ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း
- ယခင်ထွက်တိုးတွင် ရေ၏ချဉ်ဖန်နှုန်းအကြောင်းကို ရှင်းပြခဲ့ ပါသည်။ ငါး၊ ပုစွန် မွေးမြူရေးကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ - ထိုအတူ ကန်ရေချဉ်ဖန်နှုန်း (PH 9 )အထက် ၁၀ နှင့် ၁၁ ဖြစ်ရခြင်းအကြောင်းမှာ (၁)ထုံး အလွန်အကျွံ သုံးစွဲခြင်း၊ (၂)မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်း၊ (၃)အစာအလွန်အကျွံ ကျွေးခြင်း၊ (၄)အစာအေလအလွင့် များခြင်း နှင့် (၅) အောက်ခံမြေသား ချဉ်ဖန်နှုန်းမြင့်တက်နေခြင်း (တနည်း)ထုံးမြေဆန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ - ဦးစန်းအောင် - ထွက်တိုး - -------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
