မိုးလေဝသခန့်မှန်းချက်နှင့် ဧရာဝတီမြစ်ရေသုံးသပ်ချက်
- ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် မှ ၁၄ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်များအတွက် တစ်ပတ်တာပျမ်းမျှ မိုးရေချိန် ၁.၈ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈၊ ၁၃၊ ၁၄ ရက်နေ့များတွင် ပျမ်းမျှ မိုးရေချိန် ၀.၃ လက်မဝန်းကျင် ရရှိနိုင်ပြီး ၉၊ ၁၀ရက်များတွင် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ပဲခူးတိုင်း၊ ပဲခူးမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၁.၇ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈၊ ၁၄ ရက်နေ့များတွင် ပျမ်းမျှ မိုးရေချိန် ၀.၃ လက်မကျော် ရရှိနိုင်ပြီး ကျန်ရက်များတွင် ၀.၂ လက်မဝန်းကျင်သာ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတွက် ပျမ်းမျှမိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ မိုးရေချိန် ၁ လက်မ ဝန်းကျင်သာ ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့တွင် ၀.၂ လက်မခန့် ရရှိနိုင်ပြီး ကျန်ရက်များတွင် ၀.၂ လက်အောက်သာ ရှိသဖြင့် မိုးရွာနိုင်ချေနည်းပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၁.၇ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့တွင် ပျမ်းမျှ မိုးရေချိန် ၀.၃ လက်မကျော် ရရှိနိုင်ပြီး ၁၁ ရက်နေ့တွင် ၀.၄ လက်မဝန်းကျင် ရရှိနိုင်သဖြင့် ဒီတစ်ပတ်အတွင်း မိုးရေချိန် အများဆုံး ရရှိနိုင်သော ရက်များဖြစ်ပါသည်။ ၁၃၊ ၁၄ ရက်များတွင် ရရှိနိုင်သော မိုးရေချိန်မှာ အလွန်လွန် နည်းပါးပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါတယ် ခင်ဗျာ။ - မကွေးတိုင်း၊ မင်းဘူးမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၁.၂ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပျမ်းမျှ နေ့စဉ်မိုးရေချိန် ၀.၂ လက်မဝန်းကျင်သာ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C ရှိနိုင်ပါတယ် ခင်ဗျာ။ - ဧရာဝတီတိုင်း၊ ဖျာပုံမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၂.၁ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ အောက်တိုဘာ ၈ ရက်နေ့တွင် ၀.၅ လက်မခန့် ရွာသွန်းနိုင်ပြီး ၉၊ ၁၃၊ ၁၄ ရက်များတွင် နေ့စဉ်မိုးရေချိန် ၀.၃ လက်မကျော် ရရှိနိုင်ပါသည်။ ကျန်ရက်များတွင် ၀.