cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း အောက်တိုဘာလ ၁၅ ရက် မှ အောက်တိုဘာလ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းကြီးဒေသများတွင် နေရာကွက်၍မိုးသည်းထန်သည့်အချိန်ကြာမြင့်ပါက ရေကြီးနိုင်ပါတယ်။ ဆော၊ ကျော၊ စေတုတ္တရာနှင့် ဂန့်ဂေါဒေသ တောင်ကုန်းထူထပ်သောနေရာအချို့တွင် တောင်ပြိုခြင်း/မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။
  • အနောက်တောင်မုတ်သုံလေအခြေအနေ(အိန္ဒိယမိုးလေဝသဌာန - IMD) 

    ·          အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ - အိန္ဒိယနိုင်ငံအလယ်ပိုင်း MAHARASHTRA, CHHATTIS မြောက်ပိုင်း, JHARKHAND, ODISHA, WEST-BENGAL, ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းဒေသများမှ အောက်တိုဘာ ၁၄ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးဖြစ်ကြောင်း (Actual Date of Withdrawal) ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။ 

    ·          မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတခုလုံးမှ ပုံမှန်အနောက်တောင်မုတ်သုံလေဆုတ်ခွာရက် (Normal Dates of Withdrawal) သည် အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

    ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          “ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း”နှင့် “ဘင်္ဂလားဒေရှ်နိုင်ငံတောင်ပိုင်း(ကုန်းတွင်း)”တို့တွင် အထက်အမြင့် ၁.၅ ကီလိုမီတာ(အမြင့်ပေ ၅၀၀၀ ခန့်)မှာ လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)၁ ခုစီ ဖြစ်ပေါ်နေကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အောက်တိုဘာလ ၁၄ ရက် နေ့ နေ့လည်မှာထုတ်ပြန်ထားပါတယ်။ 

    ·          သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များမှ အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီ ကြိုတင်ခန့်မှန်းချက်အရ ဘင်္ဂလးပင်လယ်အော်တောင်ပိုင်းမှ လေပွေလှိုင်းသည် ဆက်လက်တည်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှ လေပွေလှိုင်းသည် အနောက်ဘက်-အိန္ဒိယနိုင်ငံအတွင်းသို့ ရွေ့လျားသွားကြောင်းတွေ့ရပါတယ်။ 

    ·          ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်၊ ဂူအမ်ကျွန်းတောင်ဘက်ပင်လယ်ပြင်မှ လေပွေလှိုင်း INVEST-96W သည် အပူပိုင်းမုန်တိုင်းအဖြစ်ပိုမိုအားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်းသို့ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းမှာ စတင်၍ ဝင်ရောက်လာနိုင်ကြောင်း တွေ့ရပါတယ်။ 

    ·          INVEST-96W သည် ဆက်လက်အားကောင်းလာနိုင်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှာ တရုတ်ပြည် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အားပျော့သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။ 

    ·          မုန်တိုင်းဖြစ်လာနိုင်မည့် INVEST-96W ၏ အရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၂ ရက် မှ ၂၆ ရက်နေ့အတွင်း အနောက်တောင်မုတ်သုံလေ ဆုတ်ခွာပြီးစီးပြီဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့တွင် မိုးအနည်းငယ်မှမိုးအသင့်အတင့် ရွာသွန်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု အစပျိုးဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရပါတယ်။ 

    ·          ယခုရက်သတ္တပါတ် ၁ ပတ်အတွင်းဖြစ်ပေါ်လာနိုင်သော ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့် မိုးလွန်ကာလမိုး/အခါလွန်မိုး/ဖျက်မိုးများ၏ အန္တရာယ်ရှိနိုင်သည့်အတွက် အထူးသတိပြုစောင့်ကြည့်ရပါမယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက် 

    Windy နှင့် Ventusky Application တို့၏ ကြိုတင်ခန့်မှန်းရေး icon နှင့် gfs model များမှ ရရှိသည့်အချက်အလက်များအရ - 

