အကောင်မျှောလှေး(သတ္တမျှောလှေး)Zoo Plankton မွေးမြူခြင်းလုပ်ငန်း
ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွင် သက်ရှိအစာ (သဘာဝအစာ)သည် ငါးပုစွန်များကြီးထွားရန်နှင့် ကျန်းမာရေးအတွက် အဓိကအရေးကြီးပါသည်။ ထို့ကြောင့် တောင်သူများသည် ကန်ပြင်ဆင်ချိန်တွင် ကန်အတွင်း သဘာဝမြေဩဇာနှင့် ဓာတုမြေဩဇာများထည့်သွင်းခြင်းကို မဖြစ်မနေဆောင် ရွက်ခဲ့ကြပါသည်။ မွေးမြူရေး ကာလတစ်လျှောက်တွင်လည်း မြေဩဇာကို လိုအပ်သလိုထပ်မံဖြည့်စွက်ခြင်း ကို ဆက်လက်ဆောင်ရွက်ကြပါသည်။ အဆိုပါဆောင်ရွက်ခြင်းသည် ကန်အတွင်း အပင်မျှောလှေးနှင့် အကောင် မျှောလှေးများပေါက်ဖွားစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊
သတ္တမျှောလှေး(အကောင်မျှောလှေး) Zoo Plankton သည် မျိုးစိတ်ပေါင်းများစွာရှိပြီး အစာကွင်းဆက်၏ ဒုတိယအခြေခံကျသော အစာကွင်းဆက်ဖြစ်ပါသည်။ ၄င်းသည် ရေလှိုင်းတွင် မျှောပါနိုင်ပါသည်။ ငါးများအတွက် သဘာဝရေပြင်နှင့် မွေးမြူရေးကန်အတွင်း အရေးကြီးသောအစာအရင်းအမြစ်ဖြစ်ပါသည်။ ငါးမွေးကန်အတွင်း အများအပြားတွေ့ရှိနိုင်ပါသည်။ အခြေခံအကျဆုံးနှင့် အသုံးဝင်သောမျိုးစိတ်မှာ Rotifer, Daphnia နှင့် Moina ဖြစ်ကြပါသည်။ Rotifer, Daphnia နှင့် Moina တို့ကို နီးစပ်ရာ ရေမြောင်းများ ၊ရေအိုင်များတွင် အလွယ်တကူ တွေ့နိုင်ပါသည်။ Moina သည် ရေချိုပုစွန်နှင့် ငါးခူသားပေါက်များကို ကျွေးမွေးရန်အကောင်းဆုံးဖြစ်ပါသည် ။ Rotiferကို ရေချို ရေငန် ငါးပုစွန်များအတွက် ကျွေးမွေးနိုင်ပါသည်။
Rotifer သည် ရေငန်တွင် မွေးမြူထားသောရေသတ္တဝါများအတွက်လည်း အရေကြီးသောအစာဖြစ်ပါသည်။ ဥပမာအားဖြင့် (ကျားပုစွန်၊ဂဏန်း)တို့သည် ရေထုညစ်ညမ်းမှုနှင့် alkaline , Acid , hard water နှင့် soft water တို့ကို ခံနိုင်ရည်ရှိသည်။ ရေချို၊ ရေငန် နှစ်မျိုးစလုံးတွင် နေထိုင်နိုင်သည်။ မွေးမြူရေးကန်အတွင်းရှိ ရေလွှာ အထက်၊ အလယ်နှင့် အောက်တို့တွင် ရှင်သန်နိုင်သည်။ ဈေးကြီးသော အာတီးမီးယားသားလောင်းများနှင့် ဖော်စပ်စာတို့နေရာတွင် အစားထိုးအနေနဲ့ ကျွေးမွေးနိုင်ပါသည်။
ဦးစန်းအောင်
ထွက်တိုး
------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price