၂ လက်မဝန်းကျင်ခန့်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။ -  #ဧရာဝတီမြစ်ရေ သုံးသပ်ချက် - ************************** - ယခုလက်ရှိမြင့်တက်နေတဲ့ ဧရာဝတီမြစ်ရေဟာ ဧရာဝတီ မြစ်ရိုးတလျောက် မြို့များအားလုံးမှာ အောက်တိုဘာလကုန်အထိ စိုးရိမ်ရေအမှတ်အသီးသီးကိုမရောက်နိုင်တော့ဘူးလို့ သုံးသပ်ရရှိထားပါတယ်။ - ဒီနှစ်အောက်တိုဘာလအတွင်း မြစ်ကြီးနားမြစ်ရေ နောက်ဆုံး တစ်ကြိမ်တော့ ကျန်ပါသေးတယ်။ - သို့ပေမယ့် မိုးနှောင်းကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများနှင့် ကချင်ပြည်နယ် အထက်ပိုင်းဒေသ များမှာ မိုးအား ပုံမှန်ခန့်သာရှိနေနိုင်သည့်အတွက် အထူးစိုးရိမ်စရာမတွေ့ရသေးပါ။ - ထူးခြားမိုးလေဝသအခြေအနေမရှိခဲ့တော့ဘူးဆိုရင်တော့ အခုတက်လာမယ့်ရေက နောက်ဆုံးရေလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ - ဒီနှစ်အတွက် တောင်သူများအားလုံးအတွက် အခြေအနေ ကောင်းမွန်နေတာကို တွေ့ရပါကြောင်းနော် - အောက်တိုဘာလအတွင်း ယခုမြင့်တက်လာမယ့်မြစ်ကြီးနားမှ ကျဆင်းလာတဲ့ ဧရာဝတီ မြစ်ရေဟာမြစ်ရိုးတလျောက် မြို့များအားလုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကရောက်ရှိခဲ့တဲ့ အမြင့်ဆုံး ရေကို မကျော်နိုင်ပါကြောင်းသုံးသပ်ရရှိထားပါတယ်။ - ကိုးကား။ Weather Impact ၊ Sayar Naing Lin Htwe - ပဲမျိုးစုံသီးနှံအတွက် ရွက်ဖျန်းအားဆေးရွေးချယ်အသုံံးပြုနည်းအကြံပြုချက် - မတ်ပဲ၊ ပဲတီစိမ်းနဲ့ အခြားသောပဲမျိုးစုံများ အပင်ငယ်စဥ်တွင်ရွက်ဖျန်းအားဆေး အသုံးပြုလိုပါက Amino acid+ နိုက်ထရိုဂျင် (N) အဓိကပါသောရွက်ဖျန်းအားဆေးကို ၇-၁၀ ရက်ခြားတစ်ကြိမ်အသုံးပြုနိုင်ပါတယ်။
- သို့သော် စုပ်စားဖျက်ပိုးများဖြစ်သည့် ပျ၊ လှေး၊ ယင်ဖြူ ကျရောက်တာမျိုးရှိပါက နိုက်ထရိုဂျင်(N) ရွက်ဖျန်းများကို အလွန်အကျွံမသုံးပါနဲ့။
- ပေါင်းများပေါက်ရောက်မှုရှိပါက ပေါင်းမြက်များကို ဦးစွာနှိမ်နင်းပြီးမှ ရွက်ဖျန်းအားဆေးကို အသုံးပြုပါ။
- မတ်ပဲအဖူးဝင်ချိန်တွင် ပိုတက်စီယမ်(K) အဓိကပါသောရွက်ဖျန်းအားဆေး+ Mepiquat chloride ဟော်မုန်းရွက်ဖျန်း စသည်တို့ကို အဓိကရွေးချယ်အသုံးပြုပေးပါ။
 - ကကတစ်ငါးမွေးမြူခြင်းဆိုင်ရာ အကြံပြုချက် - ကကတစ်ငါးကို တီလားပီးယားငါးနှင့်ထည့်သွင်းမွေးမြူလိုပါက၊ သားပေါက်နှုန်းကောင်းသည့် တီလားပီးယားငါး အမ (၁၀၀) ကောင်နှင့် အထီး (၁၀၀)ကို (၄)လခန့် ကြိုတင်မွေးမြူထားပါ။ တီလားပီးယားငါးများ သားပေါက်လာပါက သဘာဝမှ ရရှိသော ကကတစ် ငါး (၃)လက်မ (၄)လက်မ အရွယ် ရွယ်တူငါးများကို ကန်အတွင်း လွတ်ပေးပါ။ ကကတစ်ငါးသည် တီလားပီးယား သားပေါက်များအပြင် ကန်အတွင်းရှိ ငါးရိုင်းများ၊ ပုစွန်စိတ်ကလေးများကို စားသောက်ကြီးထားနိုင်ပါသည်။ မွေးမြူးရေးကာလ (၆)လမှ (၈)လအချိန်တွင် ကကတစ်ငါးတကောင်၏ အလေးချိန်သည် (၅၀)ကျပ်သားအထက် ရရှိနိုင်ပါသည်။ ကကတစ်ငါး၏ ဈေးနှုန်းသည် ငါးကြင်းအုပ်စုဝင် ငါးများ၊ ငါးတန်များထက် ဈေးနှစ်ဆပိုရသဖြင့် တွဲဖက်မွေးမြူပါက ငါးမွေးတောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေပါမည်။ ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
