ဂန္ဓမာစိုက်ပျိုးသူများကြုံတွေ့နေရသည့် ပင်ခြေပုပ်ရောဂါအန္တရာယ်
- ဂန္ဓမာပင်ခြေပုပ်ရောဂါမှာ Pythium aphanidermatum ဟုခေါ်သော မှိုကြောင့်ဖြစ်ပြီး အပူချိန် နှင့်စိုထိုင်းဆများချိန်တွင် ပိုမို ဆိုးဝါးစွာ ကျရောက်လေ့ရှိပါသည်။ရောဂါလက္ခဏာမှာ မြေမျက်နှာပြင် အပေါ် လက်မအနည်းအကွာတွင် ရေစိုနာကွက်ပုံစံဖြင့်စတင်ကာ မဲ၍ပုပ်လာတတ်ပါသည်။ ရောဂါဆိုးဝါး လာပါက ရေစိုနာကွက်များစုဝေးလာကာ ပုပ်လာတတ်ပါသည်။ ရောဂါဖြစ်စေသော သက်ရှိမှိုမှာ မြေကြီးနှင့်ထိဆက်နေသော အရွက်များမှတဆင့် ပင်စည်ဆစ်ကြားတွေအထိ ပြန့်နှံ့ကာ ဂန္ဓမာပင်ခြေပုပ်ခြင်းများဖြစ်ပေါ်စေတတ်ပါသည်။ - ရောဂါဖြစ်စေသောသက်ရှိ Pythium မှိုမှာ မြေဩဇာလွန်ကဲစွာကျွေးပြီး ရေဝပ်တတ်သော စိုက်ခင်းတွင် ပိုမိုကျရောက်ဖျက်ဆီးတတ်ပါသည်။ ၎င်းမှိုသည် သဘာဝအတိုင်းမြေကြီးထဲတွင် ခိုအောင်းရှင်သန်နေထိုင်နိုင်ပြီး သင့်လျော်သောအခြေအနေရာရောက်ရှိလာမှသာ စတင်တိုက်ခိုက် တတ်သော မြေဆောင်မှိုအမျိုးအစားဖြစ်ပါသည်။ မြေဆောင်မှိုရောဂါအများစုမှာ လက္ခဏာ တွေ့ရှိကာမှ နှိမ်နင်းပါက ကုသရခက်ခဲသော ရောဂါများဖြစ်ပါသည်။ Pythium မှိုအပါအဝင် အခြားသော မြေဆောင်မှိုများကိုကြိုတင်ကာကွယ် နှိမ်နင်းရမည့်နည်းလမ်းများမှာ- - စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်ကောင်းမွန်စွာရရှိစေရန် လုပ်ဆောင်ပေးရမည်။
- ဂန္ဓမာတစ်မျိုးတည်း ဆက်တိုက်စိုက်ခြင်းမှ ရှောင်ကြဥ်ပေးရမည်။
- မျိုးရင်းမတူသော သီးနှံများဖြင့်သီးလှည့်စိုက်ပျိုးပေးရမည်။
- ရောဂါဆိုးဝါးစွာ ကျရောက်တတ်ပါက မြေလှပ်၍ နေလှန်းခြင်းများ လုပ်ဆောင် ပေးရမည်။
- မြေဆောင်မှိုအများစုကိုနှိမ်နင်းနိုင်သော Trichoderma မှိုအားမြေကြီးထဲထည့်၍ မြေပြုပြင်ပေးနိုင်သည်။
- ဓာတုဆေးသုံးလိုပါက မြေဆောင်မှိုဖြစ်သည့်အတွက် Hymexazol ကဲ့သို့သော မြေဆောင်ရောဂါသတ်ဆေးအား မြေကြီးကိုကြိုတင်ပက်ဖျန်းခြင်းဖြင့် ကာကွယ် နိုင်ပါသည်။
- Metalaxyl၊ Propamocarb hydrochloride၊ Azoxystrobin တို့ကဲ့သို့သော ပင်လုံးပြန့် အာနိသင်ရှိသောမှိုသတ်ဆေးများအား သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
 - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
