ဧရာဝတီတိုင်း အောက်တိုဘာလ ၂၃ ရက် မှ အောက်တိုဘာလ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
· ဘင်္ဂလားပင်လယ်အော်မှ Well marked လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မြောက်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းတို့သို့ဝင်ရောက်သွားပြီဖြစ်ပါတယ်။
· အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအသစ်တခုဖြစ်ပေါ်လာပြီးနောက် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာကာ မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။
· GFS နှင့် ICON model တွေမှာ ၁၂ နာရီခန့်နောက်ကျပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း၊ အနေက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေအနီးမှာ အောက်တိုဘာလ ၂၇-၂၈ ရက်အထိ ဆက်လက်ရှိနေနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။
· တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း FENGSHEN သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဒါနန်းမြို့အနီးမှ အောက်တိုဘာ ၂၃ ရက်ညနေပိုင်းမှ စတင်၍ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာန JMA ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။
· ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတို့၏သက်ရောက်မှုကြောင့် Ventusky, ICON Model မှ ၇ ရက် ကြိုတင်ခန့်မှန်းချက်များအရ -
o မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းရရှိနိုင်ပြီး၊ မြန်မာနိုင်ငံတောင်ပိုင်း နှင့်အလယ်ပိုင်း ဒေသများဖြစ်သော မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်တို့တွင် မိုးအသင့်အတင့် ရွာနိုင်ပါမယ်။
o မိုးနည်းရေရှားဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် မိုးအနည်းဆုံး ရွာနိုင်ပါမယ်။
အောက်တိုဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၉ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ
· ငပုတော၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက်
· ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ အင်္ဂပူ၊ မြောင်းမြ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်၊
· မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျုံပျော်၊ ဖျာပုံ၊ ဒေးဒရဲ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်းမိုးရေချိန် ၁ လက်မအထက်၊ ၂ လက်မနီးပါးအထိ ရွာသွန်းရရှိနိုင်သည်။
· အောက်တိုဘာ ၂၂-၂၃ ၂ ရက် မိုးအသင့်အတင့် ရွာသွန်းအပြီးတွင် ၂၈-၂၉ ရက်အထိ မိုးခေတ္တပြတ်နိုင်ကာ၊ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ မိုးအသင့်အတင့်ပြန်လည်ရွာသွန်းနိုင်ပါသည်။
· နိုဝင်ဘာလ၊ “မိုးလွန်ကာလ”အတွင်း မိုးရွာသွန်းနိုင်သည့်ရက် ၈ ရက် - ၉ ရက်ခန့် ရှိနိုင်ပြီး၊ မိုးအသင့်အတင့်ရွာနိင်သည့်ရက်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မမှ ၀.၈ လက်မခန့်) ၄ ရက် ခန့် ရှိနိုင်ပါတယ်။
· နိုဝင်ဘာလအတွင်းမှာ မိုးရွာရက်များလျော့နည်းလာပြီး၊ မိုးမရွာ-နေသာနိုင်သည့်ရက် ၁၈ ရက်မှ ၁၉ ရက်ခန့်ရှိနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၂၉ ရက်နောက်ပိုင်းမှ စတင်၍ နေ့အပူချိန်များ သိသိသာသာကျဆင်းလာနိုင်ပါမယ်။
· ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ပါတယ်။
· ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၇၀% ရှိနေနိုင်ပြီး၊ နံနက်/ညအချိန်တွေမှာ ၈၀% မှ ၉၀% ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။
· လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၇၀ မှ ၈၀ အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း အသင့်အတင့်အဆင့်(Moderate Level)မှာ ရှိပါတယ်။
· ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃.၆ ပေခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့
ခါးရိ၊ ပင်စည်ပုပ်၊ မြစ်ခြောက်ဆွေးရောဂါများကြိုတင်ကာကွယ်နည်းအကြံပြုချက်
- မတ်ပဲစိုက်ခင်းများ ရှေ့ရက်များတွင် မိုးများပြီး အပူချိန်ပြန်မြင့်လာတာကြောင့် ပဲပင်များအကွက်လိုက်သေတာကိုတွေ့ရပြီး၊ ဆွဲနုတ်ကြည့်လိုက်ပါက ခါးရိ၊ပင်ခြေပုပ်သော လက္ခဏာများကိုအဓိကတွေ့ရတတ်ပါတယ်။
- ထိုလက္ခဏာများသည် မြေဆောင်မှိုရောဂါများကြောင့်အဓိကဖြစ်ပြီး နှစ်စဥ်နှစ်တိုင်းကျတတ်တဲ့ ရောဂါဖြစ်တာကြောင့် လက္ခဏာတွေ့မှဆေးဖျန်းခြင်းထက် ကြိုတင်ကာကွယ်တာက ပိုပြီးထိရောက်ပါတယ်။
- မြေပြင်ချိန်မှာတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ မျိုးစေ့လူးနယ်တာ၊ မြေခံမှာ ထရိုင်ဂိုဒါးမားထည့်တာက အကောင်းဆုံးဖြစ်ပါတယ်။
- အသုံးပြုနိုင်သော ဓာတုမှိုသတ်ဆေးများ- Thiophanate methyl, Trifloxystrobin, Cyprodinil+ Mefenoxam, Iprodione+ Pyrimethanil အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။
ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်
- ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။
- သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။
- ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။
---------
စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price