cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အော်ဂဲနစ်ပိုးသတ်ဆေးများသည် အပင်ဖွံ့ဖြိုးမှုနှင့် လူသားများကို ထိခိုက်စေပါသလား?

. Pesticide Safety Measures
၂၀၁၈ ခုနှစ် - အိန္ဒိယနိုင်ငံ၌ အော်ဂဲနစ်ခရမ်းချဉ်သီးများစားသုံးပြီး အဆိပ်သင့်ခဲ့ပြီး၊ အကြောင်းရင်းမှာ ဆေးဂန္ဓမာ (Pyrethrin)ပိုးဆေး အလွန်အကျွံအသုံးပြုခဲ့သည့်အပြင်၊ ဆေးဖျန်းပြီး ၂၄ နာရီအတွင်း ခူးဆွတ်စားသုံးခြင်းကြောင့် လူ ၁၂ ဦး ဆေးရုံတင်ခဲ့ရသည်။
  • အော်ဂဲနစ်ပိုးသတ်ဆေးဆိုတာနဲ့ အရာရာတိုင်းကို ဥုံဖွ ပျောက်စေ၊

    ပိုးတွေပဲသေ‌စေ၊

    ကျန်တာ‌တော့ ဘေးကင်းသဟဆိုတဲ့ ဆေးများ မဟုတ်ပါဘူး။

    သူလဲပုထုဇဥ်မို့ Dark side တွေ ရှိပါတယ်။

    ၎င်းတို့ကို ဖျက်ပိုးများဒဏ်မှ ကာကွယ်နှိမ်နှင်းရန်အတွက် သဘာဝပစ္စည်းများကို အခြေခံထုတ်လုပ်ထား​ပေမယ့် ၎င်းတို့သည် သီးနှံအပင်များ၏ ဖွံ့ဖြိုးမှု၊ လုပ်သားများနှင့် စားသုံးသူများကို နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။

    • ကမ္ဘာ့ထင်ရှားသော ဖြစ်ရပ်များအနေဖြင့် ၂၀၁၈ ခုနှစ် - အိန္ဒိယနိုင်ငံ၌ အော်ဂဲနစ်ခရမ်းချဉ်သီးများစားသုံးပြီး အဆိပ်သင့်ခဲ့ပြီး၊ အကြောင်းရင်းမှာ ဆေးဂန္ဓမာ (Pyrethrin)ပိုးဆေး အလွန်အကျွံအသုံးပြုခဲ့သည့်အပြင်၊ ဆေးဖျန်းပြီး ၂၄ နာရီအတွင်း ခူးဆွတ်စားသုံးခြင်းကြောင့် လူ ၁၂ ဦး ဆေးရုံတင်ခဲ့ရသည်။

    • ၂၀၁၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ အော်ဂဲနစ်ဟင်းသီးဟင်းရွက်များမှ Rotenone residue များကို ကလေး ၃ ဦးတွင် ဓာတ်မတည့်မှုဖြစ်ပွားခဲ့ပါသည်။

    • ထို့ပြင် တမာဆီ + ဆပ်ပြာရည် ရောစပ်ဆေး ဆေးပြင်းအား အလွန်များခြင်းကြောင့် အော်ဂဲနစ်ဂေါ်ဖီထုပ်များစားသုံးမိပြီး မိသားစုအဆိပ်သင့်ခြင်း၊

    • ငရုတ်သီးဆေး + ကြက်သွန်ဖြူဆေးဖျန်းထားသော အော်ဂဲနစ်သခွားသီးများစားသုံးပြီး ယားယံခြင်းများ ဖြစ်ပေါ်ခဲ့ကြပါသည်။

    ‌အော်ဂဲနစ်စိုက်ပျိုးရေးကိုအားပေးသော ဂျပန်၊ ကိုရီးယားကဲ့သို့ နိုင်ငံများ၌ပင် အော်ဂဲနစ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို ပြုလုပ်ခြင်း၊ ကိုင်တွယ်ခြင်းများ ဆောင်ရွက်ရာ၌ ဓာတုသွင်းအားစုများကို အသုံးပြုသကဲ့သို့ အထူးဂရုစိုက်ကြရပါတယ်။

