cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တချို့ဝက်ခြံတွေမှာ ရောဂါဖြစ်နေတယ်ဆိုတဲ့ အသံတွေကြားနေရတယ်....

. Swine
အချို့ဒေသတွေမှာ ဝက်တွေရောဂါဖြစ်နေတယ်ဆိုတဲ့အသံတွေကြားရတဲ့အတွက် ဒီဆောင်းပါးကိုရေးရခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါကို ဖတ်ရှုပီးတော့ ကိုယ့်ရဲ့ဝက်ခြံ (ဝက်မွေးမြူရေးတစ်ခုထဲမဟုတ်ပါ၊ အခြားတိရစ္ဆာန်အားလုံး ပါဝင်ပါတယ်) ထဲရှိတဲ့ ဝက်တွေရောဂါမဖြစ်ပွားဖို့ ဘယ်လိုကြိုတင်လုပ်ဆောင်ရမည်ဆိုတာကို သိပီး လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
  • #ဇီဝလုံခြုံရေးဆိုတာဘာလဲ? ဘယ်လောက်အထိအရေးကြီးသလဲ? ဘယ်အချက်တွေပါသလဲ?

    ဇီဝလုံခြုံရေးဆိုတာဘာလဲ?

    ဇီဝလုံခြုံရေးဆိုတာ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေ ကူးစက်ရောဂါ တမျိုးမျိုးမဖြစ်ဖို့ ကြိုတင်ကာကွယ် တား ဆီးတာဖြစ်သလို၊ အခန့်မသင့်လို့ ကူးစက်ခဲ့မယ်ဆိုရင်လည်း ကူးစက်မှုအနည်းဆုံး/သေဆုံးနှုန်းအနည်းဆုံး ဖြစ် အောင် ပြုလုပ်ဖို့ မွေးမြူရေးခြံ တစ်ခြံ အတွက် မဖြစ်မနေလိုအပ်တဲ့ စီမံခန့်ခွဲမှု တစ်ခုဖြစ်ပါတယ်။

    #ဒီနေရာမှာ မေးခွန်းမေးစရာရှိတာက ကိုယ့်ခြံကို ကိုယ်လုပ်ပေးရင် လုံလောက်သလားဆိုတာပါ။

    အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် အတိုင်းအတာတခုအတွက်တော့ လုံလောက်လုံခြုံပါတယ်။ ဒါပေမဲ့ လုံးဝ စိတ်ချရသလားဆိုတာတော့ မဟုတ်ပါဘူး၊ ကိုယ်တယောက်ထဲ လုပ်ရမဲ့အပြင် အခြားသော ခြံတွေအားလုံးလည်း လုပ်မယ်ဆိုရင်တော့ ပိုပြီး လုံခြုံမှာပါ။ (ဘာကြောင့်လဲဆိုတာကိုတော့ ရောဂါပိုးကူးစက်မှုဖြစ်စဥ်ကို အသေးစိတ်ရှင်းပြတဲ့အခါမှာ ပိုသိလာမှာပါ။ ရောဂါပိုး/ရောဂါ ကူးစက်ပုံအသေးစိတ်ကို သီးသန့်ဆောင်းပါး တခုရေးပေးပါ့မယ်။)

    လောလောဆယ်တော့ ဇီဝလုံခြုံရေးလုပ်ဆောင်ဖို့ ကိုယ့်ခြံကို ကိုယ်လုပ်ဖို့လိုသလို အခြားသူများလည်းလုပ်ဖို့လို တယ်ဆိုတာ လေးကိုမှတ်ထားရင်ရပါပီ။

    #ဇီဝလုံခြံရေးဟာဘယ်လောက်အထိ အရေးကြီးပါသလဲ?

