cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သီးနှံပုံစံများအကြောင်း

. Cultural Practices
သီးလှည့်စိုက်ပျိုးခြင်း ( Crop Rotation ) မြေတစ်ခုတွင်သီးနှံများကိုလှည့်၍စိုက်ပျိုးသွားခြင်းကိုခေါ်ပါသည်။သီးလှည့်စိုက်ပျိုးခြင်း၏ရည်ရွယ်ချက်မှာပိုးမွှားကာကွယ်ရန်၊မြေဆီတက်စေရန်နှင့်မြေဆီတိုက်စားမှုကာကွယ်ရန်အတွက်သီးနှံများကိုလှည့်၍ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်ပါသည်။
  • (၁) သီးထပ်စိုက်ပျိုးခြင်း ( Sequential Cropping ) 

    တစ်နှစ်တာအတွင်း မြေတစ်ကွက်တွင် သီးနှံ(၂)မျိုး (သို့မဟုတ်) ထိုထက် ပိုသောသီးနှံများကိုသီးနှံတစ်ခု ရိတ်သိမ်းပြီး နောက်သီးနှံတစ်ခုကို ထပ်မံစိုက်ပျိုးခြင်း ဖြစ်ပါသည်။ သီးထပ်သင်္ကေတမှာ(-)ဖြစ်သည်။ သီးထပ်စိုက်ပျိုးခြင်းတွင်နှစ်သီးစားစိုက်ပျိုးခြင်း၊(Double Cropping)၊သုံးသီးစားစိုက်ပျိုးခြင်း(Triple Cropping) ဟူ၍ခွဲခြားနိုင်ပါသည်။ 

    ဥပမာ - သုံးသီးစိုက်သီးနှံပုံစံ မိုးစပါး - ကုလားပဲ - နွေစပါး 

            မိုးစပါး - မြေပဲ - နွေနှမ်း  

    နှစ်သီးစိုက်သီးနှံပုံစံ မိုးစပါး - ချည်မျှင်ရှည်ဝါ 

         မိုးစပါး - နေကြာ 

         မိုးစပါး - မြေပဲ 

     (၂) သီးညှပ်စိုက်ပျိုးခြင်း ( Inter Cropping ) 

    နှစ်သီး/နှစ်သီးထက်ပိုသောသီးနှံများကိုမြေတစ်ကွက်အတွင်းတစ်ချိန်တည်းအတူတကွစိုက်ပျိုးခြင်းကိုဆိုလိုပါသည်။သီးညှပ်စိုက်ပျိုးခြင်းတွင် Row Inter Cropping (အတန်းလိုက်သီးညှပ်စိုက်ခြင်း) နှင့် Mixed-Inter Cropping(သီးရောစိုက်ပျိုးခြင်း) ဟူ၍ နှစ်မျိုးတွေ့ရှိနိုင်ပါသည်။ 

    သီးညှပ်အတွက်သင်္ကေတမှာ ( + ) ဖြစ်သည်။ 

    ဥပမာ - ပဲစဉ်းငုံ + ပဲတီစိမ်း 

    (၃) သီးကြိုစိုက်ပျိုးခြင်း ( Relayed Cropping ) 

    နှစ်သီး/နှစ်သီးထက်ပိုသောသီးနှံများကိုပထမသီးနှံပန်းပွင့်ချိန်နှင့်မရိတ်သိမ်းမီကြားအချိန်တစ်ချိန်ချိန် 

     တွင် ဒုတိယသီးနှံကိုဆက်လက်စိုက်ပျိုးသောစနစ်ဖြစ်ပါသည်။ စပါးအပြီးသီးထပ်သီးနှံအတွက် အစိုဓါတ်နှင့်ရေလုံလောက်စွာရရှိနိုင်ရန်အတွက်ရည်ရွယ်၍စိုက်ပျိုးသောသီးနှံပုံစံဖြစ်ပါသည်။သီးကြိုစိုက်ပျိုးခြင်းအတွက်သင်္ကေတမှာ ( / ) ဖြစ်သည်။ 

    ဥပမာ - စပါးအပြီး ရေလိုက် ကုလားပဲ စိုက်ခြင်းကို စပါး / ကုလားပဲ ဖြင့် ရေးသားဖော်ပြပါသည်။ 

     (၄) တစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်း ( Mono Cropping ) 

    တစ်နှစ်အတွင်းမြေတစ်ကွက်တွင် သီးနှံတစ်မျိုးတည်းကိုသာဆက်တိုက် စိုက်ပျိုးခြင်းဖြစ်သည်။ 

    ဥပမာ - စပါး - စပါး - စပါး 

    ပဲ - ပဲ - ပဲ  

    (၅) သီးသန့်စိုက်ပျိုးခြင်း (Sole Cropping) 

