cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက်မွေးမြူရေးလုပ်ငန်းအောင်မြင်ဖို့ အရေးပါသောအချက်များ 🐖 🐖

. Swine
ဝက်မတစ်ကောင်မှ သားပေါက်များစွာ ရရှိနိုင်သဖြင့် တိုးချဲ့မွေးမြူနိုင်ခြင်း စသည့်အားသာချက်များရှိသဖြင့် လုပ်ဆောင်သင့်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။
  • ဝက်မွေးမြူရေးလုပ်ငန်းသည်

    ·      စျေးကွက်ဝယ်လိုအားကောင်းခြင်း

    ·      နေရာအသင့်တင့်အကျယ်အဝန်းနှင့်အရင်းနှီးအသင့်တင့်ရှိပါက စတင်မွေးမြူနိုင်ခြင်း

    ·      ၅-၆ လအတွင်း ရောင်းချနိုင်ခြင်း

    ·      ထမင်းကျန်ဟင်းကျန်များရှိပါက အာဟာရရှိသော အစာများကို ထည့်ပေါင်းကျွေးနိုင်သဖြင့် အစာစားရိတ် ကုန်ကျမှုနည်းခြင်း

    ·      ဝက်မတစ်ကောင်မှ သားပေါက်များစွာ ရရှိနိုင်သဖြင့် တိုးချဲ့မွေးမြူနိုင်ခြင်း စသည့်အားသာချက်များရှိသဖြင့် လုပ်ဆောင်သင့်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်သည်။

    ဝက်မွေးမြူရေးကို ပြုလုပ်မည်ဆိုပါက အောက်ပါအချက်များဖြစ်သည့် -

    (၁) မျိုး - မိမိအတွက်မွေးမြူသင့်သည့် ဝက်မျိုးကိုရွေးချယ်ခြင်း

    (၂) ခြံ   - ဝက်ခြံကို မည်သည့်နေရာတွင်၊ မည်သည့်ပုံစံ၊ မည်မျှ အကျယ်အဝန်းဖြင့် ဆောက်လုပ်ခြင်း

    (၃) အစာအာဟာရ - ဝက်များကြီးထွားမှု၊ သားပေါက်ကောင်းစေရန် ကျွေးသင့်သည့်အစာအဟာရများ

    (၄) ဆေး - မည်သည့်ကာကွယ်ဆေး၊သံချဆေး၊ အားဆေး၊ ကုသဆေး ကိုအသုံးပြုသင့်သည်

    (၅) ဇီဝလုံခြုံရေး - ရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားပါကအသေပျောက်အနည်းဆုံးဖြစ်ရန်ဆောင်ရွက်ခြင်း စသည့် (၅) ချက်ကို မဖြစ်မနေသိထားပီး လိုက်နာကျင့်သုံးရန်လိုပါသည်။

    ဆက်ရန် ရှိသည် ---

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59007

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa


  • article
likes
43
comments
2
views
10280