လှေးပိုး(သို့) သရစ်ပိုးအကြောင်း တစေ့တစောင်း
- လှေးပိုးတွေဟာ ဗိုင်းရပ်စ် ရောဂါကိုလည်း သယ်ဆောင်လာတတ်တဲ့အတွက် လှေးပိုးကျပြီးရင် အပင်တွေမှာ ဗိုင်းရပ်စ်ရောဂါထပ်ဆင့် ဖြစ်လာနိုင်ပါတယ်။ - လှေးပိုးတွေက သီးနှံနဲ့ နေရာပေါ်မူတည်ပြီးတော့ အဝါရောင်ကနေအနက်ရောင်ထိ အမျိုးမျိုးရှိတတ်ပြီးတော့ သီးနှံပင်တွေရဲ့ အရွက်၊ ပင်စည်၊အညွန့်နဲ့ အသီးတွေမှာရှိတဲ့ အရည်တွေကို စုပ်ယူစားသောက်ကြပါတယ်။ ကြက်သွန်ပင်၊ ပဲပင်၊ မုန်လာနဲ့အခြားသော ဥယျာဉ် ခြံသီးနှံတွေအပြင် ပန်းပင်တော်တော်များများမှာ ပိုမိုကျရောက်လေ့ရှိပါတယ်။ နောက်ပြီး လှေးပိုးတွေဟာ အုပ်စုလိုက်ကျရောက်ပြီးတော့ အပင်ရဲ့ ရွက်ကြား၊ ပင်စည်ကြားနဲ့ အရွက်အောက်ဘက် မျက်နှာပြင်တွေမှာ နေလေ့ရှိပါတယ်။ - - လှေးပိုးဖျက်ဆီးခံရင်တော့ များသောအားဖြင့် ငွေရောင်အကွက်ငယ်လေးများကို အရွက်၊ အသီးလုံးနဲ့ အသီးတောင့်တွေမှာ တွေ့မြင်ရမှာပါ။ - - အချို့သောအပင်တွေမှာတော့ အရွက်တွေဟာ မူမမှန်တဲ့ပုံစံတွေ အနေနဲ့ တွေ့မြင်ရတတ်ပါတယ်။ - - လှေးပိုးတွေ စုပ်စားမှုကြောင့် အရွက်နဲ့ ပင်စည်တွေမှာရှိတဲ့ တစ်သျှူးသားတွေ သေကုန်ပါတယ်။ - - စုပ်စားခံရတဲ့ အရွက်တွေဟာ အရောင်ဖျော့လာခြင်း၊ အရွက်များလိပ်လာခြင်း၊ အရွက်များကြွေကျခြင်း၊ ညှိုးသွားခြင်း၊ အပင်များလိမ်သွားခြင်းများဖြစ်လာနိုင်ပြီးတော့ ဆိုးရွားပါက အပင်များသေတဲ့ထိ ဖြစ်တတ်ပါတယ်။ - - အသီးတွေမှာကျရင်တော့ အစားခံရတဲ့ အသီးတွေရဲ့ မျက်နှာပြင်မှာ ကြမ်းတမ်းတဲ့ ငွေရောင်အကွက်လေးတွေကို မြင်တွေ့ရမှာပါ။ - - အသီးတွေမှာ ကျရောက်ခဲ့ရင် အသီးတွေဟာ စျေးကွက်မှာ စျေးကောင်းမရတာ၊ စျေးကွက်မဝင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ - - လှေးပိုးတွေဟာ ဗိုင်းရပ်စ် ရောဂါကိုလည်း သယ်ဆောင်လာတတ်တဲ့အတွက် လှေးပိုးကျပြီးရင် အပင်တွေမှာ ဗိုင်းရပ်စ်ရောဂါထပ်ဆင့် ဖြစ်လာနိုင်ပါတယ်။ - - ဒါအပြင် ကိုက်ခံရတဲ့ဒဏ်ရာကနေတဆင့် မှိုရောဂါများလည်း ထပ်ဆင့်ဝင်ရောက်လာနိုင်ပါသေးတယ်။ - လှေးပိုးကျရောက်မှုကို ကာကွယ်ရန်အတွက် - - စိုက်ခင်းပတ်ပတ်လည်တွင် လှေပိုးများရှင်သန်နိုင်သော ပေါင်းပင်များနှင့် အမှိုက်များကို ရှင်းလင်းပေးရပါမယ်။ - - သီးနှံများကို မစိုက်မီ မဖြစ်မနေ ထည်ထိုး၊ ထွန်မွှေပေးပါ။ မြေကြီးထဲက လှေးပိုးရုပ်ဖုံးကောင်တွေသေစေရန်အတွက် ဖြစ်ပါတယ်။ - - သီးလှည့်စနစ်ကိုကျင့်သုံးပေးပါ။ - - ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ လှေးပိုးတွေပေါက်ဖွားနှုန်းမြင့်တာကြောင့် ဆိုးရွာစွာကျရောက်တတ်ပါတယ်။ - - သီးနှံများကို ရေပုံမှန်ထောက်ပံ့ထားပေးခြင်းကလည်း လှေးပိုးကျရောက်နိုင်မှုကို နည်းစေပါတယ်။ - - အချို့သော သီးနှံများမှာ လှေးပိုးကျရောက်စဉ် အခင်းကိုရေလွမ်းပေးခြင်းကလည်း လှေးပိုးကျရောက်နေမှုအရေအတွက်ကို လျှော့ကျစေပါတယ်။ - - လှေးပိုးကျရောက်ပါက အပြာရောင်ထောင်ချောက်များကို အသုံးပြုပြီး နှိမ်နင်းလို့ရပါတယ်။ - - ရေဖျန်းပေးခြင်း နဲ့ မိုးရွာခြင်းတို့ကလည်း လှေးပိုးအရေအတွက်ကို လျော့ကျစေပါတယ်။ - - သဘာဝဆေးများအနေနဲ့ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးဆပ်ပြာရည် စတဲ့သဘာဝပိုးသတ်ဆေးများကို အသုံးပြုပေးနိုင်ပါတယ်။ - ဓါတုပိုးသတ်ဆေးများအနေနဲ့ - (၁) အဆီတာမီပရစ် (Acetamiprid)၊ - (၂) လမ်ဒါဆိုင်ဟေလိုသရင် (Lambda-cyhalothrin)၊ - (၃) ပရိုဖီနိုဖော့စ် (Profenofos)၊ - (၄) ဒိုင်မီသိုအိတ် (Dimethoate)၊ - (၅) သိုင်ရာမီသောက်စင်(Thiamethoxam)၊ - (၆) ဖစ်ပရိုနေး(Fipronil) စတဲ့ ဆေးအဆိပ် ပါတဲ့ ဆေးတစ်မျိုးမျိုးကို အထုပ်/ဗူး ပါ အညွှန်းအတိုင်း ဖျန်းပေးနိုင်ပါတယ်။ - Ye Min Han - --- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