    အော်ဂဲနစ်ပိုးသတ်ဆေးများ၏ သီးနှံပင်များနဲ့ လူသားများအပေါ် ဆိုးကျိုးများကို ဖော်ပြပါ့မယ်။

    (က) အဆိပ်သင့်မှုများ (Phytotoxic Effects)

    ၁။ အရွက်များပျက်စီးခြင်း

    · လက္ခဏာ- အရွက်အရောင်ပြောင်းခြင်း၊ အရွက်လောင်ကျွမ်းခြင်း

    · ဖြစ်ပွားစေသောဆေးများ- ဆေးပြင်းလွန်းသော တမာဆေး၊ ဆပ်ပြာ၊ အရက်ပြန်ပါဝင်မှုများသောဆေး (ငါးအမိုင်နိုအက်ဆစ် နှုန်းထားများပါကလည်း လောင်ကျွမ်းနိုင်သည်)

    ၂။ အမြစ်ကြီးထွားမှု နှေးကွေးခြင်း

    · လက္ခဏာ- အမြစ်ဖွံ့ဖြိုးမှု ရပ်တန့်ခြင်း၊ အပင်ကြီးထွားမှု တန့်သွားခြင်း၊ ရေငတ်သည့် လက္ခဏာတွေ့ရခြင်း

    · ဖြစ်ပွားစေသောဆေးများ- ဆေးရွက်ကြီးပိုးသတ်ဆေးနှုန်းထား ပြင်းခြင်း၊ မြေဆီလွှာသို့ စိမ့်ဝင်နိုင်သော ဆေးများ၊ မြေသားအတွင်းလောင်းထည့်သော ဆေးများ

    ၃။ မျိုးစေ့အညှောက်ပေါက်နှုန်း ကျဆင်းခြင်း

    · လက္ခဏာ- မျိုးစေ့များ အညှောက်မပေါက်ခြင်း

    · ဖြစ်စေသောဆေးများ- မျိုးစေ့စိမ်ရာ၌ နှုန်းထားပြင်းလွန်းခြင်း၊ ဆေးစိမ်ချိန်ကြာမြင့်သွားခြင်း

    (ခ) အပင်များ၏ ဇီဝဖြစ်ပျက်မှုဆိုင်ရာ သက်ရောက်မှုများ (Metabolic Effects)

    ၁။ ဓာတုဖွဲ့စည်းမှု ပြောင်းလဲခြင်း

    · လက္ခဏာ- အပင်အတွင်း ဓာတ်ပစ္စည်းများ ပြောင်းလဲခြင်း

    · ဥပမာ- ပရိုတင်းဓာတ်၊ ကစီဓာတ်များ ပြောင်းလဲခြင်း

    ၂။ ဇီဝရုပ်ဖြစ်ပျက်မှု ကမောက်ကမဖြစ်ခြင်း

    · လက္ခဏာ- အပင်ကြီးထွားမှု ရပ်တန့်ခြင်း၊ အရွက်များဗိုင်းရပ်ကျသကဲ့သို့ တွန့်လိမ်ခြင်း၊ မချောမွေ့ခြင်း

    · ဥပမာ- နီကိုတင်းပါသော ဆေးများ

    ၃။ အပင်ဟော်မုန်းများ ဟန်ချက်ပျက်ခြင်း

    · လက္ခဏာ- အပင်ကြီးထွားမှု မူမမှန်ခြင်း၊ ပန်းပွင့်ချိန်ပြောင်းလဲခြင်း၊ အသီးကြွေခြင်း

    · ဥပမာ- ဟော်မုန်းများကို အနှောင့်အယှက်ပေးသော ဆေးများ

    (ဂ) မြေဆီလွှာကျန်းမာရေးအပေါ် သက်ရောက်မှု

    ၁။ မြေဆီလွှာအဏုဇီဝများ လှုပ်ရှားမှုနှေးကွေးခြင်း

    · လက္ခဏာ- မြေဆီလွှာဇီဝရုပ်ဖြစ်ပျက်မှု နှေးကွေးခြင်း

    · ဥပမာ- တမာပိုးသတ်ဆေး၊ ကြက်သွန်ဖြူပိုးသတ်ဆေး၊ မြေဆီလွှာနှင့် ရိုးပြတ်များ၌ ကြွင်းကျန်နိုင်သော ဆေးများ

