ပဲခင်းအခက်အခဲ ထွက်တိုးမှာ အဖြေရှာ....
- အမေး - မင်္ဂလာပါ တစ်လ နဲ့ ငါးရက်ရှိ ပဲခင်းပါ။ မိုးရွာလိုက် နေပူလိုက်ဖြစ်တော့ ရေဝပ်တဲ့နေရာက ပဲပင်တွေ က သေတာလဲရှိတယ်။ ကျန်တဲ့ပဲပင်တွေက မတက်နိူင်တော့ ထိုင်ကျန်ခဲ့တယ် ဘာဆက်လုပ်ရမလဲ။ ဆေးဖျန်းရင်ရော ရနိူင်ပါ့မလားခင်ဗျာ အကြံပြုပါအုံး------ - ထွက်တိုးရဲ့အဖြေ - ဖုန်းဆက်ပြီး မေးမြန်းချက်အရ ရေဝပ်ဒဏ်ကြောင့် အဓိကသေတဲ့လက္ခဏာဖြစ်တဲ့အတွက် အရင်ဆုံးစိုက်ခင်းထဲမှာရေဝပ်တဲ့နေရာတွေမရှိအောင် ရေနုတ်မြောင်းလေးတွေဖော်ပေးပါ။ မိုးစဲသွားတဲ့ရက်ကျရင် ရွက်ဖျန်းအားဆေးအနေနဲ့ Amino acid+ ပိုတက်စီယမ် (K) အချိုးများတဲ့ရွက်ဖျန်းအားဆေးကို ဖျန်းပေးပါ။ ပြီးရင် အပင်အသေအပျောက်ရှိ၊မရှိစစ်ဆေးပြီး မှိုရောဂါအတွက် ကြိုတင်ကာကွယ်ဖို့ Tebuconazole (သို့မဟုတ်) Azoxystrobin ကိုတစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။ - ------------ - စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
