cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ကွမ်းစိုက်တောင်သူများထံ အကြံပြုချက်

. Weather News
ကွမ်း ဒေါင်းမြီးကွက်ရောဂါကျနေသာစိုက်ခင်းများအနေဖြင့် ကွမ်းခြံအတွင်း ရေဝပ်တာမျိုးမရှိအောင် ဘောင်များတင်ပေးပါ။
  • ရန်ကုန်တိုင်း အောက်တိုဘာလ ၂၀ ရက်မှ အောက်တိုဘာလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ

    တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ

    တောင်တရုတ်ပင်လယ်

    ·          တောင်တရုတ်ပင်လယ်သို့ဝင်ရောက်လာသည့် အပူပိုင်းမုန်တိုင်း FENGSHEN သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၂၀ ရက် ညတွင် အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ၂၁ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း တဆင့်ပြီးတဆင့် အားကောင်းလာနိုင်ပါတယ်။

    ·          မုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၂ ရက် ည တွင်၊ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အရှေ့ဘက် မိုင် ၁၆၀ ခန့်တွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားပြီး ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဒါနန်းမြို့တောင်ဘက် မိုင် ၈၀ ခန့်မှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းသည် ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းအထိ ရွေ့လျားရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ သိရပါတယ်။

    ဘင်္ဂလားပင်လယ်အော်

    ·          အောက်တိုဘာ ၁၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တောင်ပိုင်း၊ အထက်အမြင့်ပေ ၅၀၀၀ ခန့်တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း၊ ၄၈ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Depression)အဖြစ်သို့လည်းကောင်း ရောက်ရှိလာနိုင်ပါတယ်။

    မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်သည့် အခြေအနေများ

    ·          တောင်တရုတ်ပင်လယ်မှ မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် - နောက်လာမည့် ၇ ရက်(အောက်တိုဘာ ၂၀ ရက် မှ ၂၆ ရက်အတွင်း) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းတွင် ၇ ရက်အတွင်း မိုးရေချိန် ၇.၁ လက်မ မှ ၈.၇ လက်မ၊ မွန်ပြည်နယ်တွင် ၇ ရက်အတွင်း မိုးရေချိန် ၆.၃ လက်မ မှ ၇.၉ လက်မ၊ ရခိုင်ပြည်နယ်တွင် ၇ ရက်အတွင်း မိုးရေချိန် ၅.၁ လက်မ မှ ၇.၁ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။

    ·          မကွေးတိုင်းနှင့် နေပြည်တော်ဧရိယာအတွင်း ၇ ရက် မိုးရေချိန် ၁.၆ လက်မ မှ ၂.၈ လက်မအထိ မိုးအနည်းငယ်သာရွာသွန်းရရှိနိုင်ပါမယ်၊

    ·          အချုပ်အားဖြင့် ယခုရက် သတ္တပါတ်တပတ်အတွင်းမှာ မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်နိုင်မည့်အခြေအနေမများနိုင်၊ မိုးထစ်ချုန်းရွာပြီးသည်းထန်နိုင်သည့်ဧရိယာများရှိနိုင်သော်လည်း အချိန်မကြာနိုင်၊ မိုးရေချိန်များနိုင်မည်မဟုတ်ပါ၊ နေရာကွက်၍ ခေတ္တခဏမိုးသည်းထန်နိုင်သည့်အခြေအနေ၊ ရုတ်တရက်လေပြင်းတိုက်ခတ်နိုင်သည့်အခြေအနေများကိုတော့ မပြတ်သတိထားကြစေချင်ပါတယ်။

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်

    ·          ရန်ကုန်တိုင်းအတွင်း ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်ခန့်မှန်းချက်တွင် မြို့နယ်အားလုံး၏ ၇ ရက် ပျမ်းမျှမိုးရေချိန် 9.4mm (၀.၃၇ လက်မခန့်သာ)ရှိနိုင် မိုးနည်းနိုင်ပြီး အောက်တိုဘာ ၂၉ ရက်နေ့အထိ နေ့အပူချိန်များအနည်းငယ်မြင့်တက်လာနိုင်ပါတယ်။

    ·          ရန်ကုန်မြောက်ပိုင်းမှ မြို့နယ်/ခရိုင်များဖြစ်သော - ထန်းတပင်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံမြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန် ၀.၅ လက်မ ခန့်နှင့် တောင်ပိုင်းမှ မြို့နယ်/ခရိုင်များနှင့် ရန်ကုန်မြို့တွင်းမှ မြို့နယ်အများစုတွင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၀.၃ လက်မခန့်သာရှိနိုင်၊ မိုးအလွန်နည်းနေနိုင်ပါမယ်။

