cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း အောက်တိုဘာလ ၃ ရက် မှ အောက်တိုဘာလ ၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လယ်ကွင်းများတွင် ရေဝပ်နိုင်တာကြောင့် စိုက်ပျိုးမြေများ ရေလွှမ်းခံရသည့်အခြေအနေဖြစ်ပေါ်နိုင်ပြီး၊ တောင်ပေါ်မြေမြင့်ဒေသများမှ မြို့နယ်/ခရိုင်များတွင် မြေဆီလွှာတိုက်စားခြင်း(Soil Erosion)ဖြစ်နိုင်တာကြောင့် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်‌ဆွေးနွေးခြင်း၊ အကြံပြုချက်များလက်ခံရယူဆောင်ရွက်ခြင်းတွေ လုပ်သင့်ပါတယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ဘင်္ဂလားပင်လယ်အော် 

    ·          ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အောက်တိုဘာ ၂ ရက် ည ပိုင်းမှာ ဩရိဿပြည်နယ်နှင့် အန်ဒရာပရာဒက်ရှ်ကမ်းခြေအနီး GOPALPUR မြို့အနီးသို့ ရောက်ရှိလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၃ ရက် နံနက်မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားနိုင်ကြောင်းလည်းထုတ်ပြန်ချက်မှာ ဆက်လက်ဖေါ်ပြထားပါတယ်။ 

    ·          CIMSS လမ်းညွှန်ခန့်မှန်းချက်နှင့် ECMWF, NCUM, IMD GFS, NCEP GFS စသည့် သင်္ချာပုံစံပြု model များ၏ ကြိုတင်ခန့်မှန်းချက်အရ အောက်တိုဘာ ၂ ရက်နေ့ည မှာ မုန်တိုင်းငယ်အဆင့်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဆင့်သို့ အားလျော့သွားနိုင်ကြောင်းတပြေးညီခန့်မှန်းထားကြပါတယ်။ 

    ·          အာရေဗျပင်လယ်မှာ ဖြစ်ပေါ်နေတဲ့လေပွေလှိုင်း 90A နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်(Cyclonic Storm 01B)တို့၏ ပင်လယ်ပြင်ဆက်စပ်သက်ရောက်မှု (A-B-C effect)အရ အာရေဗျပင်လယ်မှ လေပွေလှိုင်း 90A သည် ဘင်္ဂလားပင်လယ်အော်မှ 01B ကုန်းတွင်းဝင်ရောက်ပြီးနောက် မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး အိုမန်ပင်လယ်ကွေ့အနီးပင်လယ်ပြင်မှာ အားပျော့သွားနိုင်မှာဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ် 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း MATMO(ဖိလစ်ပိုင်အမည် PAOLO)သည် အောက်တိုဘာ ၃ ရက် နံနက်မှာ အားကောင်းသောအပူပိုင်းမုန်တိုင်း(Severe Tropical Storm – “SS”)ဖြစ်လာပြီး၊ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်၊ 

    ·          အောက်တိုဘာ ၄ ရက် ည မှာ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားပိုကောင်းလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

    ·          တိုင်ဖွန်းမုန်တိုင်း MATMO ရဲ့ သက်ရောက်နိုင်မည့်အခြေအနေဘယ်လိုရှိမယ်ဆိုတာတော့ ဆက်ပြီးစောင့်ကြည့်တင်ပြပေးသွားပါမယ်။ 

    ယခုတပတ်အတွင်းမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နိုင်မည့် မိုးလေဝသအခြေအနေ 

    ·          ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် 01B နှင့် တောင်တရုတ်ပင်လယ်မှာ ဖြစ်လာနိုင်မည့် တိုင်ဖွန်းမုန်တိုင်း MATMO တို့ကြောင့် မြန်မာ့မိုးလေဝသအခြေအနေအပေါ်သက်ရောက်နိုင်တဲ့ မိုးသည်းထန်ခြင်း၊ မိုးများခြင်းတွေက မိုးနှောင်းကာလကုန်ကာနီးအချိန်မှာ မိုးဦး/မိုးလယ်ကာလတွေလောက် ပြင်းထန်မှု မရှိနိုင်တော့ဘူးလို့ ကြိုတင်ခန့်မှန်းရရှိထားပြီး အချက်အလက်တွေအရ သုံးသပ်နိုင်ပါတယ်။ 

