cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း အောက်တိုဘာလ ၁၄ ရက် မှ အောက်တိုဘာလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။
  • တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ 

    ·          တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၀ ရက် ည တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း (Severe Tropical Storm FENGSHEN) အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၂၂ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ 

    ·          မုန်တိုင်းဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ချက်ချင်းအားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း Depression - အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး၊ အနောက်-အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။ 

    ·          ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် - 

    o    အောက်တိုဘာ ၂၃ မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်(၂၃ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ်မိုးရေချိန် ၀.၈ လက်မ မှ ၁.၅ လက်မခန့်) 

    o    အောက်တိုဘာ ၂၃ မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ထစ်ချုန်းရွာသွန်းနိုင် နေရာကွက်၍ မိုးများနိုင်(၂၃ ရက် မှ ၂၆ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်) 

    o    အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် (တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအနည်းငယ်ရွာနိုင်၊ နေရာကွက်၍ မိုးအသင့်အတင့်ရွာနိုင် နေ့စဉ်မိုးရေချိန် ၁ လက်အောက်သာ ရွာနိုင်) 

    o    မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများ - စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုနည်းပါးပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာသွန်းနိုင်ချေ မရှိသလောက်နည်းနေပါမယ်။ 

    ·          ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          မုတ်သုံနောက်ကျမိုးများနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်း FENGSHEN အကြွင်းအကျန်မှ သက်ရောက်နိုင်မှုအနည်းငယ်ရှိသောကြောင့် ပဲခူးတိုင်းအတွင်း မိုးရွာသွန်းမှု မများသော်လည်း နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်း ၇ ရက်အတွင်း ရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် 20mm to 25mm (၀.၈ လက်မှ ၁ လက်မခန့်) ၊ ပဲခူးတိုင်းအနောက်ခြမ်း၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန်မှာ 10mm to 17 mm (၀.၄ လက်မ မှ ၀.၇ လက်မခန့်) ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းအနောက်ခြမ်းတွင် မိုးရေချိန်အနည်းငယ်လျော့နည်း၍ ရွာသွန်းနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအရှေ့ခြမ်းမှ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ နှင့် ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်၊ ရွှေတောင်၊ သာယာဝတီ၊ လက်ပံတန်း မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၀.၅ လက်မအထက်(၁ လက်မအောက်)ရှိနိုင်ပြီး၊ ကျန်မြို့နယ်/ခရိုင်များတွင် ၀.၅ လက်မအောက် မိုးရေချိန်အနည်းငယ်သာ ရွာသွန်းရရှိနိုင်ပါမယ်။ 

      အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန်- temperature feels like သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အမြင့်ဆုံး ၄၀°C အထိရှိနိုင်ပြီး နောက်ရက်တွေမှာ ပြန်လည်လျော့ကျနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆအခြေအနေ နေ့လည်နေ့ခင်းအချိန်များမှာ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး နံနက်ခင်း/ညအချိန်တွေမှာ ၈၅% မှ ၉၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၅ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၂ ပေခန့် ရှိနိုင်ပြီး၊ 

    ·          ယခုတပတ်အတွင်း အရှေ့/အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်    

    - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။    

    - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။   

    - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါက သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။  

    ---------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
4
comments
0
views
3047