    သီးနှံတစ်မျိုးကိုအခြားသီးနှံနှင့်ရောနှောခြင်းမပြုဘဲသီးခြားစိုက်ပျိုးခြင်းကိုခေါ်ပါသည်။အခြားတနည်းအားဖြင့်တစ်နှစ်အတွင်းတစ်သီးသာစိုက်ပျိုးပြီးကျန်အချိန်တွင်မြေကိုလှပ်ထားခြင်း ဖြစ်ပါသည်။ 

    ဥပမာ- စပါး - မြေလှပ်  

    (၆)အကန့်လိုက်စိုက်ပျိုးခြင်း( Strip or Alley Cropping ) 

    သီးနှံ(၂)မျိုး/(၂)မျိုးထက်ပိုသောသီးနှံကိုလုံလောက်သောအကျယ်အဝန်းဖြင့်သီးခြားလွတ်လပ်စွာအကန့်လိုက်အတိုင်းစိုက်ပျိုးထားခြင်းဖြစ်ပါသည်။ (တောင်ကုန်း၊ တောင်စောင်းများတွင်ကွန်တိုအကန့်များတွင်သီးနှံတစ်မျိုးစီကို စိုက်ပျိုးထားခြင်း ) 

    သင်္ကေတအားဖြင့် (// )ဖြင့်ဖော်ပြထားပါသည်။ 

    ဥပမာ - ယာစပါး( //) ပြောင်းဖူး  

    (၇) သီးလှည့်စိုက်ပျိုးခြင်း ( Crop Rotation ) 

    မြေတစ်ခုတွင်သီးနှံများကိုလှည့်၍စိုက်ပျိုးသွားခြင်းကိုခေါ်ပါသည်။သီးလှည့်စိုက်ပျိုးခြင်း၏ရည်ရွယ်ချက်မှာပိုးမွှားကာကွယ်ရန်၊မြေဆီတက်စေရန်နှင့်မြေဆီတိုက်စားမှုကာကွယ်ရန်အတွက်သီးနှံများကိုလှည့်၍ပြောင်းလဲစိုက်ပျိုးခြင်းဖြစ်ပါသည်။သီးလှည့်စိုက်ပျိုးခြင်းမှာနှစ်အတွင်းသီးလှည့်စိုက်ပျိုးခြင်းနှင့်နှစ်အ လိုက်သီးလှည့်စိုက်ပျိုးခြင်းများရှိပါသည်။နှစ်အတွင်းသီးလှည့်စိုက်ပျိုးခြင်းမှာတစ်နှစ်အတွင်းမြေကွက်တစ်ခုတွင်သီးနှံတစ်မျိုးပြီးတစ်မျိုးလှည့်၍စိုက်ပျိုးခြင်းဖြစ်ပါသည်။ 

    ဥပမာ - ၂၀၁၀ ခုနှစ်အတွင်း စပါး - ကုလားပဲ - နွေနှမ်း  

    နှစ်အလိုက်သီးလှည့်စိုက်ပျိုးခြင်းမှာ မြေကွက်တစ်ခုတွင်တစ်နှစ်အတွင်း သီးနှံ (၁) မျိုးတည်းကိုသာ စိုက်ပျိုးပြီး နောက်နှစ်မှသာ သီးလှည့်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ 

    ဥပမာ - ၂၀၁၀ ခုနှစ်တွင် စပါး - မြေလှပ် 

    ၂၀၁၁ ခုနှစ်တွင် မြေပဲ - မြေပဲ  

    (၈) သီးနှံစုံစိုက်ပျိုးခြင်း ( Multiple Cropping )  

    တစ်နှစ်အတွင်းမြေတစ်ကွက်တွင်တစ်ရာသီတည်း၌သီးနှံတစ်မျိုးထက်မကစိုက်ပျိုးခြင်းကိုဆိုလိုပါသည်။ဤအယူအဆအရနေရာနှင့်အချိန်ကိုအစီအစဉ်အမျိုးမျိုးနှင့်ထား၍စိုက်ပျိုးသည့်သီးနှံပုံစံအမျိုးမျိုးကိုတွေ့ရှိနိုင်ပါသည်။ 

    ဥပမာ - ဟင်းသီး/ရွက်မျိုးစုံ (ချဉ်ပေါင်၊ရုံးပတီ၊ခရမ်း၊နံနံပင်) ငရုတ်၊ ပန်းဂေါ်ဖီ၊ နေကြာ၊ ခရမ်းချဉ် 

    Ref: သီးနှံပုံစံများအကြောင်း 

    ✦✦✦✦✦✦✦✦  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။  

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
  • article
  • article
  • article
  • article
  • article
likes
11
comments
0
views
2092