ပဲခူးတိုင်း အောက်တိုဘာလ ၁၄ ရက် မှ အောက်တိုဘာလ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသအခြေအနေ - · တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၀ ရက် ည တွင် အားကောင်းသောအပူပိုင်းမုန်တိုင်း (Severe Tropical Storm FENGSHEN) အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက် ညတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်-အနောက်တောင်ဘက် ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားကာ ဗီယက်နမ်ကမ်းခြေကို အောက်တိုဘာလ ၂၂ ရက်ညတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ - · မုန်တိုင်းဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် ချက်ချင်းအားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်များသည် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းသည် ၄၈ နာရီအတွင်း Depression - အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး၊ အနောက်-အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနေနိုင်ပါတယ်။ - · ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်မည့် မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် - - o အောက်တိုဘာ ၂၃ မှ ၂၅ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးအနည်းငယ်မှ အသင့်အတင့်(၂၃ ရက် မှ ၂၅ ရက်အတွင်း နေ့စဉ်မိုးရေချိန် ၀.၈ လက်မ မှ ၁.၅ လက်မခန့်) - o အောက်တိုဘာ ၂၃ မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးအသင့်အတင့်ထစ်ချုန်းရွာသွန်းနိုင် နေရာကွက်၍ မိုးများနိုင်(၂၃ ရက် မှ ၂၆ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၂ လက်မ နီးပါးအထိ ရွာသွန်းနိုင်) - o အောက်တိုဘာ ၂၄ ရက် မှ ၂၆ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင် (တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအနည်းငယ်ရွာနိုင်၊ နေရာကွက်၍ မိုးအသင့်အတင့်ရွာနိုင် နေ့စဉ်မိုးရေချိန် ၁ လက်အောက်သာ ရွာနိုင်) - o မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အနောက်ပိုင်းဒေသများ - စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုနည်းပါးပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာသွန်းနိုင်ချေ မရှိသလောက်နည်းနေပါမယ်။ - · ယခုကြိုတင်ခန့်မှန်းရရှိတဲ့ မိုးလေဝသအခြေအနေများကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တွေက စိုက်ပျိုးမြေတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းကောင်းရရှိလာနိုင်ပြီး၊ စပါးရိတ်သိမ်းချိန်များအတွင်း ရွာနိုင်တဲ့ဖျက်မိုးအန္တရာယ်ကိုလည်း သတိထားကြရပါမယ်။ - ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · မုတ်သုံနောက်ကျမိုးများနှင့် တောင်တရုတ်ပင်လယ်မှ မုန်တိုင်း FENGSHEN အကြွင်းအကျန်မှ သက်ရောက်နိုင်မှုအနည်းငယ်ရှိသောကြောင့် ပဲခူးတိုင်းအတွင်း မိုးရွာသွန်းမှု မများသော်လည်း နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။ - · ပဲခူးတိုင်းအရှေ့ခြမ်း ၇ ရက်အတွင်း ရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် 20mm to 25mm (၀.၈ လက်မှ ၁ လက်မခန့်) ၊ ပဲခူးတိုင်းအနောက်ခြမ်း၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန်မှာ 10mm to 17 mm (၀.၄ လက်မ မှ ၀.၇ လက်မခန့်) ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းအနောက်ခြမ်းတွင် မိုးရေချိန်အနည်းငယ်လျော့နည်း၍ ရွာသွန်းနိုင်ပါတယ်။ - · ပဲခူးတိုင်းအရှေ့ခြမ်းမှ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ နှင့် ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်၊ ရွှေတောင်၊ သာယာဝတီ၊ လက်ပံတန်း မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၀.၅ လက်မအထက်(၁ လက်မအောက်)ရှိနိုင်ပြီး၊ ကျန်မြို့နယ်/ခရိုင်များတွင် ၀.၅ လက်မအောက် မိုးရေချိန်အနည်းငယ်သာ ရွာသွန်းရရှိနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန်- temperature feels like သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အမြင့်ဆုံး ၄၀°C အထိရှိနိုင်ပြီး နောက်ရက်တွေမှာ ပြန်လည်လျော့ကျနိုင်ပါတယ်။ - · လေထုစိုထိုင်းဆအခြေအနေ နေ့လည်နေ့ခင်းအချိန်များမှာ ၅၀% မှ ၆၀% ခန့်ရှိနိုင်ပြီး နံနက်ခင်း/ညအချိန်တွေမှာ ၈၅% မှ ၉၀% အတွင်းရှိနိုင်ပါမယ်။ - · လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၅ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ - · ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၂ ပေခန့် ရှိနိုင်ပြီး၊ - · ယခုတပတ်အတွင်း အရှေ့/အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါမယ်။ - Win Naing - Administration Team, - MMWEATHER, - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရမ်းချဥ်စိုက်တောင်သူများထံသို့ - စပ်တိုးရီးယားရွက်ပြောက်ရောဂါကာကွယ်နှိမ်နင်းနည်း အကြံပြုချက် - ခရမ်းချဥ်အရွက်ပေါ်တွင် အဓိကကျရောက်သောရောဂါဖြစ်ပြီး ပင်စည်၊ အသီးပေါ်တွင် လက္ခဏာတွေ့ရခြင်းမရှိတတ်ပါ။ - အရွက်ရင့်များ၏အပေါ်မျက်နှာပြင်တွင် အဝိုင်းပုံစံသေးငယ်သော မီးခိုးရောင် အလယ်ဗဟိုပါဝင်သောအညိုရင့်ရောင် အစက်အပြောက်များကိုတွေ့ရတတ်ပါတယ်။ - အရွက်ရင့်များမှစတင်ပြီး အရွက်နုများထိကူးစက်ပြန့်နှံ့နိုင်ကာ ရောဂါဆိုးရွားပါကအရွက်များညှိုးခြောက်သွားပြီး အသီးတင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ - ဒါကြောင့် ရောဂါကျ အရွက်ရင့်များကိုဖယ်ရှားရှင်းလင်းပစ်ပါ၊ စိုက်ခင်းထဲတွင် မထားခဲ့ပါနဲ့။ - အပင်ဦးရေစိပ်စိပ် မစိုက်ပါနဲ့။ - စိုက်ခင်းလေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပါ။ - နိုက်ထရိုဂျင်အဓိကပါသော ရွက်ဖျန်းအားဆေးများကို အလွန်အကျွံအသုံးမပြုပါနဲ့။ - အသုံးပြုနိုင်သော ဓာတုဆေးများ - Chlorothalonil, Mancozeb (ရောဂါစတင်ချိန်)၊ Difenoconazole+ Cymoxanil, Azoxystrobin+ Difenoconazole အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ - ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက် - - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။ - - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။ - - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါက သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ - --------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
