပိုးမွှားများ ခိုအောင်းနေတက်ပြီး ရရှိလာသည့် အစေ့အအဆန်မှာလည်း အရည် အသွေးမပြည့်မီသောကြောင့် ဖြစ်သည်။. - • လက်ကျန်ရိုးပြတ်ပင်မှ နောက်ထပ် စပါးနှံဖြစ်အောင် ထားမယ်ဆိုရင် - - - ပန်းပွင့်ခြင်း၊ စပါးအစေ့အဆန်တည်ခြင်း၊ ရင့်မှည့်တဲ့ ကာလတွေမှာ ဆစ်ပိုးနှင့် နှံစုပ်ဂျပိုးတို့ အတွက် ခိုအောင်းနေထိုင် နိုင်ပြီး နောက်ပိုင်း ဆိုးဝါးစွာ ကျရောက်တဲ့ အအြေနေကို ကြုံတွေ့နိုင်ပါတယ်။ - - ရိုးပြတ်မှ နောက်ထပ်ရရှိလာသည့် စပါးနှံများသည် အရည်အသွေးညံ့ပြီး စပါးကြိတ်သည့် အခါ အကျိုးအကြေ များနိုင်သည်။ - ခြွေလှေ့ခြင်း - ရိတ်ပြီးပြီးချင်း စပါးကို ချက်ခြင်း ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ - • ခြွေလှေ့ပြီးသည့်နောက် စပါးကို နေပူသည့် အချိန်၌ အပြင်ဘက်သို့ ထုတ်လှန်းခြင်း (သို့မဟုတ်) အမိုးအကာရှိသည့် အတွင်းဘက်၌ လေသလပ်ခံထား အခြောက်ထားခြင်း ကို ပြုလုပ်ပေးရမည်။ - • ရိတ်ပြီးသား ကောက်လှိုင်း (သို့မဟုတ်) စပါးထုံးများကို မိုးမိ၍ ရေစိုသွားပါက မခြွေလှေ့ခင် အခြောက်ခံရန် လိုအပ်ပါတယ်။ - • နံနက် အစောပိုင်းမှာ စပါးကို ရိ်တ်သိမ်းပြီး နေ့ခင်းပိုင်းအချိန်တွင် ခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ - • ခြွေလှေ့သည့် အခါ လွှင့်စင်သွားသည့် စပါးစေ့များကို အလေအလွှင့် မဖြစ်စေရန် အတွက် မိုးကာ (သို့မဟုတ်) ပလတ်စတစ်စ ခင်းထားသင့်သည်။ - အခြောက်ခံခြင်း - • ခြွေလှေ့ပြီးသော စပါးများကို မိုးကာ(သို့မဟုတ်) ပလတ်စတစ်စပေါ် ဖြန့်ခင်းပြီး နေပူထဲ၌ အခြောက်လှန်းနိုင်သည်။ - • စပါးအခြောက်လှန်းသည့် အခါ နာရီဝက် တစ်ခါ အထက်အောက် လှန်ပေးမည်။ - • စပါးကို ဖြေးဖြေးခြင်း အခြောက်ခံပါက စပါးကြိတ်သည့် အခါ ကျိုးပဲ့ ပျက်စီးမှုနှုန်းလျှော့နည်းစေပါတယ်။ မြန်မြန် အခြောက်ခံခြင်းသည် စပါးကြိတ်သည့် အချိန်တွင် ကျိုးပဲ့ ပျက်စီးမှုကို ပိုများစေပါတယ်။ - • နေရောင်ခြည်ဖြင့် (၂-၃) ရက်ခန့် အခြောက်ခံခြင်းကတော့ အကောင်းဆုံးပင် ဖြစ်သည်။ - သန့်စင်ခြင်း - • စပါးကို ဖုန်၊ သဲ၊ အမှိုက်၊ အဖျင်း အမှော်၊ တခြားသော အစေ့ အဆန်များ ရောပါ မလာအောင် ခြွေလှေ့၍ အခြောက်ခုံပြီးသည့် အခါ သေချာ သန့်စင်ဖို့ လိုအပ်ပါတယ်။ - • စပါးကို ဆန်စက်ထဲကို ထည့်ကြိတ်တဲ့ အခါ အဖျင်းအမှော် နှင့် ဖုန်၊ သဲ၊ ခဲ များရောပါနေမယ်ဆိုရင် စပါး၏ အလေးချန်ကိုသာတိုးစေပြီး စားသုံဖို့ ရည်ရွယ်ပြီး ကြိတ်တဲ့ စပါးက သေချာခြောက်သွေ့ပြီး သန့်စင်မှသာလျှင် အရည်အသွေးကောင်းတဲ့ ဆန်ကို ရရှိမှာ ဖြစ်ပါတယ်။ - • သန့်စင်မှု မရှိတဲ့စပါး၊ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ့ ပါသည့် စပါးကို ဆန်အဖြစ်ကြိတ်ခွဲဖို့ အတွက် မရွေးချယ်သင့်ပါ။ - အဆင့်ခွဲခြားခြင်း - • အစိုဓါတ် ပါဝင်မှုကို စစ်ဆေးခြင်း - • စပါးကြိတ်တဲ့ အခါ ကျိုးကြေပျက်စီးတဲ့ ရာခိုင်နှုန်းကို စစ်ဆေးခြင်း (Head rice and broken percentage) - • ဆန်သား