မြေဆီအာဟာရကြွယ်ဝစေတဲ့ ကြံကြိတ်ဖက်သဘာဝမြေဩဇာ
- ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ကြံပင်မှသကြားထုတ်သည့်အပြင် ကြံရည်ကို နှစ်သက်စွာ သောက်သုံးလေ့ရှိသော ဓလေ့တစ်ခုရှိပါသည်။ သကြားစက်ရုံများတွင် ကြံရည်ထုတ်ယူပြီး ရရှိလာသော ကြံကြိတ်ဖက်များအား ယခုအခါသဘာဝမြေဩဇာအဖြစ် အဆင့်မြင့်စက်ကြီးများသုံးကာ အကျိုးရှိစွာ ပြန်လည်အသုံးချလာကြပါသည်။ တနိုင်တပိုင်ရောင်းချသော ကြံရည်ဆိုင်များမှ ထွက်ရှိလာသည့် ကြံကြိတ်ဖက်များကိုလဲ ပြုလုပ်အသုံးပြုနိုင်ကြောင်း ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါသည်။ ကြံပင်ကို ကြိတ်၍ ရရှိလာသော ကြံကြိတ်ဖက်များတွင် စိုက်ပျိုးရေးအတွက် များစွာ အကျိုးရှိသော အာဟာရဓာတ်များပါဝင်ပါသည်။ ၎င်းတို့တွင် အပင်အတွက်မရှိမဖြစ်လိုအပ်သော N,P,K တို့အပြင် မြေကြီးထဲရှိအကျိုးပြုအဏုဇီဝပိုးများအတွက် အစာဖြစ်သော ကာဗွန် (C)၊ မြေကြီး၏ ဖွဲ့စည်းပုံကိုကောင်းမွန်စေသော သစ်ဆွေးဓာတ် (Organic Matter)၊ နှင့် အခြားသော အနည်းလို အာဟာရများဖြစ်သော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်ပါသည်။ - ကြံကြိတ်ဖက်မြေဩဇာပြုလုပ်ရာတွင် လိုအပ်သော ပါဝင်ပစ္စည်းများမှာ - - ကြံကြိတ်ဖက်၊ နွားချေး (သင့်လျော်သော တိရစ္ဆာန်ချေး)၊ အီးအမ်ပျော်ရည်၊ ရေ
 - အချိုးအစားများမှာ- - ကြံကြိတ်ဖက် : နွားချေး = 3 : 1
- အီးအမ်ပျော်ရည် : ရေ = 1 : 20
 - ပြုလုပ်ပုံ - အရိပ်ရနေရာတွင် ကြံကြိတ်ဖက် ၁ လွှာ + နွားချေး ၁ လွှာ ခင်း၍ အီးအမ်+ ရေ ပျော်ရည်ကို ရွှဲသည်အထိ လောင်းပေးပါ။
- ၎င်း အလွှာအတိုင်း အပေါ်မှ ထပ်၍လုပ်ဆောင်ပေးပါ။ ပါဝင်ပစ္စည်းများအားလုံး အလွှာလိုက်ပုံပြီးပါက အပေါ်မှ မိုးကာ/ပလက်စတစ်ဖြင့်ဖုံးအုပ်ပေးပါ။
- အချိန် ၁ပတ်လျှင် ၁ ကြိမ် အထက်အောက်လှန်၍ ပြန်လည်ဖုံးအုပ်ပေးပါ။
- ၄၅ ရက်ကြာပါက စိုက်ခင်းထဲတွင် အသုံးပြုနိုင်သော မြေဆီအာဟာရကြွယ်ဝစေတဲ့ ကြံကြိတ်ဖက်သဘာဝမြေဩဇာကို ရရှိမည်ဖြစ်ပါသည်။
- ကြံကြိတ်ဖက်ကိုအခြေခံ၍ရရှိလာသော သဘာဝမြေဩဇာဖြစ်သည့်အတွက် မြေချဥ်/မြေငံ မည်သည့်မြေမျိုးမဆို အသုံးပြုနိုင်ပါသည်။
- မြေကြီးအတွင်းရှိပြီးသား အကျိုးပြုအဏုဇီဝပိုးများကို ပိုမိုပွားများလာစေကာ မြေဆောင်မှိုရောဂါများကို လျော့ပါးသက်သာစေပါသည်။
 - တောင်သူဦးကြီးများအတွက် စွန့်ပစ်ပစ္စည်းများမှ အကျိုးပြု သဘာဝမြေဩဇာပြုလုပ်အသုံးပြုကာ မြေဆီလွှာကျန်းမာရေးပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ ရေးသားမျှဝေပေးလိုက်ပါသည်။ - ရတနာ မှ ရေးသားမျှဝေသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
