တိုင်းရင်းကြက်မွေးမြူခြင်း၏ အားသာချက်များ🐓🐓
- တိုင်းရင်းကြက်များကို စနစ်တကျ မွေးမြူပြီး ဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ပေးနိုင်ပါက ၄င်းတို့၏ ထုတ်လုပ်မှုစွမ်းရည်ကို အံ့မခန်းဖွယ်တွေ့ ရှိရမည်ဖြစ်သည်။ တိုင်းရင်းကြက်သားနှင့် ကြက်ဥများကို စားသုံးသူများအနေဖြင့် ပိုမိုနှစ်သက်သည့်အတွက် ဈေးကွက်ကောင်းရရှိနိုင်သည်။ ထို့ကြောင့် တိုင်းရင်းကြက် မွေးမြူရေးလုပ်ငန်းသည် စီးပွားရေးအခွင့်အလမ်းများစွာ ရရှိနိုင်သည်။ - တိုင်းရင်းကြက်မွေးမြူခြင်းသည် အသားတိုးကြက် (အရပ်အခေါ်-စီပီကြက်) မွေးမြူခြင်းထက် အားသာချက်များစွာ ရှိပါသည်။ ၄င်းတို့မှာ- - · မြေနေရာအကျယ်အဝန်းအနည်းငယ်ရှိလျှင် မွေးမြူနိုင်ခြင်း - · ခြံဆောက်စားရိတ် အနည်းငယ်သာကုန်ကျခြင်း - · စျေးကွက်တွင် ဝယ်လိုအားကောင်းသဖြင့် အချိန်မရွေးရောင်းနိုင်ခြင်း - · အရှုံးမရှိ၊ သေချာပေါက်အမြတ်ရနိုင်ခြင်း - · အရင်းနှီး အနည်းငယ်ဖြင့်စတင်နိုင်ခြင်း - · နည်းပညာများစွာတတ်ကျွမ်းရန်မလိုဘဲ မည်သူမဆိုမွေးမြူနိုင်ခြင်းစသည့် အားသာချက်များ ရှိပါသည်။ - သို့သော်အားနည်းချက်အနည်းငယ်ရှိသော်လည်း အဓိကအားနည်းချက်များမှာ- - · လ အတော်ကြာမွေးမှရောင်းတန်းဝင်ခြင်း - · တနှစ်အတွင်း ကြက်မ တစ်ကောင်မှ စားနိုင်/ရောင်းနိုင်သော ကြက်ကောင်ရေ အလွန်နည်းခြင်း - · နှစ်စဥ်နှစ်တိုင်းနီးပါး ကြက်နာကျပီး ကြက်များသေဆုံးခြင်း စသည့်အားနည်းချက်များရှိပါသည်။ - ထို့ကြောင့်အထက်ပါ အားနည်းချက်(၃) ချက်ကို ဖြေရှင်းနိုင်ပါက တိုင်းရင်းကြက်မွေးမြူရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယခုလမ်းညွှန်ပါအချက်များတွင် ထိုအားနည်းချက်(၃) ချက်ကိုမည်သို့ ဖြေရှင်းရမည်ကို အဓိကထားဖော်ပြသွားမည်ဖြစ်သည်။ - ဆက်ရန် ရှိသည် --- - မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း - 🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/58983 - 🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com - 🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
