cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။
  • အရှေ့/အနောက်ပင်လယ်ပြင်များတွင် ယခု ၁ ပါတ်အတွင်းဖြစ်ပေါ်နိုင်သည့် ထူးခြားသောမိုးလေဝသအခြေအနေ 

    ·         ယခု ၁ ပတ်အတွင်း အောက်တိုဘာ ၁၂ ရက်မှ စတင်၍ အရှေ့ဘက်မှ လေစီးကြောင်း(အရှေ့-အရှေ့မြောက်လေစီးကြောင်း)အားကောင်းလာပြီး မုတ်သုံလေအားနည်းနေပါမယ်။ 

    ·         ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တောင်ပိုင်း၊ ထိုင်းပင်လယ်ကွေ့၊ ဗီယက်နမ်ကမ်းနီး/ကမ်းလွန်ပင်လယ်ပြင်များတွင် လေပွေလှိုင်းများဖြစ်ပေါ်လာနိုင်ပြီး၊ အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၁၇ ရက် ဝန်းကျင်၌ ထိုင်းပင်လယ်ကွေ့၊ ကပ္ပလီပင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ကျယ်ပြန့်သောလေပွေလှိုင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ 

    ·         လေပွေလှိုင်းများ၏အရှိန်ကြောင့် ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ကို ဖြတ်သန်းတိုက်ခတ်လာသည့် အရှေ့-အရှေ့မြောက်လေစီးကြောင်းနှင့်အတူ အောက်တိုဘာ ၁၈-၁၉-၂၀ ရက်နေ့များတွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းဒေသများ၊ အလယ်ပိုင်းမိုးနည်းရေရှားဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန်ရရှိမှု ၄ လက်မထက် မကျော်သော မိုးအနည်းငယ်မှ မိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပါမယ်။ 

    ·         GFS Model ကြိုတင်ခန့်မှန်းချက်အရ အောက်တိုဘာ ၁၇ ရက်နေ့နှင့် နောက်ပိုင်းရက်များမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပါတယ်။ 

    ·         မြန်မာနိုင်ငံတခုလုံးတွင် အောက်တိုဘာ ၉ ရက် မှ ၁၅ ရက် (၇ ရက်အတွင်း) ရွာသွန်းရရှိနိုင်မည့် (Nation-wide rainfall total forecast) ပျမ်းမျှမိုးရေချိန်ပမာဏပုံကို သီးခြားတင်ပေးထားပါတယ်။ 

      အောက်တိုဘာလ ၉ ရက်မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·         လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်ခန့်မှ ၃ လက်မအထက်အထိ၊ 

    ·         ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ငွေဆောင်၊ ပုသိမ်၊ ကျိုက်လတ်၊ ကျုံပျော်၊ ငသိုင်းချောင်းမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်(၃ လက်မအောက်) ၊ 

    ·         ပန်းတနော်၊ ဓနုဖြူ၊ ဟင်္သာတ၊ မြန်အောင်/ကြံခင်း၊ ကျောင်းကုန်း မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၁ လက်မခွဲအထက် ၂ လက်မအောက် - အသီးသီးရွာသွန်းရရှိနိုင်ပါတယ်။ 

    ·         အောက်တိုဘာလ ၉ ရက် မှ အောက်တိုဘာလ ၁၅ ရက်အထိ ရွာသွန်းရရှိနိုင်သည့် Meteoblue, Icon model ၏ ကြိုတင်ခန့်မှန်းချက် ဧရာဝတီတိုင်း၊ မြို့နယ်/ခရိုင်အလိုက် ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်ဇယားပုံကို တွဲတင်ပေးထားပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·         ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ 

    ·         ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    ·         ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။ 

    ·         လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၃၀ ခန့်သာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ 

    ·         ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၀ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၂ ပေခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မိုးရာသီ ငါးမွေးကန်ရေနောက်ကျိရခြင်း  

    ·    ငါးမွေးကန်ရှိကန်ရေများ နောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားကလေးများ များပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ နှုန်းမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်းကျရောက်သဖြင့် ရေနောက်ကျိခြင်းကို ပိုမိုများပြားစေပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးပြီး အလင်းမှီစု အစာချက်လုပ်ခြင်း ဓာတုဖြစ်စဉ် ပြုလုပ်ရခြင်းနည်းပါးသဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့်အပြင် ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်း ကျ ဆင်းလာသည်ကို တွေ့ရှိရပါသည်။  

    ·    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    --------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
3651