    ·          အောက်တိုဘာလ လကုန်ရက်များ ၂၉/၃၀/၃၁ နှင့် နိုဝင်ဘာလဆန်းပိုင်း ရက်အနည်းငယ်မှာ မိုးအနည်းငယ်ပြန်ရွာနိုင်ပါတယ်။

     

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ

    ·          ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တွေမှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၉°C မှ ၄၀°C အထိရှိနိုင်ပါမယ်။

    ·          ယခု ၁ ပတ်အတွင်း အရှေ့နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။

    ·         ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၅% ရှိနိုင်ပါတယ်။

    ·         ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းနှင့် ည ပိုင်းအချိန်များအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း အမြင့်ဆုံး(AQI value) “၁၀၀” အထက်တွင် ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူများအတွက် သတိထားရမည့် AQI အညွှန်းကိန်းဖြစ်ပါတယ်။Win Naing

    Administration Team,

    MMWEATHER,

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကွမ်းစိုက်တောင်သူများထံသို့ 

    ကွမ်းဒေါင်းမြီးကွက်ရောဂါ ကာကွယ်နှိမ်နင်းနည်း အကြံပြုချက်... 

    • ကွမ်း ဒေါင်းမြီးကွက်ရောဂါကျနေသာစိုက်ခင်းများအနေဖြင့် ကွမ်းခြံအတွင်း ရေဝပ်တာမျိုးမရှိအောင် ဘောင်များတင်ပေးပါ။ 
    • ရေဝပ်တဲ့အခြေအနေက ရောဂါကူးစက်ပြန့်ပွားဖို့အားပေးပါတယ်။ 
    • လေဝင်လေထွက်ကောင်းအောင် လုပ်ပေးပါ။ 
    • ယူရီးယားနိုက်ထရိုဂျင် မြေဩဇာ အလွန်အကျွံမထည့်ပါနဲ့။ 
    • ဘေးသားတက်များ ပင်ခြေသို့ အုပ်မနေစေရန်အပေါ်သို့ထောင်၍ စည်းချည်ပေးပါ။ 
    • ကွမ်းပင်အောက်ခြေ အရွက်များကိုရှင်းလင်းပေးပါ။ 
    • ဓာတုမှိုသတ်ဆေးအနေနဲ့ Propamocarb hydrochloride, Dimethomorph, Fosetyl Aluminium, Cymoxanil တို့ကိုရွေးချယ်နိုင်ပါတယ်။ 

    ငါးကန်ရေနောက်ကျိခြင်း ပြုပြင်ရန် 

    ငါးကန်များ ရေနောက်ကျိ မှုသည် ငါးမွေးမြူရေးကို ထိခိုက်စေနိုင်သော ရူပဆိုင်ရာအချက်တစ်ခုဖြစ်ပါ သည်။ ရေနောက်ကျိရခြင်း အချက်(၂)ချက်တွေ့ရှိရပါသည်။ (၁) ရွှံ့ကြောင့်ရေနောက်ကျိခြင်း(Clay Turbidity) (၂) အပင်မျှောလှေးကြောင့်ရေနောက်ကျိခြင်း(Phytoplankton Turbidity) 

    ရွှံ့ကြောင့်နောက်ကျိရခြင်းတွင် သဘာဝအားဖြင့် ကန်ရေ၏ ရွှံ့နွံအနယ်အနှစ်များခြင်းကြောင့် ဖြစ်ပါ သည်။ ရွှံ့စေး (၆၀)ရာခိုင်နှုန်းအထက်ပါရှိသော ငါးကန်များ မိုးရွာချိန်တွင် ရွှံ့နွံ့ကြောင့် ကန်ရေနောက်ကျိနိုင် ပါသည်။ 

    ရွှံ့နွံကြောင့် ရေနောက်ကျိပါက - ကန်တစ်ဧကနှင့် ရေအနက် တစ်မီတာ (၃)ပေ ရှိပါက (က)ကျောက်ချည် (၁၂ -၂၄)ပိဿာ (သို့မဟုတ်) ထုံး (၆၀ -၁၂၀)ပိဿာ ထည့်ပေးပါ ။ 

    --------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
3394