ခရမ်းကြွပ်သီး စိုက်ပျိုးနည်း🌱🌱
- ခရမ်းကြွပ်သီးကို များသောအားဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး နှစ်လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချနိုင်သည်။ မိမိအိမ်တစ်နိုင်တစ်နိုင်အတွက် စိုက်ပျိုးလိုပါက ဘူး၊ အိုးတို့ဖြင့် တစ်ကျင်း ၁ စေ့နှုန်း စိုက်ပျိုးနိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးပါက ပျိုးဘောင်ဖော်ပြီး မျိုးစေ့များကြဲကာ ပျိုးထောင်ရပါမည်။ အစေ့များကို ဘောင်ပေါ်ဖြန့်ကျဲပြီး အပေါ်မှ စပ်မြေအရောကို ပါးပါးပြန်ဖုံးပေးရမည်။ ရေ ပါးပါးလောင်းပေးရမည်။ (ရေအများကြီးမလောင်းမိစေရန် သတိထားပါ)။ (၆ - ၈) ရက်ကြာလျှင် အပင်ပေါက်လေးများကို မြင်တွေ့နိုင်ပါသည်။ အပင်ပေါက်များအား ပြန်လည်ခွဲထုတ်ကာ ပျိုးသက် ၁ လခန့်မှာ ရွှေ့ပြောင်းစိုက်သင့်ပါသည်။ - ရွှေ့ပြောင်းစိုက်ရန် ပျိုးပင်များအား ဘောင်ဖော်၍ ၂ - ၃ ပေခြား အတန်းလိုက်စိုက်ပျိုးကြသည်။ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျနိုင်သည်။ (မိမိထည့်သွင်းသော သွင်းအားစုပေါ်မူတည်၍ ကွာခြားနိုင်ပါသည်)။ - ခရမ်းကြွပ်သီးကို ငါးရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပြီး သွင်းအားစုထည့်သွင်းပေးနိုင်မူပေါ်မူတည်ပြီး အသီးကုန်ချိန်အထိ ငါးလခန့်အကြာ ခူးဆွတ်ရသည်။ တစ်ဧကလျှင် အလုံးရေ ၈၀၀၀၀ ခန့်ထွက်ရှိသည်။ ခရမ်းကြွပ်သီးစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိကြသည်။ - ထွက်တိုး - ------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါသည်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
