cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
"ပြောင်းစျေးအကျမှာ ငြိမ်နေ၊ ပဲစင်းငုံနီစျေးကွက်အေးပြီး မတ်ပဲစျေးထပ်ကျလာ”
  • မတ်ပဲ

    မတ်ပဲဈေးက ခုတစ်ပတ်အတွင်းလည်း ထပ်မံကျဆင်းခဲ့ပြီး တစ်တန်လျှင် အမြင့်ဆုံး ၁ သိန်းကျော်အထိ ကျဆင်းခဲ့သည်။ မြန်မာ့ မတ်ပဲဝယ်လိုအား နည်းလာခြင်းကြောင့် ပြည်ပတင်ပို့မှုလျော့နည်းသွားပြီး အရောင်းအဝယ်အေးလာတာကြောင့် စျေးကျခြင်း ဖြစ်သည်။

    FOB စျေးလည်း ပြန်ကျလာပြီး အမေရိကန်ဒေါ်လာ ၇၀၅ မှ ၇၁၅ အတွင်းရှိနေသည်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တနင်္လာနေ့မှာ ၂,၆၉၁,၀၀၀ ကျပ် ၊အင်္ဂါနေ့မှာ ၂,၆၇၉,၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၂,၇၀၈,၀၀၀ ကျပ်၊ကြာသပတေးနေ့မှာ ၂,၇၂၆,၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂,၇၀၇,၀၀၀ ကျပ်ရှိပါတယ်၊ အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို ၂,၇၃၈,၀၀၀ မှ ၂,၈၂၀,၀၀၀ ကျပ် ရှိခဲ့သည်။

    ပဲစင်းငုံ

    ပဲစင်းငုံဈေးက ယခုအပတ်အတွင်း တည်ငြိမ်မှုမရှိခဲ့ပေမယ့် တစ်တန်လျှင် ၂၆ သန်းကျော်ဝန်းကျင် ရှိနေသည်။ FOB စျေးကတော့ အရင်တပတ်ထက် အမေရိကန်ဒေါ်လာ ၁၀ တက်လာပြီး ဒေါ်လာ ၆၃၀ မှ ၆၄၀ အတွင်းရှိနေသည်။

    ပြည်တွင်းမှာ ပဲစင်းငုံလက်ကျန်နည်းပြီး ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေကလည်း ဝယ်ယူမှုရှိနေသည်ဟု သိရသည်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်တွင် တနင်္လာနေ့က ၂,၄၉၂,၀၀၀ ကျပ်၊အင်္ဂါနေ့ က၂,၅၀၂,၀၀၀ ကျပ်၊ဗုဒ္ဓဟူးနေ့က ၂,၆၀၀,၀၀၀ ကျပ်၊ ကြာသပတေးနေ့ ၂,၆၂၅,၀၀၀ ကျပ်၊ သောကြာနေ့က ၂,၅၉၅,၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကတော့ ၂,၅၇၀,၀၀၀ မှ ၂,၆၂၇,၀၀၀ ကျပ် ရှိခဲ့သည်။

    ပြောင်း

    ပြောင်းဆံဈေးက ယခင်ကအတူအကျစျေးတန်းတွင် ငြိမ်နေဆဲဖြစ်သည်။ လက်ရှိကမ္ဘာ့ ပြောင်းစျေး ကျခြင်းနှင့် ပြည်ပတင်ပို့မှုလျော့နည်းလာခြင်းကြောင့် နိုဝင်ဘာလအထိ စျေးတက်နိုင် မယ့်အလား အလာ မတွေ့ရသေးဟု သိရသည်။

    ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့် ကုန်ဆုံးသွားပြီးနောက် စျေးကွက်ကျလာခဲ့သည်။

    သို့သော် ပြောင်းကို ပြည်တွင်းကုန်သည်များ၊ ပို့ကုန်သမားများနှင့် အစာစပ်စက်ရုံများက ဝယ်ယူမှုရှိနေသည်။

    မန္တလေးကုန်စည်ဈေးကွက်တွင် ပြောင်း (ရှမ်း) နှင့် ပြောင်း (CP) တစ်အိတ် ၇၃,၀၀၀ မှ ၇၄,၀၀၀ ကျပ် ရှိပြီး ပြောင်း (ဗမာ) သည် စျေးတန်းဖွင့်ခြင်းမရှိသေးပါ။ ရန်ကုန်ဘုရင့်နောင်စျေးကွက်တွင် ပြောင်းတစ် ပိဿာ ၁,၄၅၀ မှ ၁,၄၇၀ ကျပ် ရှိနေသည်။

    (၁၃-၁၀-၂၀၂၅ မှ ၁၇-၁၀-၂၀၂၅)

    Source: AMIA

    ---------

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
5
comments
0
views
2752