    (ဃ) အကျိုးပြုအင်းဆက်များအပေါ် သက်ရောက်မှု

    ၁။ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်ကို ထိခိုက်ခြင်း

    · လက္ခဏာ- အသီးအပွင့် နည်းပါးခြင်း

    · ဥပမာ- ပျားများကို ထိခိုက်စေသော ဆေးများ (တမာ)၊ အနံ့ပြင်းလွန်းသောဆေးများ၊ ပန်းပွင့်ချိန်၌ ဆေးဖျန်းမိခြင်း

    ၂။ သဘာဝပိုးမွှားထိန်းချုပ်မှု စနစ်ပျက်စီးခြင်း

    · လက္ခဏာ- ဖျက်ပိုးများ ပိုမိုတိုးပွားလာခြင်း

    · ဥပမာ- အကျိုးပြုပိုးများကိုပါ သေစေသောဆေးများ

    (င) လုပ်သားများကို ထိခိုက်စေနိုင်သော အော်ဂဲနစ်ပိုးသတ်ဆေးများ

    ၁။ ဆေးဂန္ဓမာ (Pyrethrin) ပိုးသတ်ဆေး

    · အန္တရာယ်- အသက်ရှူလမ်းကြောင်း ယားယံခြင်း၊ အရေပြားယားယံခြင်း

    · လက္ခဏာ- မျက်လုံးနီရဲခြင်း၊ အသက်ရှူကြပ်ခြင်း

    · ကာကွယ်နည်း- မျက်မှန်နှင့် လက်အိတ်ဝတ်ဆင်ပါ

    ၂။ ဆေးရွက်ကြီး နီကိုတင်းဆေး (Nicotine Sulfate)

    · အန္တရာယ်- အာရုံကြောစနစ်ကို ထိခိုက်ခြင်း

    · လက္ခဏာ- ခေါင်းမူး၊ အန်ခြင်း၊ အသက်ရှူကြပ်ခြင်း

    · ကာကွယ်နည်း- အကာအကွယ်သုံံးပါ၊ အလွန်အကျွံမသုံးပါနှင့်

    ၃။ ကျီးသတ်ပင်၊ ဟုန်းပင်များမှ ထုတ်ယူသည့် (Rotenone) ပိုးသတ်ဆေးး

    · အန္တရာယ်-အသက်ရှူလမ်းကြောင်းကို ထိခိုက်ခြင်း

    · လက္ခဏာ- ပျို့အန်ခြင်း၊ အရေပြားယားယံခြင်း

    · ကာကွယ်နည်း- လေဝင်လေထွက်ကောင်းသောနေရာတွင် ဖျန်းပါ

    အော်ဂဲနစ်ပိုးသတ်ဆေးများသည် သဘာဝကို အခြေခံထုတ်လုပ်ထားသော်လည်း မှန်ကန်စွာအသုံးမပြုပါက သီးနှံအပင်များ၏ ဖွံ့ဖြိုးမှုနှင့် လုပ်သားများကိုပါ ထိခိုက်စေနိုင်ကြောင်း အထူးဂရုပြုရမည် ဖြစ်ပါသည်။ နှုန်းထား မှန်မှန်ကန်ကန်သုံးပါ၊ ​ဆေးများကို မိမိသ​ဘောဖြင့် မ​ရောစပ်သင့်ပါ၊ လုပ်သားများ အကာအကွယ်ဖြင့် ဖျန်းပါ၊ ခူးဆွတ်ခါနီးတွင် မဖျန်းသင့်ပါ။ ယခုပိုစ့်သည် အော်ဂဲနစ်ပိုးသတ်ဆေးများအသုံးပြုခြင်းကို တားမြစ်ခြင်းမဟုတ်ဘဲ၊ စနစ်တကျ ဂရုတစိုက်အသုံးပြုစေရန် ဝေမျှခြင်းသာ ဖြစ်ပါသည်။

    Dr.Wunna Htoon - ဒေါက်တာဝဏ္ဏထွန်း

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
12
comments
1
views
5207