cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း အောက်တိုဘာလ ၁၆ ရက် မှ အောက်တိုဘာလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခု ၁ ပတ်အတွင်း ဧရာဝတီတိုင်းတခုလုံးအနေဖြင့် မိုးများနိုင်မည့်အခြေအနေမရှိပဲ မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာရွာသွန်းရရှိနိုင်မှာဖြစ်တာကြောင့် စပါးရိတ်သိမ်းချိန်အတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်မည့်အခြေအနေကို သတိပြု
  • အနောက်တောင်မုတ်သုံလေအခြေအနေ(အိန္ဒိယမိုးလေဝသဌာန - IMD) 

    ·          အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ - မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတခုလုံးမှ ပုံမှန်အနောက်တောင်မုတ်သုံလေ အပြီးတိုင်ဆုတ်ခွာရက် (Normal Dates of Fully Withdrawal) သည် အောက်တိုဘာလ ၁၅ ရက်နေ့ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း၊ အောက်တိုဘာ ၁၅ ရက်အထိ မုတ်သုံဆုတ်ခွာကြောင်း ထုတ်ပြန်ခြင်း မရှိသေးပါ။ 

    ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          “ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း”တွင် ဖြစ်ပေါ်နေသော အမြင့်ပေ ၅၀၀၀ ခန့်(1.5 km)မှ လေပွေလှိုင်းသည် တမီလ်နာဒူးပြည်နယ်တောင်ပိုင်း COMORIN အငူ အနီးမှာ ဆက်လက်တည်ရှိနေပါတယ်။ 

    ·          အဆိုပါ လေပွေလှိုင်းသည် အောက်တိုဘာ ၂၁ ရက် မှ ၂၃ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ ECMWF နှင့် GFS model များမှ အောက်တိုဘာ ၂၆ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Depression)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းများကို အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ထားပါတယ်။ 

    ·          လေပွေလှိုင်းဆက်လက်ဖြစ်ပေါ်လျှက်ရှိသည့်ဧရိယာ ကျယ်ဝန်းသောကြောင့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးနောက် ဆက်လက်ဦးတည်ရွေ့လျှားနိုင်မည့်လားရာသည် - 

    §   ECMWF Model မှ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် အန်ဒရာပရာဒက်ရှ်ပြည်နယ်ဘက်သို့လည်းကောင်း၊ 

    §   GFS Model မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့လည်းကောင်းရွေ့လျှားနိုင်ကြောင်း အသီးသီးခန့်မှန်းထားပါတယ်။ (IMD ISSUE) 

    ·          “တောင်တရုတ်ပင်လယ်”သို့ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်မည့် လေပွေလှိုင်း (INVEST-96W) သည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြို့တော်၊ မနီလာမြို့၏ အရှေ့ဘက် မိုင် ၄၉၀ ခန့်သို့ရောက်ရှိလာပြီး အပူပိုင်းမုန်တိုင်းအဆင့်ဖြစ်လာနိုင်ကြောင်း၊ 

    ·           အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၁၈ ရက် ည တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းတွင် တောင်တရုတ်ပင်လယ်အတွင်းသို့ စတင်ဝင်ရောက်လာနိုင်ကြောင်း၊ 

    ·          အောက်တိုဘာလ ၂၁ ရက် ည တွင် ဟောင်ကောင်တောင်ဘက် မိုင် ၂၉၀ ခန့်အကွာ၊ တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိလာနိုင်ကြောင်း ECMWF Model မှ ကြိုတင်ခန့်မှန်းထားပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအရှိန်သက်ရောက်မှုသည် ပြီးခဲ့သည့် တိုင်ဖွန်းမုန်တိုင်းများလောက် ပြင်းထန်နိုင်မည်မဟုတ်ဟု ခန့်မှန်းရပါတယ်။ အောက်တိုဘာ ၂၁ ရက်/၂၂ ရက်နေ့များတွင် တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်ပြီးနောက် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေကို ဆက်လက်စောင့်ကြည့်ရပါမယ်။ 

    ·          လက်ရှိဖြစ်ပေါ်နေသော မုတ်သုံဆုတ်ခွာချိန်-မိုးလေဝသအခြေအနေများကြောင့် အောက်တိုဘာ ၁၆ ရက် မှ ၂၀ ရက် ၅ ရက်အတွင်း၊ 

