cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဂျင်း စျေးကွက်အခြေအနေ

. Market News
အဝင်နည်း၍ စျေးတက်နေခဲ့သည့် ဂျင်းက ဂျင်းပေါ်ချိန်ရောက်၍ စျေးကွက်သို့ ပြန်လည်ဝင်ရောက်မှုများလာခြင်းကြောင့် စျေးကျကြောင်း ဈေးကွက်အတွင်းမှ သိရပါသည်။
  • သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှု မရှိသေးသည့်အတွက် ပြည်တွင်းစျေးကွက်လိုအပ်ချက်ထက် ထုတ်လုပ်စိုက်ပျိုးမှုက ကျော်လွန်နေခြင်းကြောင့် ပြည်တွင်း ဂျင်းစျေးနှုန်းများ ပိုမိုကျဆင်းနေကြောင်း သိရပါသည်။

    “ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေကြလမ်းကြောင်းက အခုထိအဆင်မပြေသေးတော့ တင်ပို့မှု သိပ်မရှိဘူး။ ရှမ်းပြည်နယ်ကနေ ရခိုင်ကို အရင်သွားပြီးမှ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ကြတာ။ အခု  မိုးကြီးတာတွေနဲ့ လမ်းပိုင်းဆက်သွယ်ရေးက မကောင်းဘူး။ Export မရှိတော့ အဝယ်မရှိဘူး။ ဒါကြောင့် အောင်ပန်းမှာ ဝယ်မယ့်သူ မရှိဖြစ်သွားတယ်” ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကုန်သည်တစ်ဦးက ပြောသည်။

    အောင်ပန်းမြို့တွင် ယခင်အပတ်က ဂျင်းဥသစ်ခက် တစ်ပိဿာ ၄၅၀၀ ကျပ်အထိ ရှိခဲ့ပြီး လက်ရှိတွင် ဂျင်းဥသစ်ခက် တစ်ပိဿာလျှင် ၂၀၀၀ မှ ၃၀၀၀ ကျပ်ထိသာ ရှိတော့ကြောင်း သိရပါသည်။

    “ကြက်သွန်ဖြူနဲ့ ဂျင်း ကုန်စည်နှစ်မျိုးက Export မရှိသေးတော့ ဝယ်လိုအားနည်းပြီး စျေးကျတဲ့ဖက်ကို ရောက်ရှိနေပါတယ်။ အခုက ပြည်တွင်း ဝယ်လိုအားလည်း မကောင်းဘူး။ ပြည်တွင်းကောင်းရင် စျေးအဲ့ဒီလောက် မဆိုးသေးဘူး။ အခုက ဂျင်းဥမပေါ်ချိန်ဆိုတော့ စျေးကွက် ဂျင်းအဝင်များနေတယ်” ဟု exporter တစ်ဦးက ဆိုသည်။

    ပြည်တွင်း ဂျင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိ Export Order မရှိနိုင်ခြင်းကြောင့် သိရပါသည်။

    “ဂျင်းက အဝင်ပြန်များလာတော့ စျေးပြန်ကျနေပါတယ်။ အရင်ခေတ်ကောင်းတုန်းက ဂျင်းဒီချိန်ဆို ၄၀၀၀ ကျော်နေပြီး အခုက ထက်ဝက်နီးပါး ကျသွားတာပေါ့။ ဒီလိုပုံစံမျိုးနဲ့ဆို ထပ်ကျဖို့ပဲရှိတယ်” ဟု ရှမ်းပြည်နယ် တောင်ပိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။

    လက်ရှိ ဂျင်းကို ဘင်္ဂလားဒေ့ရှ်သို့ ရှမ်းပြည်နယ်မှ တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရပြီး ရန်ကုန်မှတဆင့် သင်္ဘောဖြင့်လည်းကောင်း၊ စင်္ကာပူနိုင်ငံမှတဆင့်လည်းကောင်း ပို့ကြသော်လည်း တင်ပို့သည့်ကုန်ကျစရိတ်များ၍ မကိုက်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ဂျင်းအား ရှမ်းပြည်နယ် တောင်ပိုင်းတွင် အဓိကထား စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်တွင် အထွက်နှုန်းများကြောင်းလည်း သိရသည်။

    ဖိုးချဲ (AMIA)

    --------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
3
comments
1
views
1755