cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကုလားပဲ စိုက်ပျိူးနည်း🌱🌱

. Cultivation Methods
ကုလားပဲမျိုးစေ့ကို ပဲမြစ်ဖုမြေဩဇာတစ်ထုတ်နှင့် သမအောင်လူးနယ်စိုက်ပါ။ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာရန် ထွန်ကြောင်းအတွင်း မျိုးစေ့အတိမ်အနက် (၂) လက်မ မှ (၄) လက်မ အတွင်း ရအောင်စိုက်ပါ။
  • သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀-၁၅၀) တင်းနေရာနှှံ့ အောင်ချပါ။ နွားထယ်(သို့) ထွန်စက်ကြီးနှင့်တစ်စပ်ကမ်ပြိုထိုးပြီး ယူရီးယား(၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ဂျစ်ပဆန်(၂၀) ပြည်ကို သမအောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်ရေးသင့်တင့်စွာ ညှက်အောင် နှစ်စပ်နှင့် ကြမ်းတုံးရိုက်ပါ။ မျိုးအဖြစ် ထောက်ခံထား သည့် မျိုးများဖြစ်သည့် ရေဆင်းကုလားပဲနီ(၆)၊ ရေဆင်းကုလားပဲဖြူ (၈)၊ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ(၉) မျိုးများကို အသုံးပြုပါ။ (သို့) ဒေသအထွက်ကောင်းမျိုးများကို အသုံးပြုပါ။ တစ်ဧကအပင်ဦး ရေ(၁၃၀၀၀၀) ရရှိရန် တန်းကြား(၁၂) လက်မ၊ ပင်ကြား(၄) လက်မ ထား၍ မျိုးစေ့တစ်တင်းအထိ အသုံးပြုနိုင်ပါသည်။ အပင်ညိုးသေ နှင့် အခြားရောဂါများ ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် မျိုး စေ့တစ်ပြည်တွင် ဆေး(၃) ဂရမ်/စီစီ နှုန်းလူးနယ်ထားပါ။

    စိုက်ပျိုးခြင်း

    (၀၁) ရက်

    ကုလားပဲမျိုးစေ့ကို ပဲမြစ်ဖုမြေဩဇာတစ်ထုတ်နှင့် သမအောင်လူးနယ်စိုက်ပါ။ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာရန် ထွန်ကြောင်းအတွင်း မျိုးစေ့အတိမ်အနက် (၂) လက်မ မှ (၄) လက်မ အတွင်း ရအောင်စိုက်ပါ။

    (၀၅)ရက်

    အပင်စတင်ပေါက်သည်။

    (၁၀)ရက်

    အပင်ပေါက်စုံသည်။

    (၁၅)ရက်

    အပင်ငယ်စဉ်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ရွက်စားပိုး(ငမြောင်တောင်) စသည့်ပိုးမွှားများကို ကာကွယ်ရန် ပင်လုံးစိမ့်ပြန့်သတ္တိရှိ သော ဆေးတစ်မျိုးမျိုးကို တစ်ဧကသတ်မှတ်နှုန်းထားအတိုင်း ပတ်ဖျန်းပါ။ ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။(၁၅)ရက်ခြား(၂) ကြိမ်ဆောင်ရွက်ပါ။

    (၁၅-၃၀)ရက်

    ပဲပင်များကြီးထွားသန်မာဖြစ်ထွန်းရန်(NPK)နှင့်အနည်းလိုအာဟာရဓါတ်များပါဝင်သော ရွက်ဖျန်းမြေဩဇာများ တွင်(N)အချိုးများသည် သင့်တော်သောရွက်ဖျန်းမြေဩဇာတစ်မျိုး မျိုး ကို(၁၅)ရက်ခြား၍နှစ်ကြိမ်ပက်ဖျန်းပါ။