    §   မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရေချိန် ၃ လက်မအထက်၊ 

    §   ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရေချိန် ၂ လက်မအထက်နှင့် 

    §   ကျန်ပြည်နယ်တိုင်းများတွင် မိုးရေချိန် ၁ လက်မအထက် ဆက်လက်ရွာသွန်းနိုင်ပါတယ်။   

    အောက်တိုဘာလ ၁၆ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·          ဧရာဝတီတိုင်းအလယ်ပိုင်းဒေသများနှင့် အနောက်ဘက်၊ တောင်ဘက်ကမ်းရိုးတန်းဒေသများဖြစ်သည့် လပွတ္တာ၊ ငပုတော၊ ကျောင်းကုန်း၊ မြောင်းမြ၊ ပုသိမ်၊ မအူပင်နှင့် ဟင်္သာတမြို့နယ်/ခရိုင်များမှာ ၇ ရက်အတွင်း မိုးရေချိန်၂ လက်မအထက်၊ ၃ လက်မအောက်ရွာသွန်းနိုင်ပါတယ်၊ 

    ·          ယခု ၁ ပတ်အတွင်း ဧရာဝတီတိုင်းတခုလုံးအနေဖြင့် မိုးများနိုင်မည့်အခြေအနေမရှိပဲ မိုးအနည်းငယ်မှ မိုးအသင့်အတင့်သာရွာသွန်းရရှိနိုင်မှာဖြစ်တာကြောင့် စပါးရိတ်သိမ်းချိန်အတွင်း မိုးအနည်းငယ်ရွာသွန်းနိုင်မည့်အခြေအနေကို သတိပြု၍ - 

    §   ရိတ်သိမ်းပြီးစပါးနှံများ မိုးမမိစေရန် အမိုးအကာစများအဆင်သင့်ပြင်ဆင်ထားခြင်း၊ 

    §   ရေဝပ်နိုင်သောလယ်မြေများတွင် ရေထွက်ကောင်းစေရန်စီမံထားခြင်းနှင့် 

    §   လယ်ကွင်းပြင်များ၌ အလုပ်လုပ်နေစဉ် အသက်အန္တရာယ်ဖြစ်စေသည့် မိုးကြိုးပစ်နိုင်သည့်မိုးတိမ်တောင်များတက်လာခြင်းကို သတိပြုစောင့်ကြည့်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုပါမယ်။ 

     

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ ပင်လယ်ကမ်းရိုးတန်းအနီးက ခရိုင်/ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါတယ်။ 

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နံနက်/ညအချိန်တွေနဲ့ နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% အတွင်းမှာ ရှိနေနိုင်ပြီး လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၄၀°C အထိရှိနေနိင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၃၀ မှ ၅၀ အတွင်းရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှု မရှိပါ။ 

    ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃ ပေခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ .....

    စပါးမှိုသီးရောဂါ ကာကွယ်နှိမ်နင်းနည်းအကြံပြုချက်

    • ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းဘက်ရှိစပါးစိုက်တောင်သူများ စပါးမှိုသီးနဲ့ပတ်သတ်ပြီး မေးမြန်းလာတာကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • စပါးအနှံတွင် မှိုသီးလက္ခဏာတွေ့မှဆေးဖျန်းလျှင် နောက်ကျနေပြီဖြစ်ပြီး ဆေးဖျန်းခြင်းကြောင့် မှိုသီးပိုမိုပြန့်နှံ့နိုင်တာကို သတိပြုပါ။
    • တစ်ခါတည်းမှိုသီးကျနေသောစပါးနှံကို ချိုးပြီး အိတ်ထဲထည့်လာခဲ့ပါ။ စိုက်ခင်းထဲမှာပြန်မထားခဲ့ပါနဲ့။
    • စပါးဖုံးတုံးလုံးတုံအချိန် (သို့မဟုတ်) ပင်ပွားအများဆုံးထွက်ရှိချိန်တွင် မိုးရွာ၊ နေပူ၊ လေအေး လေပြင်းတိုက်သောအခြေအနေနှင့်ယခင်ရာသီတွင် မှိုသီးကျရောက်ခဲ့ပါက Propiconazole (သို့မဟုတ်) Copper hydroxide ဖျန်းခြင်း ဖြင့်ကြိုတင်ကာကွယ်နိုင်ပါတယ်။ 

    ငါးကန်ရေအနက်အတွက် အကြံပြုချက် 

    ငါးမွေးကန်တစ်ခု၏ ကန်ရေအနက်သည် အရေးကြီးသော အချက်တစ်ချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်တွင် ကန်ရေအနက်သည် (၅ - ၆.၅)ပေအထိ ရှိရပါမည်။ သမပိုင်းဇုန် ကန်ရေအနက်သည်(၁၂-၁၅)ပေ ရှိနိုင်ပါသည်။ ပုစွန်မွေးမြူရေးအတွက် ကန်ရေအနက်သည်(၄-၆)ပေ ရှိရပါမည်။ မွေးမြူရေးကန် ရေတိမ်ပါက အလင်းရောင် (နေရောင်ခြည်)ကောင်းစွာဖြတ်သန်းနိုင်သဖြင့် ရေဩဇာကြွယ်ဝစေပါသည်။ 

    --------- 

    စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
16
comments
0
views
4195