cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စိုက်ပျိုးရေးနှင့် မွေးမြူရေးအား အပြန်အလှန်အကျိုးပြုစေသော ပျားမွေးမြူရေးအကြောင်း

. Agriculture Knowledge
ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဝတ်မှုန်ကူးခြင်း ပိုမိုလုပ်ဆောင်နိုင်ပြီး တောင်သူများ သီးနှံအထွက်တိုးရုံသာမက ပျားမွေးသူများပါ အပြန်အလှန်အကျိုးရှိစေခြင်း၊
  • မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ပျားမွေးမြူရေးလုပ်ကိုင်သူ ၉၀၀ ခန့်သည် ပျားအုံ စုစုပေါင်း ၁၉၂၇၇၀ ခန့်မွေးမြူလျက်ရှိပြီး ပျားရည်ထုတ်လုပ်မှုမှာ နှစ်စဉ် ၅၁၅၀ မက်ထရစ်တန်ခန့်ထုတ်လုပ်၍ အာရှနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။  

    စိုက်ပျိုးရေးတွင် ဝတ်မှုန်ကူးပေးနိုင်သည့် အင်းဆက်များစွာရှိသည့်အနက် ပျားများ၏ ခန္ဓာကိုယ်နှင့် ခြေထောက်၌ သဘာဝတရားကပေးထားသည့် အမွေးအမျှင်ကလေးများနှင့် ဝတ်မှုန်သယ်ဆောင်သည့် ဝတ်မှုန်အိတ်လေး ပါဝင်သည့်အတွက် အခြားအင်းဆက်များနှင့် မတူညီဘဲ ဝတ်မှုန်များစွာကို သယ်ဆောင်၍ တစ်ပင်နှင့်တစ်ပင် ကူးလူးဆက်သွယ်ခြင်းဖြင့် ပန်းပွင့်များ၊ အစေ့အဆန်များ ပိုမိုဖြစ်ထွန်းအောင်မြင်စေပါသည်။ မြန်မာ့စိုက်ပျိုးသူတောင်သူများအတွက် စိုက်ပျိုးသီးနှံများ အောင်မြင်နိုင်စေသလို မွေးမြူသူတောင်သူများအတွက်လည်း ပျားမှထွက်ရှိသည့် ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ်မှုန်များကို ရရှိသည့် အကျိုးကျေးဇူး အပြန်အလှန် ရရှိစေပါသည်။ 

    မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးသော သီးနှံပင်များမှ အသီးနှင့် အစေ့များ အထွက်နှုန်း ပိုမိုတိုးပွားရရှိရန်အတွက် ဝတ်မှုန်ကူးရန်လိုအပ်ပါသည်။ ပျားများသည် ပန်းပွင့်များကို ဖျက်ဆီး သောကြောင့် အသီးမသီးခြင်း၊ အသီးများပုပ်ခြင်း စသောရှေးအယူအဆများရှိနေခြင်းကြောင့် စိုက်ပျိုးသူနှင့် မွေးမြူသူများအကြား နားလည်မှုလွဲမှားသည့် ပြဿနာများရှိသကဲ့သို့ သီးနှံခင်းများကို ဓာတုပိုးသတ်ဆေးများ သုံးစွဲခြင်းနှင့် ပျားရောဂါများကြောင့် ပျားများ သေဆုံးနှုန်းမြင့်မားပြီး ပျားကောင်ရေ လျော့နည်းလာသည်ကို စစ်တမ်းများအရ တွေ့ရပါသည်။ ထို့ကြောင့် ပျားမွေးမြူရေး လုပ်ငန်းသည် တောင်သူများ၏ စိုက်ခင်းမှသီးနှံပင်များသာမက သဘာဝပတ်ဝန်းကျင်ရှိ အပင်များကို ဝတ်မှုန်ကူးပေးသော အကျိုးပြု လုပ်ငန်းဖြစ်သည့်အတွက် စိုက်ပျိုးသူနှင့် မွေးမြူသူ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်  တစ်ဖက်တစ်လမ်းမှ  သဘာဝဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်ပေသည်။     

    ပျားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဝတ်မှုန်ကူးခြင်း ပိုမိုလုပ်ဆောင်နိုင်ပြီး တောင်သူများ သီးနှံအထွက်တိုးရုံသာမက ပျားမွေးသူများပါ အပြန်အလှန်အကျိုးရှိစေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ခြင်းကြောင့် လူသားအကျိုးပြုလုပ်ငန်း တစ်ခုဖြစ်ခြင်း၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်သည်အထိ တိုးချဲ့မွေးမြူနိုင်ပြီး ရေရှည်တည်တံ့သော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ပျားထွက်ပစ္စည်းများကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။  

    ဒေါက်တာသက်ပိုင်ဦး (မွေး/သု) မှရေးသားသည်။ 

    --------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
8
comments
0
views
3387