    (၃၅-၄၅)ရက်

    ပန်းပွင့်ချိန်စသည်။ အစိုဓာတ်မပျက်ရန်နှင့်အာဟာရဓာတ်မပျက်ရန် အရေးကြီးသည်။ ရက် (၄၀) ခန့် ပန်းဖြိုင်ဖြိုင်ပွင့်သည်။

    (၁၅-၆၀) ရက်

    ပွင့်အားကောင်း၍ အသီးများရန် NPK အချိုးရွက်ဖျန်းမြေဩဇာများ တွင် P နှင့် K အချိုး များသည့် ရွက်ဖျန်းမြေဩဇာ (၁၅) ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (သို့) ယူရီးယား (၄) ဇွန်းနှင့် လက်ချား (၁.၅) ဇွန်း၊ ရေတစ်ဂါလံနှင့် ရောပြီး တစ်ဧက (၂၀) ဂါလံဖျန်းပါ။ ရွက်ဖောက် လှေးကျိုင်း၊ ရွက်စားငမြောင်တောင်၊ စုပ်စားပိုး၊ ပျသရစ်၊ ထွာကောင် အစိမ်း၊ ရွက်စုံစားခူဝါ၊ သီးလုံးဖောက်ပိုးစသည်တို့မကျရောက်စေရန် (၁၅) ရက်သား မှ (၆၀) ရက်သားအထိ (၁၅) ရက်တစ်ကြိမ် ပင်လုံး ပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးအလှည့်ကျ ပတ်ဖျန်းပါ။

    (၆၀-၈၀) ရက်

    သီးနှံသက်တမ်းတစ်လျှောက် ကျရောက်တက်သော အပင်ညိုးရော ဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ ပင်ခြေပုတ်ရောဂါများကို ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးကို (၁၅) ရက်တစ်ကြိမ် အလှည့်ကျ ပတ်ဖျန်း ပါ။ အသီးနှင့်အစေ့အဆံ တည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးကို ဂရုပြု ပါ။ ပဲစေ့လေးများ ပြည့်တင်းကြီးထွာချိန်ဖြစ်၍ တစ်ပင်လုံးချက်လုပ် သော အစာ၏ (၆၀) ရာခိုင်နှုန်းကို အစေ့အောင်မြင်ရန် အသုံးချရ၍ အစာအာဟာရ အလိုအပ်ဆုံးအချိန်ဖြစ်သည်။ အရွက်များစိမ်းစို ကျန်းမာနေရန်နှင့် အာဟာရအစိုဓာတ်မပျက်ရန် အရေးကြီးသည်။

    ရိတ်သိမ်းခြင်း

    (၉၅-၁၂၀) ရက်

    ကုလားပဲမျိုးနှင့် ပတ်ဝန်းကျင်ရာသီဥတု ထိန်းသိမ်းစောင့်ရှောက်မှု အပေါ်မူတည်၍ (၉၅-၁၂၀) ရက်အတွင်း ရင့်မှည့်လေ့ရှိသည်။ အသီး အတောင့်အရောင် ကောက်ရိုးရောင် (သို့) ညိုဖျော့ရောင်ပြောင်းသွား ချိန်၊ (၇၅-၈၀) ရာခိုင်နှုန်း သီးတောင့်များရင့်မှည့်လျှင် ရိတ်သိမ်းနိုင် ပါသည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များအက်ကွဲကျ၍ အထွက်ဆုံးရှုံးနိုင်ပါသည်။ နယ်လှေ့သန့်စင်၊ နှစ်နေသုံးနေလှန်း၍ အစိုဓာတ် (၈-၉) ရာခိုင်နှုန်း ရှိချိန်တွင် သိုလှောင်ပါ။

    Source: DOA

    ကုလားပဲစိုက်ရာသီတစ်လျှောက်မှာ ဖြစ်တတ်တဲ့ ရောဂါတွေအကြောင်းကို ဆက်လက်သိလိုပါက ပညာရှင်များနှင့်တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

    '✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
5
comments
0
views
1666