ထိကရုန်းပင်ရဲ့ အဓိကဆေးဖက်ဝင်အကျိုးကျေးဇူးများ
အထူးသဖြင့် ဆီးချိုနဲ့ ကျောက်ကပ်ရောဂါရှိသူတွေအတွက် ပိုကောင်းတယ်လို့ ဆိုပါတယ်။
ထိကရုံးပင်ရဲ့ အဓိက ဆေးဖက်ဝင် အကျိုးကျေးဇူးများ
ထိကရုံပင်ကို ပုံမှန်အသုံးပြုပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-
• သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း - ဆီးချိုသမားတွေအတွက်ရော၊ ဆီးချိုဖြစ်နိုင်ခြေရှိသူတွေအတွက်ပါ သွေးတွင်းသကြားဓာတ်ကို ကျစေတဲ့ အစွမ်းရှိပါတယ်။
• ကျောက်ကပ်ကို အားဖြည့်ပြီး အဆိပ်အတောက် ဖယ်ရှားပေးခြင်း - ကျောက်ကပ်ကို သန့်စင်ပေးပြီး အားကောင်းစေတဲ့အပြင် ကျောက်ကပ်ရောင်ရမ်းတာမျိုးကိုလည်း သက်သာစေပါတယ်။
• သွေးတိုးကို ကျစေခြင်း - သွေးတိုးရောဂါကို သဘာဝအတိုင်း ထိန်းချုပ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
• အိပ်ပျော်စေပြီး စိတ်တည်ငြိမ်စေခြင်း - စိတ်ကို ငြိမ်သက်အေးချမ်းစေလို့ အိပ်မပျော်တဲ့သူတွေအတွက်ပါ သင့်တော်ပါတယ်။
• ကိုယ်လက်ကိုက်ခဲမှုနှင့် ထုံကျဉ်တာ သက်သာစေခြင်း - ကိုယ်လက်ကိုက်ခဲတာ၊ အကြောတက်တာနဲ့ လက်ဖျားခြေဖျား ထုံကျဉ်တာတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။
• အရေပြားရောဂါတွေကို ကုသပေးခြင်း - အနာဟောင်းတွေ၊ ပိုးဝင်နေတဲ့ အနာတွေအပြင် ပွေး၊ ညှင်း စတဲ့ အရေပြားပြဿနာတွေကိုပါ ကုသပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
အဘိုးရဲ့ ထိကရုံပင် အသုံးပြုနည်း လမ်းညွှန်များ
အဘိုးပြောပြခဲ့တဲ့ ထိကရုံပင်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကတော့ ရိုးရှင်းပါတယ်။
1. ရေနွေးကြမ်း/ပြုတ်ရည် လုပ်သောက်ခြင်း
• ပြုတ်သောက်ခြင်း: ပင်လုံးကျွတ် (အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ) လက်တစ်ဆုပ်စာ ကို ရေ ၁ လီတာနဲ့ပြုတ်ပြီး မနက်တစ်ခွက်၊ ညနေတစ်ခွက် သောက်သုံးနိုင်ပါတယ်။
• လက်ဖက်ရည်ကြမ်း: အပင်တစ်ခုလုံးကို နေလှန်းပြီး အခြောက်ခံထားပါ။ ပြီးရင် လက်ဖက်ရည်ကြမ်းလို ရေနွေးနဲ့ ဖျော်ပြီး နေ့စဉ် သောက်သုံး ပေးလို့ရပါတယ်။
2. အပြင်ပန်း လိမ်းကျံ/ဆေးကြောခြင်း
• အရေပြားပြဿနာရှိတဲ့ အနာပေါ်ကို ထောင်းပြီး အုံပေး တာ၊ ဒါမှမဟုတ် ရေနွေးနဲ့ပြုတ်ထားတဲ့ အရည်နဲ့ အနာကို ဆေးကြောပေး တာမျိုး လုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် လမ်းဘေးမှာ ထိကရုံပင် ကို တွေ့ရင် တန်ဖိုးမရှိတဲ့ မြက်ရိုင်းတစ်ခုလို့ မထင်လိုက်ပါနဲ့။ အကျိုးရှိရှိ အသုံးပြုနိုင်ကြောင်း မှတ်သားထားသင့်ပါတယ်နော်!
Alin Thit media မှ ကောက်နုတ်ဖော်ပြပါသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


NewsFeed
Communities
Explore
Inbox
Me
Market Price