    ·          ယခု ၁ ပါတ်အတွင်း မိုးအများဆုံးဖြစ်နိုင်တဲ့ ကချင်ပြည်နယ်မှာတောင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ ၅ လက်မကျော်သာရှိနိုင်ပါတယ်။ 

    ·          ကချင်ပြည်နယ်အတွင်း နေ့စဉ်ပျမ်းမျှမိုးရေချိန် ၁ လက်မ ဝန်းကျင်သာရှိနိုင်ပြီး နေရာကွက်မိုးများနိုင်သေးတဲ့ အခြေအနေတွေကို ဂရုစိုက်စောင့်ကြည့်ကြရပါမယ်။ ခြုံငုံသုံးသပ်ချက်များအရဆိုရင်တော့ ပြင်းထန်တဲ့သဘာဝဘေးတွေ ဖြစ်လာနိုင်ချေအတော်နည်းသွားပြီလို့ သုံးသပ်နိုင်ပါတယ်။ 

    အောက်တိုဘာ ၃ ရက် မှ အောက်တိုဘာလ ၉ ရက်အထိ ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏ မများပါ၊ 

    ·          ပြင်ဦးလွင်၊ မိုးကုတ်နှင့်ကျောက်ဆည်ခရိုင်များတွင် ၇ ရက် မိုးရေချိန် အများဆုံး(၇၀ မီလီမီတာ ၂.၇၅ လက်မနှင့်အထက်) ရွာသွန်းနိုင်ပါမယ်။ 

    ·          မိုးကုတ်ခရိုင်တွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မ သည် အများဆုံးမိုးရေချိန်ပမာဏဖြစ်နိုင်ပါတယ်။ 

    ·          ဖြစ်ပေါ်နိုင်ချေရှိသော သဘာဝဘေးများအနက် မိုးသည်းထန်ခြင်း/မိုးများခြင်း၊ ရေကြီးရေလွှမ်းနိုင်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းကြောင့် လျှပ်စီး/မိုးကြိုးအန္တရာယ်ရှိနိုင်ခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအပေါ်သက်ရောက်နိုင်သည့်အခြေအနေတို့ကို ခန့်မှန်းဖေါ်ပြထားပါတယ် - 

    o    မန္တလေးမြို့တွင်းနှင့် အနိမ့်ပိုင်းရပ်ကွက်/ကျေးရွာများတွင် မိုးသည်းထန်ပါက ခေတ္တမျှရေကြီးနိုင်တာ ဆက်ရှိနေပါဦးမယ်။ 

    o    လယ်ကွင်းများတွင် ရေဝပ်နိုင်တာကြောင့် စိုက်ပျိုးမြေများ ရေလွှမ်းခံရသည့်အခြေအနေဖြစ်ပေါ်နိုင်ပြီး 

    o    တောင်ပေါ်မြေမြင့်ဒေသများမှ မြို့နယ်/ခရိုင်များတွင် မြေဆီလွှာတိုက်စားခြင်း(Soil Erosion)ဖြစ်နိုင်တာကြောင့် စိုက်ပျိုးရေးကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်‌ဆွေးနွေးခြင်း၊ အကြံပြုချက်များလက်ခံရယူဆောင်ရွက်ခြင်းတွေ လုပ်သင့်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C (မန္တလေး၊ ညောင်ဦးမြို့၊ ကျောက်ဆည်၊ မိတ္ထီလာ)နှင့် ၂၄°C (ပြင်ဦးလွင်) ရှိနိုင်ပြီး 

    ·          အနိမ့်ဆုံးညအပူချိန် ၁၉°C(ပြင်ဦးလွင်) နှင့် ၂၅°C(ညောင်ဦး)ရှိနိုင်ပါတယ်။ 

    ·          မန္တလေးတိုင်းရဲ့ နံနက်အစောပိုင်း/ညနက်ပိုင်းအချိန်များရဲ့ အပူချိန်တွေသည် အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းမှာ ထပ်မံကျဆင်းလာနိုင်ပါတယ်။ 

