cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း အောက်တိုဘာလ ၂၃ ရက် မှ အောက်တိုဘာလ ၂၉ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၇၀% ရှိနေနိုင်ပြီး၊ နံနက်/ညအချိန်တွေမှာ ၈၀% မှ ၉၀% ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။
  • ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်မှ Well marked လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မြောက်ပိုင်း၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်တောင်ပိုင်းတို့သို့ဝင်ရောက်သွားပြီဖြစ်ပါတယ်။ 

    ·          အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအသစ်တခုဖြစ်ပေါ်လာပြီးနောက် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာကာ မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ 

    ·          GFS နှင့် ICON model တွေမှာ ၁၂ နာရီခန့်နောက်ကျပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း၊ အနေက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ကမ်းခြေအနီးမှာ အောက်တိုဘာလ ၂၇-၂၈ ရက်အထိ ဆက်လက်ရှိနေနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း FENGSHEN သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဒါနန်းမြို့အနီးမှ အောက်တိုဘာ ၂၃ ရက်ညနေပိုင်းမှ စတင်၍ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ဂျပန်မိုးလေဝသဌာန JMA ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တို့မှ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းတို့၏သက်ရောက်မှုကြောင့် Ventusky, ICON Model မှ ၇ ရက် ကြိုတင်ခန့်မှန်းချက်များအရ - 

    o    မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန်အများဆုံးရွာသွန်းရရှိနိုင်ပြီး၊ မြန်မာနိုင်ငံတောင်ပိုင်း နှင့်အလယ်ပိုင်း ဒေသများဖြစ်သော မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်တို့တွင် မိုးအသင့်အတင့် ရွာနိုင်ပါမယ်။ 

    o    မိုးနည်းရေရှားဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် မိုးအနည်းဆုံး ရွာနိုင်ပါမယ်။ 

    အောက်တိုဘာလ ၂၃ ရက်မှ အောက်တိုဘာ ၂၉ ရက်နေ့အထိ ၇ ရက်အတွင်း ဧရာဝတီတိုင်းတွင်မိုးရွာသွန်းနိုင်သည့်အခြေအနေ 

    ·          ငပုတော၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် 

    ·          ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ အင်္ဂပူ၊ မြောင်းမြ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်၊ 

    ·          မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျုံပျော်၊ ဖျာပုံ၊ ဒေးဒရဲ မြို့နယ်/ခရိုင်များတွင် ၇ ရက်အတွင်းမိုးရေချိန် ၁ လက်မအထက်၊ ၂ လက်မနီးပါးအထိ ရွာသွန်းရရှိနိုင်သည်။ 

    ·          အောက်တိုဘာ ၂၂-၂၃ ၂ ရက် မိုးအသင့်အတင့် ရွာသွန်းအပြီးတွင် ၂၈-၂၉ ရက်အထိ မိုးခေတ္တပြတ်နိုင်ကာ၊ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ မိုးအသင့်အတင့်ပြန်လည်ရွာသွန်းနိုင်ပါသည်။ 

    ·          နိုဝင်ဘာလ၊ “မိုးလွန်ကာလ”အတွင်း မိုးရွာသွန်းနိုင်သည့်ရက် ၈ ရက် - ၉ ရက်ခန့် ရှိနိုင်ပြီး၊ မိုးအသင့်အတင့်ရွာနိင်သည့်ရက်(၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မမှ ၀.၈ လက်မခန့်) ၄ ရက် ခန့် ရှိနိုင်ပါတယ်။ 

    ·          နိုဝင်ဘာလအတွင်းမှာ မိုးရွာရက်များလျော့နည်းလာပြီး၊ မိုးမရွာ-နေသာနိုင်သည့်ရက် ၁၈ ရက်မှ ၁၉ ရက်ခန့်ရှိနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ဧရာဝတီတိုင်းအတွင်း ယခု ၁ ပါတ် အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၂၉ ရက်နောက်ပိုင်းမှ စတင်၍ နေ့အပူချိန်များ သိသိသာသာကျဆင်းလာနိုင်ပါမယ်။ 

    ·          ကမ်းရိုးတန်းအနီးက မြို့နယ်/ကျေးရွာတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီမိုင် ၂၀ မှ ၂၅ မိုင်ခန့်အထိ ရှိနိုင်ပါတယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ပိုင်းအချိန်တွေရဲ့ လေထုစိုထိုင်းဆ ၇၀% ရှိနေနိုင်ပြီး၊ နံနက်/ညအချိန်တွေမှာ ၈၀% မှ ၉၀% ရှိနိုင်ပါတယ်။ လေထုစိုထိုင်းဆများနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၈°C အထိရှိနေနိင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအခြေအနေ (AQI value) က အများဆုံး ၇၀ မှ ၈၀ အထိရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအညွှန်းကိန်း အသင့်အတင့်အဆင့်(Moderate Level)မှာ ရှိပါတယ်။ 

    ·          ဧရာဝတီတိုင်းအနောက်ဘက်နဲ့တောင်ဘက် ကမ်းနီးပင်လယ်ပြင်တွေမှာ အရှေ့ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၃.၆ ပေခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်    

    - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။    

    - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။   

    - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ 

    ---------  

    စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
15
comments
0
views
3064