မကွေးတိုင်း အောက်တိုဘာလ ၁၅ ရက် မှ အောက်တိုဘာလ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ
- အနောက်တောင်မုတ်သုံလေအခြေအနေ(အိန္ဒိယမိုးလေဝသဌာန - IMD) - · အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ - အိန္ဒိယနိုင်ငံအလယ်ပိုင်း MAHARASHTRA, CHHATTIS မြောက်ပိုင်း, JHARKHAND, ODISHA, WEST-BENGAL, ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၄ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးဖြစ်ကြောင်း (Actual Date of Withdrawal) ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။ - · မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတခုလုံးမှ ပုံမှန်အနောက်တောင်မုတ်သုံလေဆုတ်ခွာရက် (Normal Dates of Withdrawal) သည် အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ - ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ - · “ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း”နှင့် “ဘင်္ဂလားဒေရှ်နိုင်ငံတောင်ပိုင်း(ကုန်းတွင်း)”တို့တွင် အထက်အမြင့် ၁.၅ ကီလိုမီတာ(အမြင့်ပေ ၅၀၀၀ ခန့်)မှာ လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)၁ ခုစီ ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အောက်တိုဘာလ ၁၄ ရက် နေ့ နေ့လည်မှာထုတ်ပြန်ထားပါတယ်။ - · သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များမှ အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလးပင်လယ်အော်တောင်ပိုင်းမှ လေပွေလှိုင်းသည် ဆက်လက်တည်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ လေပွေလှိုင်းသည် အနောက်ဘက်-အိန္ဒိယနိုင်ငံအတွင်းသို့ ရွေ့လျားသွားကြောင်းတွေ့ရပါတယ်။ - · ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်၊ ဂူအမ်ကျွန်းတောင်ဘက်ပင်လယ်ပြင်မှ လေပွေလှိုင်း INVEST-96W သည် အပူပိုင်းမုန်တိုင်းအဖြစ်ပိုမိုအားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းသို့ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းမှာ စတင်၍ ဝင်ရောက်လာနိုင်ကြောင်း တွေ့ရပါတယ်။ - · INVEST-96W သည် ဆက်လက်အားကောင်းလာနိုင်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှာ တရုတ်ပြည် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အားပျော့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။ - · မုန်တိုင်းဖြစ်လာနိုင်မည့် INVEST-96W ၏ အရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၂ ရက် မှ ၂၆ ရက်နေ့အတွင်း အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးစီးပြီဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့တွင် မိုးအနည်းငယ်မှမိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု အစပျိုးဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရပါတယ်။ - · ယခုရက်သတ္တပါတ် ၁ ပတ်အတွင်းဖြစ်ပေါ်လာနိုင်သော ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့် မိုးလွန်ကာလမိုး/အခါလွန်မိုး/ဖျက်မိုးများ၏ အန္တရာယ်ရှိနိုင်သည့်အတွက် အထူးသတိပြုစောင့်ကြည့်ရပါမယ်။ - မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် - Windy နှင့် Ventusky Application တို့၏ ကြိုတင်ခန့်မှန်းရေး icon နှင့် gfs model များမှ ရရှိသည့်အချက်အလက်များအရ - - · မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - - မကွေး၊ မင်းဘူး၊ ဂန့်ဂေါ၊ ရေနံချောင်း၊ ပွင့်ဖြူ၊ ဆော၊ ကျော၊ စေတုတ္တရာ - · မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - - ပခုက္ကူ၊ တောင်တွင်းကြီး၊ နတ်မောက်၊ သရက်မြို့ - · နေ့စဉ်ပျမ်းမျှမိုးရေချိန်အများဆုံးရွာသွန်းနိုင်သည့် ကျောက်ထုမြို့တွင် အောက်တိုဘာ ၁၅ နှင့် ၁၇ ရက်နေ့များ၌ ၂၄ နာရီအတွင်းမိုးရေချိန် ၀.