    ·          အောက်တိုဘာလ ယခု ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှ တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင် မှ ၁၀ မိုင်ခန့်ရှိနိုင်ပြီး၊ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၇၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်းဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels like temperature)၃၇°C ရှိနိုင်ပါတယ်။ 

    မန္တလေးမြို့၊ ကျောက်ဆည်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၃၅ ဝန်းကျင်မှာရှိနေနိုင်ပြီး အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးရာတွင် ဂျိုလိမ်ရောဂါစတင်ကျရောက် နေပါသဖြင့် အောက်ပါနည်းလမ်းများအတိုင်းကာကွယ်နှိမ်နင်းပေးနိုင်ပါတယ်။

    • ရေဝပ်သောမြေများတွင် ရောဂါပိုမိုဆိုးရွားစေသဖြင့် ရေသွင်းရေထုတ်လွယ်ကူသော မြေများတွင် စိုက်ပျိုး သင့်ပါတယ်။
    • ပေါင်းတွေကို နှိမ်နင်းပေးပါ။
    • ပင်ကြွင်းပင်ကျန်များတွင်လည်း စနစ်တကျ ဖျက်ဆီးပစ်ရပါမယ်။
    • မျိုးရင်းဝင် မတူသည့် သီးနှံပင်များဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
    • ဓာတုဆေးသုံးလိုပါက မက်တယ်လဆီ (Metalaxyl) ကလိုရိုသာလိုနေး(Chlorothalonil) ဒိုင်ဖာကိုနာဇိုးလ် (Difenoconazole) အဇိုဆီစထရိုဘင် (Azoxystrobin) စတဲ့ဆေးအဆိပ်ပါတဲ့ဆေးတစ်မျိုးမျိုးကိုအညွှန်းအတိုင်းအသုံးပြုနိုင်ပါတယ်။

    ငါးကန် ရေဩဇာကောင်းမွန်ရရှိစေရန် အကြံပြုချက် 

    ကန်အတွင်းသဘာဝအစာ ရရှိစေရန်အတွက် ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးကိုသတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းရန် လိုအပ်ပါသည်။ 

    ထုံးပက် ရေသွင်းပြီး ကန်ရေ (၂)ပေရှိ ငါးမွေးကန် တစ်ဧကလျှင် ပုလဲ (၁၂)ပိသာ ၊တီစူပါ (၆)ပိဿာနှင့် ပိုတက်(၃)ပိဿာကို ရောပြီး နေပူချိန် မနက်ပိုင်းတွင် ကန်အတွင်းသို့ နေရာအနှံ့ပက်ပေးပါ။ (၃)၇က်မှ (၇)ရက်အကြာတွင် ကန်ရေသည် အစိမ်းနုရောင် (သို့မဟုတ်) စိမ်းဝါရောင်သို့ပြောင်းလဲလာပါလိမ့်မည်။ 

    အဆိုပါ အခြေအနေတွင် ကန်အတွင်း သဘာဝအစာများပေါက်ဖွားလာခြင်း ဖြစ်ပါသည်။ သဘာဝအစာများ ပေါက်ဖွားခြင်းအတွက် နေရောင်ခြည်သည် အထူးအရေးကြီးပါသည်။ ထို့ကြောင့် နွေရာသီတွင် နေပူပြင်းသောကြောင့် အစာပေါက်ဖွားနှုန်း ပိုမိုကောင်းမွန်ပြီး အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်သို့ အလျှင် အမြန်ပြောင်းလဲလာပါသည်။ မိုးရာသီတွင် နေအလင်းရောင် ရရှိမှုနည်းသောကြောင့် အစိမ်းနု ရောင်သာဖြစ်ပေါ်ပြီး မိုးအဆက်ရွာသွန်ပြီး၊‌ နေရောင်ခြည် ရရှိမှုနည်းခြင်းတို့ကြောင့်လည်း သဘာဝ အစာမပေါက်ဖွားနိုင်ဘဲ လုံးဝပျောက်ကွယ် သွားတတ်ပါသည်။ 

    --------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
3321