    ·          မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - 

    မကွေး၊ မင်းဘူး၊ ဂန့်ဂေါ၊ ရေနံချောင်း၊ ပွင့်ဖြူ၊ ဆော၊ ကျော၊ စေတုတ္တရာ 

    ·          မကွေးတိုင်းအတွင်းမှ အောက်ဖေါ်ပြပါမြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မနှင့်အထက် ရွာသွန်းရရှိနိုင်ပါတယ် - 

    ပခုက္ကူ၊ တောင်တွင်းကြီး၊ နတ်မောက်၊ သရက်မြို့ 

    ·          နေ့စဉ်ပျမ်းမျှမိုးရေချိန်အများဆုံးရွာသွန်းနိုင်သည့် ကျောက်ထုမြို့တွင် အောက်တိုဘာ ၁၅ နှင့် ၁၇ ရက်နေ့များ၌ ၂၄ နာရီအတွင်းမိုးရေချိန် ၀.၇ လက်မ နှင့် ၀.၈ လက်မ၊ ဂန့်ဂေါမြို့တွင် အောက်တိုဘာ ၁၇ ရက်နေ့၌ ၂၄ နာရီအတွင်း မိုးရေချိန် ၀.၈ လက်မ ရွာသွန်းရရှိနိုင် နေရာကွ်၍ မိုးသည်းထန်နိုင်ပါတယ်။ 

    ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များ(ယခင်တပတ်ကြိုတင်ခန့်မှန်းချက်များနှင့် တူညီပါသည်) 

    ·          မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်းကြီးဒေသများတွင် နေရာကွက်၍မိုးသည်းထန်သည့်အချိန်ကြာမြင့်ပါက ရေကြီးနိုင်ပါတယ်။ 

    ·          ဆော၊ ကျော၊ စေတုတ္တရာနှင့် ဂန့်ဂေါဒေသ တောင်ကုန်းထူထပ်သောနေရာအချို့တွင် တောင်ပြိုခြင်း/မြေပြိုခြင်းများဖြစ်နိုင်ပါတယ်။ 

    ·          ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အခြေအနေမရှိနိုင်သော်လည်း မြစ်ရေမြင့်တက်လာနိုင်သည်ကို သတိထားစောင့်ကြည့်ရပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၁°C ရှိနိုင်ပြီး၊ 

    ·          မကွေးမြို့၊ ပွင့်ဖြူမြို့နှင့် မင်းဘူးမြို့များတွင် အောက်တိုဘာ ၂၂ ရက်နေ့၌ ခံစားရသည့်အပူချိန် (Feels Like Temperature)၃၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမြို့နယ်များရဲ့ အောက်တိုဘာ ၁၅ ရက်နေ့ လေထုစိုထိုင်းဆ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး၊ တောင်ကုန်းထူထပ်သည့်ဒေသများ၊ ဧရာဝတီမြစ်ကမ်းအနီးဒေသများမှာ လေထုစိုထိုင်းဆ ၇၀% မှ ၈၀% အထိ ရှိနိုင်ပါမယ်။ မကွေးတိုင်းဒေသအားလုံးမှာ ညပိုင်းနှင့် နံနက်အစောပိုင်းလေထုစိုထိုင်းဆများသည် ၉၀% မှ ၁၀၀% အထိ ရှိနေနိုင်ပါတယ်။ 

    မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI level) 50 to 60 အသင့်အတင့်(In Moderate Range)မှာ ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် 

    ငါးမွေးတောင်သူများသည် ငါး၊ ပုစွန်မွေးမြူရေးအတွက် ကန်တူးရာတွင် သမာရိုးကျ (၃)ပေခွဲ(၄)ပေအထိသာ တူးဖော်ကြသည်ကို တွ့ရှိရပါသည်။ ငါးပုစွန်များသည် ကန်အတွင်း အသက်ရှူခြင်း၊ အစာစားခြင်း၊ အညစ်အကြေးစွန့်ခြင်း နှင့် မျိုးပွားခြင်းကို ဆောင်ရွက်ကြရပါသည်။ ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို စဉ်ဆက်မပြတ် အောင်မြင်ရန် သတ်မှတ်ထားသော(စံ)များနှင့်ညီညွတ်ရန် လိုအပ်သည်။ 

    မွေးမြူရေးနဲ့ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
4
comments
0
views
4157