မန္တလေးတိုင်း အောက်တိုဘာလ ၁၇ ရက် မှ အောက်တိုဘာလ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - · အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ Tr၀pospheric levels ၏ ထက်ဝက်အမြင့် (၆ ကီလိုမီတာအမြင့် ပေ ၂၀၀၀၀ ခန့်) အထိ ဆက်စပ်လျှက်ရှိသော လေပွေလှိုင်းတခု ဖြစ်ပေါ်လျှက်ရှိကြောင်းတွေ့ရပြီး ဘင်္ဂလားပင်လယ်အော်မှာ တိမ်ထူထပ်နေကြောင်းပါရှိပါတယ်။ - · အဲ့ဒီထုတ်ပြန်ချက်မှာပဲ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်းပါရှိပါတယ်။ - · သင်္ချာပုံစံပြုကြိုတင်ခန့်မှန်း model တွေအရ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ထိစပ်သည့် အန်ဒါမန်ကျွန်းစုတောင်ဘက်မှာ လေပွေလှိုင်းတခုစတင်ဖြစ်ပေါ်ပြီး၊ အနောက်ဘက်အရပ် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ဘက်ကို ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။ - · လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းမှာ Depression အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်။ - · အောက်တိုဘာ ၁၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာမည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်း (Tropical Depression 29W မူလအမည် INVEST-96W)က အောက်တိုဘာ ၂၃ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ရန် ချဉ်းကပ်လာပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်လာချိန်နှင့် တိုက်ဆိုင်လျှက်ရှိပါတယ် - · အောက်တိုဘာ ၂၃ ၂၄ ရက်နေ့တွေအထိ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း တို့၏ မုန်တိုင်းအရှိန်သက်ရောက်မှုများ မြန်မာနိုင်ငံအပေါ်ကျရောက်နိုင်ခြင်းမရှိကြောင်းတွေ့ရပါတယ်။ - · ကမ်းနီးပင်လယ်ပြင်များမှာတော့ အောက်တိုဘာ ၂၃-၂၄ ၂ ရက် မှာ လှိုင်း/လေပြင်းထန်နိုင်ပါတယ်။ ပင်လယ်ပြင်မှာ အရှေ့ဘက်မှ လေပြင်း တနာရီ မိုင် ၃၀ ခန့်နဲ့ လှိုင်းအမြင့် ၆ ပေခန့်ရှိနိုင်ပါတယ်။ - ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ - · မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့အနက် - § ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းမြို့နယ်/ခရိုင်တွေမှာ ၇ ရက်တပတ်အတွင်း မိုးရေချိန် ၄ လက်အထက် - § မြင်းခြံ၊ သာစည်၊ မလှိုင်၊ ညောင်ဦး မြို့နယ်/ခရိုင်တွေမှာ ၇ ရက် တပတ်အတွင်း မိုးရေချိန် ၃ လက်မအထက် - § နထိုးကြီး၊ မန္တလေး၊ ဝမ်းတွင်း၊ ပျော်ဘွယ် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်တပတ်အတွင်း မိုးရေချိန် ၂ လက်မအထက် - § မတ္တရာ၊ အမရပူရ၊ ပြင်ဦးလွင်၊ စဉ့်ကူး၊ တောင်သာ၊ ငါန်းဇွန် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် - စသည်ဖြင့် မိုးရေချိန်များ ရွာသွန်းရရှိနိုင်ပါတယ်။ - · ယခုတပတ်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အတော်များများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ရေစီးရေလာမကောင်းသည့် ရပ်ကွက်/ဒေသတွေမှာ ခေတ္တမျှ ရေကြီး/ရေလွှမ်းနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ - · ပျမ်းမျှခြင်းအားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၈°C မှ ၁၀°C အထိလျော့နည်းနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၄°C ခန့် လျော့နည်းနိုင်ပါတယ်။ - · မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်အထိရှိနိုင်ပြီး၊ - · နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% မှ ၉၀% ရှိနေနိုင်ပါမယ်။ - · လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာမြို့နယ်/ခရိုင်အတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၄၀°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ - မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၄၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ - Win Naing - Administration Team, - MMWEATHER, - ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက် - - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။ - - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။ - - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ - --------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
