အရွက်များကြွေကျကုန်သည်အထိဆိုးဝါးလာသော ပန်းမုံလာဘက်တီးရီးယားရွက်ပြောက်ရောဂါ
ပန်းဂေါ်ဖီ/ပန်းမုန်လာသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်သော်လည်း အပူဒဏ် ခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ခြောက်သွေ့လွန်းသော ရာသီဥတုတွင် အပွင့်ဖြစ်ထွန်းရန် ခက်ခဲပါသည်။ မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများတွင် ဧပြီ၊မေ၊စက်တင်ဘာ၊နှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။
ပန်းဂေါ်ဖီ/ပန်းမုန်လာ ဘက်တီးရီးယားရွက်ပြောက်ရောဂါမှာ Pseudomonas syringae pv. Maculicola ဟုခေါ်သော ဘက်တီးရီယားကြောင့်ဖြစ်ပြီး ရောဂါကျမျိုးစေ့၊ အပင်အကြွင်းအကျန်များနှင် မြေကြီးထဲတွင်ခိုအောင်းနေထိုင်ကာ တိုက်ခိုက်လေ့ရှိပါသည်။ သွင်းရေ/မိုးရေတို့မှ တဆင့် ကူးစက် ပြန့်နှံ့တတ်ပါသည်။ ရောဂါလက္ခဏာမှာ အရွက်နှင့် ပန်းပွင့်များပေါ်တွင် သေးငယ်သော အစက် အပျောက်လေးမှ စတင်ကာ တဖြေးဖြေးကြီးလာပြီး ပုံသဏ္ဍန်မမှန်သော အကွက်များဖြစ်လာပြီး ဒေါင်းနီးရွက်ပြောက်ရောဂါနှင့် ဆင်တူပါသည်။ အရွက်များပေါ်တွင် ဆိုးဝါးစွာကျရောက်ပါက အရွက်များကြွေကျသွားကာ အပွင့်ပေါ်တွင် ကျရောက်ပါက စျေးကွက်မဝင်ပဲဖြစ်သွားတတ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ -
- ရောဂါကင်းသောမျိုးစေ့ရွေးချယ်စိုက်ပျိုးပါ။
- မစိုက်ခင် မျိုးစေ့ကို ရေနွေးစိမ်ပေးပါ။
- မျိုးရင်းမတူညီသောသီးနှံဖြင့် အနည်းဆုံး ၁နှစ် သီးလှည့်စိုက်ပေးပါ။
- ရေဝပ်ခြင်းမှရှောင်ကြဥ်ပါ။
- ပင်ကြွင်းပင်ကျန်များနှင့် ပေါင်မြက်များအားရှင်းလင်းဖယ်ရှားပေးပါ။
- ဓာတုဆေးသုံးလိုပါက ကော့ပါးပါဝင်သောဆေးများဖြစ်သည့် Copper hydroxide၊ Tri-basic Copper sulphate၊ Copper oxychloride တို့ကို Bismerthiazol နှင့် Kasugamycin တို့ဖြင့် ရောစပ်၍ ပက်ဖျန်းပေးပါ။
ထွက်တိုး
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price