    အရမ်းကိုအရေးကြီးပါတယ်။

    ဇီဝလုံခြုံရေးဟာ ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို ရှင်းမပြခင်မှာ ကူးစက်ရောဂါဆိုတာဘာလဲ ဆိုတာ ကိုနည်းနည်းလေးသိဖို့လိုပါလိမ့်မယ်။

    ကူးစက်ရောဂါဘာလဲဆိုတာကိုတော့ ခုလောလောဆယ်အလွယ်တကူ နားလည်လွယ်အောင်ပြောရရင် ကိုယ်မွေး ထားတဲ့ ကျွဲ၊နွား၊သိုး၊ဆိတ်၊ဝက်တွေ မှိုင်မယ်၊ အစာမစားဘူး၊ ကိုယ်ပူမယ်၊ ဝမ်း ချုပ်မယ်၊ တချို့ဆီးချုပ်မယ်၊ စတဲ့ လက္ခဏာ (၄)ချက် သို့မဟုတ် (၅)ချက်စလုံး ကို ၁ရက်မကဆက် ဖြစ်နေတာကို တွေ့နေတယ်။ ( ကြာလာရင်တခြား

    လက္ခဏာတွေနဲ့လည်းတွဲတွေ့နိုင်ပါသေးတယ်၊ ဥပမာ-ချောင်းဆိုးတယ်၊ အန်တယ်၊ အရေပြားတွေ ပြာနှမ်းလာတယ်.. ....အစရှိသဖြင့်ပေါ့) သေလည်းသေနေတယ်ဆိုရင် ကူးစက်ရောဂါတမျိုးမျိုးဖြစ်နေပီလို့ အကြမ်းအားဖြင့် ယူဆလို့ရပါပီ။

    #ကိုယ်ခြံမှာ ဇီဝလုံခြုံရေးမကောင်းလို့ ကူးစက်ရောဂါတမျိုးမျိုးဖြစ်ပီဆိုရင်

    (၁) ဆေးကုသမှု ကုန်ကျစားရိတ်တက်လာမယ်၊ ကိုယ်တိုင်ဆေးကုတတ်လည်း ဆေးဝယ်ရမဲ့ကုန်ကျစားရိတ် တက်လာမယ်။

    (၂) ဆေးကု လို့မရတဲ့ရောဂါဆိုရင်တော့ ကိုယ်မွေးတဲ့တိရစ္ဆာန်အားလုံးနီးပါး သေမယ်၊ ငွေဆုံးရှုံးမယ်။

    (၃) ဆေးကုသလို့ရတဲ့ရောဂါ ဖြစ်ရင်တောင်မှ ရောဂါဖြစ်သွားတဲ့ တိရစ္ဆာန်ဟာ အနည်းနဲ့အများ ကြီးထွားနှုန်းတွေ၊ သားပေါက်နှုန်းတွေ၊ နို့ထွက်နှုန်းတွေ မကောင်းနိုင်တော့ဘူး၊ ကြက်တွေဘဲတွေမှာဆို ဥနှုန်းသိပ်မကောင်းနိုင်တော့ ဘူး။ အစာဘိုးတွေကုန်ကျတာများပီး ပြန်ရတာနည်းမှာ ဆိုတော့ အမြတ်နည်းတာ၊ ရှုံးတာတွေဖြစ်တော့မှာပေါ့။

    (၄) ရောဂါဖြစ်ပီး မသေလို့ကျန်ခဲ့တဲ့ အကောင်တွေမှာလည်း ရောဂါပိုးကိုသယ်ဆောင်ထားတာဖြစ်နိုင်တဲ့အတွက် အချိန်မရွေး ရောဂါပြန်ဖြစ်နိုင်ခြေရှိနိုင်ပါတယ်။

    (၅) ကိုယ့်ခြံမှာ ဖြစ်တဲ့ကူးစက်ရောဂါဟာ သူများခြံကိုလည်း အချိန်မရွေးကူးစက်နိုင်သလို အခြားခြံကဖြစ်တဲ့ ကူး စက်ရောဂါဟာလည်း ကိုယ့်ခြံကို အချိန်မရွေးကူးစက်နိုင်ပါတယ်၊ ဘယ်အချိန်ကိုယ်ခြံထဲ ကူးစက်မလဲဆိုပီး စိတ် တထင့်ထင့်နဲ့ မွေးရတော့မှာပါ။