ကျိုးကြေမှု ရှိမရှိ စစ်ဆေးခြင်း - • သန့်စင်မှု ရှိမရှိ စစ်ဆေးခြင်း ( အမှိုက်များ၊ ဖုန်၊ သဲ၊ ကျောက်စရစ်ခဲ) - • အဖျင်းအမှော်ပါ မပါ စစ်ဆေးခြင်း။ စပါးကြိတ်တဲ့ အခါ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်းကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကြိတ်ခွဲမည့် စပါးတွင် အစိုဓါတ်ပါဝင်မှု များပါက မှိုရောဂါ ဖြစ်လွယ်သည်။ စပါးကြိတ်ပြီးပြီးချင်း ရလာတဲ့ ဆန်ကို မချက်စားခင် ဆန်ကို သန့်စင်ပြီး အချိန်အတော်ကြာ သိမ်းဆည်း သိုလှောင်ထားဖို့ တော့ လိုအပ်ပါတယ်။ - ချိန်တွယ်ခြင်း - • ချိန်တွယ်ခြင်းတွင် စပါးမကြိတ်ခင် အဆင့်တွင် ချိန်ခြင်းနှင့် ကြိတ်ပြီးနောက် ဆန်တင်း အရေအတွက် ဘယ်လောက် ရရှိနိုင်မလဲ ဆိုတာကို ခန့်မှန်း တွက်ချက်တာတွေ ပါဝင်ပါတယ်။ - • စပါး မကြိတ်ခင် မှာလည်း တိကျစွာ ချိန်တွယ်ဖို့ လိုအပ်သလို ကြိတ်ပြီး ရရှိလာတဲ့ ဆန်တင်း အရေအတွက်ကိုလည်း ချိန်တွယ်ဖို့ လိုအပ်ပါတယ်။ - ကြိတ်ခွဲခြင်း - • စပါးကို စားသုံးဖို့တွက် ကြိတ်ခွဲတဲ့အခါ ဖုန်၊ သဲ၊ ခဲ နှင့် အမှိုက်ကင်းစင်ပြီး ကောင်းစွာ ခြောက်သွေ့ နေရပါမည်။ - • အဖျင်း အမှော် နှင့် ဖုန်၊ သဲ၊ ခဲ ပါနေတဲ့ စပါးဖြစ်လျှင် မကြိတ်ခွဲခင် ကောင်းစွာ သန့်စင်ဖို့တော့ လိုအပ်ပါတယ်။ - စပါး သိုလှောင်ခြင်း - စပါးစေ့များ အစိုဓာတ်နည်းလာပြီး ခြောက်သွေ့ မာကြောလာမှသာ (သိရှိနိုင်ရန် အချို့သော စပါးစေ့များကို ကိုက်ကြည့်ပါ) ကာလကြာရှည် သိုလှောင်နိုင်မည် ဖြစ်ပါတယ်။ - • စပါးသိုလှောင်ဖို့ အတွက် အစိုဓါတ် ( ၁၀- ၁၂%)ခန့် ရှိရမည်။ - • စပါးအိတ်များကို မြေကြီးနှင့် ကပ်မနေစေဘဲ စင်ထိုးပြီး စနစ်တကျ သိုလှောင်ရမည်။ - • စပါးကို ကာလ ကြာရှည် သိုလှောင်နိုင်ဖို့ အတွက် အစိုဓါတ် နည်းဖို့ လိုအပ်ပါတယ်။ - • သိုလှောင်သည့် စပါးအိတ်ထဲမှာ ပါရှိတဲ့ စပါးစေ့၏ အစိုဓါတ် ရာခိုင်နှုန်း မြင့်နေမယ်ဆိုရင် အပူဓါတ်နှင့် အငွေ့လျှော့သွားစေရန် စပါးအိတ်ကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အစိုဓါတ်မြင့်နေသည့် စပါးများကို သန့်ရှင်း ခြောက်သွေ့တဲ့ အခန်းထဲမှာ ပလတ်စတစ်ခင်းပြီး ဖြန့်ထားနိုင်ပါတယ်။ - • သိုလှောင်ထာသည့် စပါးအိတ်ကို ကြွက်၊ ငှက်နှင့် တခြားသော ပိုမွှားများ ဖျက်ဆီးခြင်း၊ မိုးရေစိုခြင်း မဖြစ်အောင် ဂရုစိုက်ရမည်။ - • စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။ - • စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံ တာပေါ်လင်စများအောက်တွင် လုံခြုံစွာ ထားရှိပါ။ - • အကယ်၍ စပါးများကို ပိုမိုလုံခြုံစွာနှင့် ပိုမိုကြာရှည်စွာ သိမ်းဆည်းချင်ပါက လေလုံအောင် ချိတ်ပိတ် သိုလှောင်ရသည့် လေလုံသိုလှောင်နည်းစနစ်သည် အကောင်းဆုံးဖြစ်ပြီး ၄င်းသိုလှောင်နည်းစနစ်က စပါးနှံများကို အစိုပြန်ခြင်းနှင့် ပိုးမွှားများရန်မှ ကာကွယ်ပေးမည် ဖြစ်ပေသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
