ငါးကန်အတွင်း သဘာဝအစာအန္တရာယ်🐟⚠️
- အပင်မျှောလှေးများကြောင့် ရေနောက်ကျိ ရခြင်းမှာ မြေဩဇာများလွန်ကဲစွာသုံးခြင်း၊ ငါးစာများ လွန် ကဲစွာကျွေးပြီး အလေ့အလွင့်များခြင်း နှင့် Phytoplankton များအတွက် ( nitrogen / potassium ) လုံလောက်စွာရရှိခြင်း တို့ကြောင့် ဖြစ်ပါသည်။ အပင်မျှောလှေးများကြောင့် ကန်ရေနောက်ကျိပါက ကန်ရေမျက်နှာပြင် နှင့် ကန်အောက်ခြေတို့တွင် ပျော်ဝင် အောက်စီဂျင်၊ ချဉ်ဖန်နှုန်း နှင့်အပူချိန်တို့သည် ကွာ ခြားမှု မြင့်တက်စေပါသည်။ အောက်စီဂျင် လျှော့နည်းကျဆင်းလာပါက ငါးပုစွန်များအသေ များလာနိုင်ပါသည်။ အထူးသဖြင့် ညနက်ပိုင်းတွင် အောက်စီဂျင်ပိုမိုပြတ်တောက်ပါသည်။ အပင်မျှောလှေးနည်းပါးခြင်းသည် သဘာဝ အစာနည်းပါးသည်မှအပ အခြားသောအန္တရာယ်များမဖြစ်ပေါ်နိုင်ကြောင်း တင်ပြအပ်ပါသည်။ ထို့ကြောင့် အပင် မျှောလှေးပေါက်ဖွားမှု များပြားခြင်းကို ထိန်းသိမ်းရန်လိုအပ်ပါသည်။ - အပင်မျှောလှေးကြောင့် ကန်ရေနောက်ကျိနေပါက အောက်ပါအတိုင်းဖြေရှင်း ဆောင်ရွက်နိုင်ပါသည်။ (၁)ရေအသစ်လဲလှယ်ပါ။ အစာကျွေးခြင်းကို ခေတ္တရပ်နားပေးပါ။ (၂)ဒုတ္တာ - အပင်မျှောလှေးကြောင့် ရေနောက်ကျိရခြင်းတွင် ငါးမွေးတောင်သူများအတွက် အကျိုးကျေးဇူးများရှိ သကဲသို့ ဆိုးကျိုးများကိုလည်းဖြစ်စေပါသည်။ ကန်အတွင်း အပင်မျှောလှေးများပေါက်ဖွားမှုများပြီး ကန်ရေ နောက်ကျိနေသော်လည်း ကန်အတွင်း သဘာဝအစာများစွာရှိသဖြင့် ငါး၊ပုစွန်များအတွက် သဘာဝအစာရရှိ စေပါသည်။ သို့သော် အဆိုပါ အပင်မျှောလှေးများသည် ညအချိန်တွင် ကန်အတွင်းရှိ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူသုံးစွဲပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်သဖြင့် ညအချိန်တွင် ကန်အတွင်း အောက်စီဂျင်ပြတ် တောက်လျော့နည်းစေပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်းလည်း ကျဆင်းလာတတ်ပါသည်။ - ငါး၊ ပုစွန်မွေးမြူရေးကန်အတွင်း အပင်မျှောလှေးရှိသင့်သောအခြေအနေကို ရေကြည်နှုန်း တိုင်းသော ကိရိယာ(Secchi-disc) ဖြင့် တိုင်းတာပြီး ၊ အပင်မျှောလှေး များ ၊မများ ကိုသိရှိနိုင်ပါသည်။ အပင်မျှောလှေး နည်းနေပါကလည်း အပင်မျှောလှေး ပေါက်ဖွားနှုန်းကောင်းစေရန် မြေဩဇာများထပ်မံဖြည့်သွင်းနိုင်သည်။ အပင် မျှောလှေးများနေပါကလည်း အစာကျွေးခြင်းရပ်ဆိုင်းခြင်း နှင့် အပင်မျှောလှေးလျော့ထုတ်ခြင်းကို ဆောင်ရွက် ရပါမည်။ - ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည် နှုန်းသည် 20 cm(၈)လက်မ မှ 30 cm (၁၂)လက်မ ကြားရှိပါက ရေညှိရေမှော်များ ဖြစ်ပေါ်လာနိုင်ပြီး ရေလဲပေး ခြင်းနှင့် အစာထိန်းကျွေးခြင်းများကို ဆောင်ရွက်ပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။ - ဦးစန်းအောင် - ထွက်တိုး - -------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
