ရှမ်းပြည်နယ် စက်တင်ဘာလ ၁၈ ရက် မှ အောက်တိုဘာ ၂၄ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်တောင်ဘက်အစွန် COMORIN အငူ ပေါ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် Less-marked LPA အဖြစ်အားလျော့သွားပြီး၊ လေဖိအားနည်းရပ်ဝန်းအသစ်တခုသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်ပါတယ်။ (IMD Forecast)
· ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်း(ဖိလစ်ပိုင်နိုင်ငံမှပေးသည့်အမည် Phillipine’s Local Name: Tropical Depression RAMIL - နိုင်ငံတကာအမည် TS 29W) သည်၊ ယခုစာရေးချိန်မှ ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာနိုင်ပါတယ်။
· TS-29W သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၂၃ ရက်နေ့ည တွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF model မှ ခန့်မှန်းထားပါတယ်။ 29W ၏ မုန်တိုင်းအရှိန်သက်ရောက်မှုသည် အောက်တိုဘာ ၂၇-၂၈ ရက်နေ့များတွင် ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ပိုများနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှုနည်းနိုင်ပါမယ်။
· ဘင်္ဂလားပင်လယ်အော်တွင် အသစ်ဖြစ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့် ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နိုင်သည့် မုန်တိုင်းတို့၏ သက်ရောက်မှုကြောင့် အောက်တိုဘာ ၂၇-၂၈ ရက်နေ့များ၌ ဧရာဝတီ-မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ဧရာဝတီအနောက်ဘက်ကမ်းရိုးတန်းဒေသများမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသများမှာ မိုးအနည်းငယ်မှ အသင့်အတင့် နေရာ ကွက်ကြားရွာနိုင်ပါတယ်။
ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
· ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်မြို့နယ်/ခရိုင်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး မြို့နယ်/ခရိုင်တွေမှာ ၇ ရက် အတွင်းမိုးရွာသွန်းမှုအများဆုံး (၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ၄ လက်မအောက်) ရွာသွန်းရရှိနိုင်ပြီး၊
· ရှမ်းပြည်နယ်တခုလုံးအတွက် ပျမ်းမျှမိုးရွာသွန်းနိုင်ချေ မများပါ၊ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအောက် မိုးအနည်းငယ်မှ အသင့်အတင့်သာ ရွာသွန်းရရှိနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၅°C ခန့် ရှိနိုင်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာ ညအပူချိန် ကျဆင်းတာ စတင်ဖြစ်လာနိုင်ပါတယ်၊ နေ့အပူချိန်ကတော့ ၂၄ ရက်နေ့အထိ ၃၀°C ဝန်းကျင်မှာ ဆက်ပြီး ရှိနေနိုင်ပါသေးတယ်။
· ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% မှ ၈၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% နဲ့ ၁၀၀% ကြားမှာ ရှိနေနိုင်ပါမယ်။
· နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၅°C ခန့်ရှိနေနိုင်ပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ ပြီးခဲ့တဲ့ တပါတ်ထက်ပြန်လည်ကျဆင်းလာပြီး ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။
Win Naing
Administration Team,
MMWEATHER,
ငါးကန်ရေ အပူချိန်စစ်ဆေးရန် အကြံပြုချက်
ကန်ရေ၏အပူချိန်သည် ရုပ်သွင်ပြောင်းလဲခြင်း၊ အစာစားခြင်း နှင့်မျိုးပွားခြင်းတို့အတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။
ငါးကန်တခု၏ရေအပူချိန်သည် လိုအပ်သောအပူချိန်ထက်လျှော့နည်းနေပါက၊ငါးများ အစားနှုန်းကျဆင်းတတ်ပါသည်။ ပုံမှန်အားဖြင့် ကန်ရေအပူချိန်သည် ၂၄ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ် အတွင်းတွင် အစာစားနှုန်း ကောင်းပါသည်။ သို့သော် ငါးမျိုးစိတ်အလိုက် အစားနှုန်း၏ ကန်ရေအပူချိန်သည် မတူ ညီနိုင်ကြောင်းတွေ့ရှိရပါသည်။ ငါးကြင်း၊ ငါးသိုင်းနှင့် ငါးမြစ်ချင်းငါးများသည် အပူချိန် 13℃မှ 36℃ အတွင်း၊ ရွှေဝါ ငါးကြင်း သည် 0 ℃ မှ 39 ℃ အတွင်းနှင့် တီလားပီးယားငါးသည် 13℃ မှ 39℃ အတွင်းတွင် အကောင်းဆုံးဖြစ်ပါသည်။
အပူချိန်ကျဆင်းပါက ပျော်ဝင်အောက်စီဂျင်ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကန်ရေ အပူချိန် မြင့်တက်ပါက ရေမောင်းခြင်း၊ ရေပြန်ချခြင်း နှင့်ရေသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
---------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price