ကျဆင်းနေသည့် ပဲစင်းငုံစျေးများ ပြန်လည်မြင့်တက်လာ
- ကျဆင်းနေသည့် ပဲစင်းငုံစျေးများ ဆက်တိုက်ဈေးပြန်လည် မြင့်တက်လာကြောင်း ကုန်သည်များ ထံမှ သိရပါသည်။ အိန္ဒိယ နိုင်ငံ ရှိ ပဲစဉ်းငုံ အများဆုံးစိုက်သည့် ဒေသများတွင် မိုး သည်းထန်စွာရွာခဲ့သည့် အတွက် ပဲစိုက်ခင်းများ ဆုံးရှုံးပျက်စီးခဲ့သည့် အတွက် စျေးကွက်လိုအပ်ချက်အရ ဝယ်ယူမှု များလာသည့် ပြီး အိန္ဒိယမှာရော မြန်မာပြည်တွင်းမှာပါ ပဲစဉ်းငုံဈေးများ တောက်လျှောက်နီးပါး မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။ - “မှန်းထားကြတာက မတ်ပဲစျေးကို၊ အခု က ပဲစင်းငုံစျေးက ပြန်တက်လာတယ်။ မိုးကြောင့် အိန္ဒိယမှာ ပဲ စိုက်ခင်းတွေ ဆုံးရှုံးမှုများခဲ့တာလို့ သိရတယ်။ ဒါကြောင့် အဝယ်ရပ်နေတဲ့ အိန္ဒိယကုန်သည်တွေပြန်ပြီး အဝယ်ရှိလာလို့ ပြည်တွင်းက ပဲစင်းငုံစျေးတွေ ပြန်တက်လာတာ။ အိန္ဒိယနိုင်ငံကို တခြားနိုင်ငံက ပဲတွေ ဝင်လာမယ်ဆိုရင်တော့ စျေးက တမျိုး ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် စောင့်ကြည့်ရဦးမယ် ။” ဟု ပဲကုန်သည် တစ်ဦး ကပြောပါသည်။ - ဘုရင့်နောင် ကုန်စည်ဒိုင် စျေးကွက် စာရင်း အရ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း က ပဲစဉ်းငုံ တစ်တန်လျှင် ၂၃၆၀၀၀၀ ကျပ် သာ ရှိ ခဲ့ပြီး ယခု အောက်တိုဘာ လတွင် ပဲစင်းငုံနီ တစ်တန် ဈေး ၂၅၃၅၀၀၀ ကျပ်အထိ မြင့် တက်လာခဲ့ကြောင်း သိရပါသည်။ - ထို့ကြောင့် အိန္ဒိယနိုင်ငံသို့ အာဖရိကနိုင်ငံများ ဆီမှ ဈေးပိုသက်သာသည့် ပဲစင်းငုံများ ဝင်လာပါက တက်နေသည့် ပဲစင်းငုံဈေးကို ပြန်လည် ရပ်တန့်သွားနိုင်ကြောင်း သုံးသပ်ထား ကြပါသည်။ - သို့သော် ကုန်သည်များ ပြန်တက်လာမည့် ဟု ခန့်မှန်းထားသည့် မတ်ပဲစျေးမှာတော့ စျေး များ ကျဆင်း လျက်ရှိကြောင်းသိရပါသည်။ - လက်ရှိ မတ်ပဲ FAQ တစ်တန်ကို ၂၈၂၀၀၀၀ ကျပ် ပေါက်စျေး သာရှိ တော့ ကြောင်း သိရပါသည်။ - လက်ရှိ ပြည်တွင်း ပဲစင်းငုံ တင်ပို့ ခွင့်ကိုလည်း အိန္ဒိယ နိုင်ငံ က အခွန်ကင်းလွတ်တင်သွင်းခွင့် သက်တမ်းတိုးပေးထား ခြင်းလည်း ဖြစ်ကြောင်း သိရပါသည်။ - မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့် ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် စျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ ၏ ပဲတင်သွင်းမှု မူဝါဒအပေါ်မှာ လည်း အများကြီး သက်ဆိုင် ကြောင်းသိရသည်။ - ပြည်ပ နိုင်ငံများသို့ ပြည်တွင်းပဲများ တင်ပို့လျက်ရှိရာ အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ တင်ပို့ လျက်ရှိကြောင်းသိရသည်။ - ဖိုးချဲ(AMIA) - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
