cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မျိုးရင်းဝင်တူသော်လဲ ဖျက်ဆီးပုံချင်းမတူညီကြတဲ့ ပဲပွင့်ထွေးပိုး နှင့် သီးလုံးဖောက်ပိုး

. Pests Management
ပဲစိုက်တောင်သူကြီးများအတွက် ပဲပွင့်ထွေးပိုး နှင့် သီးလုံးဖောက်ပိုး ခွဲခြားနည်း အား ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါတယ်.....
  • ပဲပွင့်ထွေးသည် ဦးခေါင်းခွံ ရှည်ပြီး ထင်ရှားပါတယ်။ ခန္ဓာကိုယ်တလျှောက် ကျောဘက်တလျှောက်မှာ အစက်အပျောက် အကြီးအသေး ဆင့်လျှက် နှစ်ခုစီ အတန်းလိုက်ပါပါတယ်။ ဘေးတလျှောက် အစက်တခုစီ ဘယ်ညာ အတန်းလိုက်ပါပါတယ်။ လောက်ကောင် အဆစ်တိုင်းမှာ ဆူးကဲ့သို့ သေးငယ်သော အမွှေးတိုများ ပါပါတယ်။ လောက်ကောင်ရဲ့ ခန္ဓာကိုယ်နောက်ပိုင်းသည် အနည်းငယ် သွယ်သွားပါတယ်။ လောက်ကောင်အကောင်ကြီးသည် ၁.၅ စင်တီမီတာခန့်ရှိပါတယ်။  

    သီးလုံးဖောက်ပိုးသည် ဦးခေါင်းခွံခပ်ပြားပြားရှိပြီး ဒေါင်လိုက်ပုံစံ ချပ်ပြားကဲ့သို့ရှိပါတယ်။ ခန္ဓာကိုယ် ဘေးဘယ်ညာမှာ အလျားလိုက် အစင်းကြောင်းတခုပါရှိပါတယ်။ လောက်ကောင်ရဲ့ ကျောဘက်ဘေး အဆစ်တိုင်းမှာ အမဲစက် တခုစီပါပါတယ်။ လောက်ကောင်ခန္ဓာကိုယ် နောက်ပိုင်းသည် ဦးခေါင်းပိုင်းထက် အနည်းငယ် ပို၍ကျယ်ပါတယ်။ လောက်ကောင်အကြီးသည် ၂-၂.၅ စင်တီမီတာအထိ ရှည်ပါတယ်။ 

    စားသောက်ဖျက်ဆီးမှုအလေ့အထများ 

    ပွင့်ထွေးပိုးသည် monophagous ဟုခေါ်သော သီးနှံအမျိုးအစား တမျိုးကိုသာ အဓိက စားသောက်ပါတယ်။ ပဲမျိုးရင်းဝင်အပင်များကို စားသောက်ဖျက်ဆီးပါတယ်။ အခြားပန်းပွင့်သောအပင်များ ဥပမာ- ဧကရာဇ်၊ ပေါက်ပန်းဖြူ စတဲ့အပွင့်တွေမှာ တွေ့ရတတ်သော်လည်း အဓိကဖျက်ပိုးမဟုတ်ပါ။ အပွင့်၊ အဖူး၊ သီးတောင့်များကိုစားပါတယ်။ 

    သီးလုံးဖောက်ပိုးသည် polyphagous ဟုခေါ်သော သီးနှံများစွာကို ဖျက်ဆီးပါတယ်။ ပဲမျိုးစုံ၊ ဝါ၊ ငရုတ်၊ ပြောင်းဖူး၊ အခြားဟင်းသီးဟင်းရွက်များ၏ အရွက်၊ ပန်းပွင့်၊ သီးတောင့် အစုံစားသောက်ဖျက်ဆီးပါတယ်။ 

    ပွင့်ထွေးပိုးသည် လောက်ကောင်အဆင့် ၄၊ ၅ တွင် သီးတောင့်အရင်းမှ အပေါက်ငယ်ဖောက်၍ ဝင်ရောက်ပြီး အစေ့အဆံများကို စားသောက်ပါတယ်။ မစင် (အညစ်အကြေး)များကို ဝင်ရောက်သော အပေါက်ငယ်အနီးတွင်စွန့်ပစ်သောကြောင့်ပိုးချေးများ တွေ့နိုင်ပါတယ်။ သီးတောင့်အရင်းကို အတွင်းသို့ဝင်ရောက်ရန်သာ ဖောက်၍ သီးခွံများကို စားသောက်ခြင်းမရှိပါ။ လောက်ကောင်အဆင့် ၁၊၂၊၃ သည် အပွင့် အဖူးများကို စားသောက်ဖျက်ဆီးပါတယ်။ ပါးစပ်မှ ချည်မျှင်ထုတ်ပြီး အဖူးအပွင့်များကို ရစ်ပတ်ပြီး ထွေးပစ်တတ်ပါတယ်။  

    သီးလုံးဖောက်ပိုးသည် သီးတောင့်အခွံများကို စတင်စားသောက်ပြီး အတွင်းမှ အစေ့အဆံများကိုပါ စားသောက်ဖျက်ဆီးပါတယ်။ သီးလုံးဖောက်ပိုးကျရောက်ပါက အသီးတောင့်သည် အခွံများပါ ကိုက်ဖြတ်စားသောက်ထားသောလက္ခဏာကို တွေ့ရမှာဖြစ်ပါတယ်။ သီးတောင့်အနီးရှိ အရွက်များတွင်လည်း ကိုက်ဖြတ်စားသောက်သော လက္ခဏာ တွေ့ရပါမယ်။  

    ပွင့်ထွေးပိုးသည် Monocyclic သီးနှံတရာသီတွင် တကြိမ်သာ ပွါးများပါတယ်။ ရုပ်ဖုံးသည် မြေကြီးထဲတွင် ဆောင်းခိုနိုင်ပါတယ်။ ရာသီဥတုအပေါ် မူတည်ပြီး ပွါးများပါတယ်။ 

    သီးလုံးဖောက်ပိုးသည် polycyclic သီးနှံတရာသီ သို့မဟုတ် တနှစ်အတွင်း မျိုးဆက် ၃ ကြိမ်နှင့်အထက် (စားသောက်ရန် လက်ခံပင်ရှိပါက) ပွါးများနိုင်ပါတယ်။ ရာသီဥတုအပေါ် သက်ရောက်မှုမရှိပါဘူး။  

    ပွင့်ထွေးပိုး၏ သိပ္ပံနာမည်မှာ - Maruca tastulalis, Maruca vitrata 

    သီးလုံးဖောက်ပိုး၏ သိပ္ပံနာမည်မှာ - Helicoverpa armigera  

    အထက်ဖော်ပြပါ ခွဲခြားချက်များသည် ယေဘုယျခွဲခြားချက်များဖြစ်ပါသည်။ 

    Dr. DaDa (Ph.D Entomology) ရေးသားဖော်ပြထားသည်မှ ကူးယူဖော်ပြသည်။ 

    -----------  

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
2536