cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပြောင်းစျေးကောင်းနိုင်ချေ မရှိသေးကြောင်း ကုန်သည်များ သုံးသပ်ထား

. Market News
ပြီးခဲ့သည့်လဖြင့် ယှဉ်ကြည့်ရာ လက်ရှိပြောင်းစျေးများ ကျဆင်းနေပြီး နောက်ပိုင်းတွင်လည်း စျေးကောင်းလာနိုင်ချေ မရှိသေးကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။
  • မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် ပြောင်းဈေးသက်သာသည့် အနောက်နိုင်ငံများမှ ပြောင်းများကို ၀ယ်ယူနေ၍ မြန်မာပြောင်းဈေးမှာ အမြင့်စျေးရဖို့ မျှော်မှန်းလို့ မရနိုင်သေးကြောင်း သုံးသပ်ထားကြသည်။

    ပြီးခဲ့သည့်လအတွင်းက ပြောင်းတစ်ပိဿာ လျှင် ၁,၅၆၀ မှ ၁,၅၈၀ ကျော်ထိ ရှိခဲ့ရာမှ ယခုလအတွင်း ပြောင်းတစ်ပိဿာ လျှင် ၁,၄၅၀ ကျပ်မှ ၁,၄၇၀ ကျပ် ဝန်းကျင်သို့ ကျဆင်းလျက်ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါသည်။

    “တစ်ချို့ကလဲ ပြောင်းဈေးက အောက်တိုဘာ၊ နိုဝင်ဘာလမှာ ဈေးမရနိုင်သေးပါဘူးလို့ သုံးသပ်ထားကြတယ်။ ထိုင်းကလည်း မြန်မာနိုင်ငံက အဝယ်ရပ်ပြီး အမေရိကန်က ပြောင်းကို မဖြစ်မနေ ၀ယ်ယူပေးနေရတဲ့ အခြေအနေဖြစ်နေတော့ လက်ရှိမှာ ထိုင်းမှာစျေးတက်လဲ မြန်မာပြောင်းစျေးနဲ့ သိပ်မဆိုင်သလို ဖြစ်နေတယ်” ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

    လက်ရှိ ပြည်ပ တင်ပို့ရာတွင်လည်း အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုမရတော့သည့်အတွက် ထိုင်းနိုင်ငံသို့ တင်ပို့မှုကို စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိ ရပ်နားထားကြပြီး ဈေးကွက်အတွင်း ပို့ကုန် ဝယ်လက်သမားများ၏ ဝယ်ယူမှုမှာလည်း ကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါသည်။

    ထို့အပြင် ပြည်တွင်းမတည်ငြိမ်မှုကြောင့် နယ်စပ်လမ်းကြောင်းများတွင် အချိန်ကြာမှုများလည်းရှိကြောင်း သိရသည်။

    လက်ရှိ ကမ္ဘာ့ပြောင်းပေါက်ဈေးမှလည်း ကျနေပြီး သင်္ဘောတင် FOB စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၄၀ မှ ၂၅၀ အထိသာရှိကြောင်း သိရပါသည်။

    သို့ဖြစ်၍ ထိုင်းနိုင်ငံအစား တရုတ်နှင့် အခြားနိုင်ငံသို့ အနည်းငယ် အထိုက်အလျောက် တင်ပို့နေကြောင်းလည်း သိရပါသည်။

    မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်သော ပြောင်းသည် မျိုးရိုးဗီဇ မပြုပြင်ထားခြင်းနှင့် စိုက်ပျိုးချိန် ပိုးသတ်ဆေး ဖျန်းခြင်းများ မရှိခြင်းကြောင့် တခြားနိုင်ငံများနှင့် ယှဉ်ပါက အားသာချက်ရှိပြီး ကမ္ဘာ့ပြောင်းပေါက်ဈေးနှင့် ယှဉ်တွဲဈေးရနေခြင်းကြောင်း သိရပါသည်။

    နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် နှစ်ဒသမသုံးသန်းနှင့် နှစ်ဒသမခြောက်သန်းကြားတွင် ထွက်ရှိလျက်ရှိကြောင်း သိရပါသည်။

    ဖိုးချဲ (AMIA) for Htwet Toe

    ------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 


  • article
likes
5
comments
0
views
1745