    (၆) အခန့်မသင့်လို့ ဖြစ်တဲ့ကူးစက်ရောဂါဟာ အဲဒီတိရစ္ဆာန်က တဆင့်လူကို ကူးစက်နိုင်တဲ့ရောဂါဆိုရင် ကိုယ့် အိမ် မှာ ရှိတဲ့လူတွေအတွက် အန္တရယ်ရှိသလို အခြားလူတွေအတွက်လည်း အန္တရယ်ရှိနိုင်ပါတယ်။

    အခြားသောအချက်တွေရှိပါသေးတယ်၊ ဒါပေမဲ့ဒီလောက်ဆို ကူးစက်ရောဂါတမျိုးမျိုးဖြစ်ပီ ဆိုရင် ဘယ်လောက်အ ထိနစ်နာဆုံးရှုံးမလဲဆိုတာ သဘောပေါက်လောက်ပါပီ။

    ဒါကြောင့် ကူးစက်ရောဂါ တမျိုးမျိုးမဖြစ်သေးခင်မှာ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ခြံကို ဇီဝလုံခြုံရေး နဲ့ဆိုင်တဲ့ အချက်တွေကို သေသေချာချာ လုပ်ထားဖို့လိုပါတယ်။ ရောဂါဖြစ်တဲ့အသံကြားမှ ထလုပ်တာထက်စာရင် ရောဂါ မဖြစ်သေးခင်ကြိုတင်လုပ်ဖို့လိုသလို ခနလေးလုပ်ရမှာမဟုတ်ပါဘူး၊ အမြဲတမ်းလုပ်ဖို့လိုပါတယ်။

    တဆက်ထဲမှာဘဲ ကိုယ်ခြံကို ဇီဝလုံခြုံရေး ကောင်းကောင်းလုပ်သလို တခြားခြံတွေ( အထူးသဖြင့် မိမိခြံနဲ့နီးတဲ့ခြံ၊ မိမိရွာရှိခြံ) လည်း ဇီဝလုံခြုံရေးကို မဖြစ်မနေလုပ်ဖို့အတွက် သေချာရှင်းပြပီး လုပ်ဖို့အတွက် တိုက်တွန်းဖို့ လို ပါတယ်။ ဒါမှသာ ကိုယ်ခြံကနေ သူများခြံကို၊ သူများခြံကနေ ကိုယ့်ခြံကို ကူးစက်ရောဂါ မကူးစက်နိုင်မှာပါ။

    ဇီဝလုံခြုံရေးကို သူလည်းမလုပ်၊ ကိုယ်လည်းမလုပ်ဘူးဆိုရင် သူ့ခြံကနေကိုယ်ခြံ၊ ကိုယ်ခြံကနေသူများခြံကိုရောဂါ ကူးစက်ပီး ကိုယ့်ရွာကနေသူများရွာ၊ သူများရွာကနေ ကိုယ့်မြို့နယ်၊ ကိုယ့်မြို့နယ်ကနေ တနိုင်ငံလုံးရောဂါ ကူး စက်ပီး ဆုံးရှုံးမှုတွေကို အားလုံးရင်ဆိုင်ရတော့မှာပါ။

    ဒါကြောင့် ဇီဝလုံခြုံရေးဟာ အရမ်းကို အရေးကြီးပါတယ်။ အားလုံး မဖြစ်မနေလုပ်ဖို့လိုပါတယ်။

    ဇီဝလုံခြုံရေးအတွက် ဘယ်အချက်တွေကိုလုပ်ပေးရမလဲ?

    ဇီဝလုံခြုံရေးအတွက် လုပ်ဆောင်ရမဲ့အချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မွေးမြူရေးသမားတွေ လက်လှမ်းမှီပီး လက်တွေ့လုပ်ဆောင်လို့ ရတဲ့ အချက်တွေကို နောက်ဆောင်းပါးမှာ တချက်ခြင်းအသေးစိတ်ရှင်းပြ ပါ့မယ်။

    ဆက်ရန်- ဇီဝလုံခြုံရေးလုပ်ဆောင်ရန် မဖြစ်မနေလုပ်ဆောင်သင့်သည့်အချက်များ

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
19
comments
1
views
3233