၇ လက်မ နှင့် ၀.၈ လက်မ၊ ဂန့်ဂေါမြို့တွင် အောက်တိုဘာ ၁၇ ရက်နေ့၌ ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မ ရွာသွန်းရရှိနိုင် နေရာကွ်၍ မိုးသည်းထန်နိုင်ပါတယ်။ - ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များ(ယခင်တပတ်ကြိုတင်ခန့်မှန်းချက်များနှင့် တူညီပါသည်) - · မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းကြီးဒေသများတွင် နေရာကွက်၍မိုးသည်းထန်သည့်အချိန်ကြာမြင့်ပါက ရေကြီးနိုင်ပါတယ်။ - · ဆော၊ ကျော၊ စေတုတ္တရာနှင့် ဂန့်ဂေါဒေသ တောင်ကုန်းထူထပ်သောနေရာအချို့တွင် တောင်ပြိုခြင်း/မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။ - · ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အခြေအနေမရှိနိုင်သော်လည်း မြစ်ရေမြင့်တက်လာနိုင်သည်ကို သတိထားစောင့်ကြည့်ရပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပြီး၊ - · မကွေးမြို့၊ ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့များတွင် အောက်တိုဘာ ၂၂ ရက်နေ့၌ ခံစားရသည့်အပူချိန် (Feels Like Temperature)၃၉°C ရှိနိုင်ပါမယ်။ - · မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၇၀% မှ ၈၀% အထိ ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% မှ ၁၀၀% အထိ ရှိနေနိုင်ပါတယ်။ - မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 50 to 60 အသင့်အတင့်(In Moderate Range)မှာ ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးတောင်သူများအတွက် ငရုတ်ခါးရိရောဂါအကြံပြုချက် - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးရာတွင် အပင်ငယ်စဥ်ကျရောက်ဖျက်ဆီးတတ်သည့် ငရုတ်ခါးရိရောဂါအား ကြိုတင်ကာကွယ်ပေးပါ။ ငရုတ်ခါးရိရောဂါကျရောက်ပါက အပင်ငယ် ပေါက်လာပြီးနောက် ညှိုး၍သေဆုံးခြင်း၊ ပင်စည်ပျော့ပုပ်ခြင်းတို့ကိုတွေ့ရတတ်ပါတယ်။ ပျိုးဘောင်၊ ပျိုးခင်း၊ စိုက်ခင်း အစိုဓာတ်များခြင်း၊ ညအပူချိန်မြင့်ခြင်း၊ မြေကြပ်ခြင်း၊ မြေဆွေးပါဝင်မှုနည်းခြင်း၊ အရိပ်ကျခြင်း၊ ပျိုးပင်အရေအတွက်စိပ်ခြင်း၊ ရေနစ်မြုပ်ခြင်း စသောအခြေအနေများတွင် ရောဂါပြန့်ပွားမှု ပိုမိုဖြစ်စေပါသည်။ - ကာကွယ်နှိမ်နင်းနည်းများမှာ- - စိုက်ခင်းတွင် သဘာဝမြေဆွေးထည့်သွင်းပြုပြင်ပေးပါ။
- ပိုတက်စီယမ်(K) အဓိကပါဝင်သောမြေဩဇာကို မြေခံထည့်သွင်းပေးပါ။
- နိုက်ထရိုဂျင်မြေဩဇာ(N) အလွန်အကျွံထည့်ခြင်းရှောင်ကြဥ်ပေးပါ။
- မျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုလိုပါက - Thiram 2.5g/kg နှုန်းထားဖြင့်သုံးနိုင်ပါတယ်။
- အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ- Thiophanate methyl, Dimethomorph, Propamocarb hydrochloride, Iprodione, Trifloxystrobin
 - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - ငါးမွေးတောင်သူများသည် ငါး၊ ပုစွန်မွေးမြူရေးအတွက် ကန်တူးရာတွင် သမာရိုးကျ (၃)ပေခွဲ(၄)ပေအထိသာ တူးဖော်ကြသည်ကို တွ့ရှိရပါသည်။ ငါးပုစွန်များသည် ကန်အတွင်း အသက်ရှူခြင်း၊ အစာစားခြင်း၊ အညစ်အကြေးစွန့်ခြင်း နှင့် မျိုးပွားခြင်းကို ဆောင်ရွက်ကြရပါသည်။ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် အောင်မြင်ရန် သတ်မှတ်ထားသော(စံ)များနှင့်ညီညွတ်ရန် လိုအပ်သည်။ - မွေးမြူရေးနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
