cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကော်ဖီသီးခူးတဲ့ အခါ👩‍🌾☕🍒

. Agriculture Knowledge
သင့်ရှေ့ကိုရောက်ရှိလာမဲ့ ကော်ဖီတခွက်ရဲ့ အရသာဟာ ကော်ဖီအသီးတလုံးချင်းစီရဲ့ ရင်မှည့်မှု အဆင့်ဆင့် အပေါ်မှာအများကြီး သက်ရောက်မှု ရှိပါတယ်။
  • သင့်ရှေ့ကိုရောက်ရှိလာမဲ့ ကော်ဖီတခွက်ရဲ့ အရသာဟာ ကော်ဖီအသီးတလုံးချင်းစီရဲ့ ရင်မှည့်မှု အဆင့်ဆင့် အပေါ်မှာအများကြီး သက်ရောက်မှု ရှိပါတယ်။ အသီးစိမ်းတွေများတဲ့ အခါ ဖန်တဲ့ အရသာ ကိုများများခံစားရနိုင်ပြီး ကော်ဖီရနံ့ထက် စိမ်းဖန့်တဲ့ အနံ့ကိုသာ ခံစားရစေပါတယ်။ ဒါနဲ့ဆန်ကျင့်ဘက် အသီးမှည့်များတဲ့ အခါ ကော်ဖီရဲ့ ပင်ကိုဖြစ်တဲ့ ချယ်ရီသီးကဲ့သို့ သစ်သီးရနံ့ ကို ခံစားရမှာ ဖြစ်ပြီး ကော်ဖီစေ့ရဲ့ ခါးသက်သက်သဘာဝနဲ့ အတူ သီးမှည့်ရဲ့ ချိုမြိုန် အရသာကို ခံစားရစေမှာဖြစ်ပါတယ်။ ကိုယ်ဒေသ ကိုယ့်ကော်ဖီ နာမည်နဲ့ အရည်အသွေးကို တည် ဆောက်မယ်ဆိုရင်တော့ ပထမဆုံး 

    “ ကော်ဖီသီးကို တစ်ချိန်တည်း အစိမ်းနှင့်အမှည့်ရောမခူးပါနဲ့” 

    နောက်တစ်ချက်ကတော့ ကော်ဖီသီးခူးဆွတ်တဲ့အခါ များသောအားဖြင့် တောင်သူတွေဟာ တပြိုင်တည်း ခူးဆွတ်တတ် ကြတဲ့အပြင် အသီးအရင့်မှည့်ခွဲကြလေ့မရှိတဲ့ အတွက် ကော်ဖီအရည် အသွေးကျစေတဲ့ အပြင် စျေးကောင်းလည်းမရနိုင်ကြပါဘူး။ လုပ်သားအင်အားရှားပါးခြင်း၊ စနစ်တကျ ခူးဆွတ်နည်း အားနည်းတဲ့ အခါ အသီးကိုင်းတွေ ဒဏ်ရာရပြီး နောက်လာမဲ့ နှစ်တွေအတွက် အသီးတင် နိုင်မှုအားနည်းနိုင်လို့ အထွက်နှုန်းလည်း ကျစေပါတယ်။ ဒါကြောင့်  

    “လုံးဝရင့်မှည့်ပြီး အနီရောင်ရှိသည့် အသီးများကိုသာ အကြိမ်ကြိမ် ခူးပါ။ တလုံးချင်း ညင်းသာ စွာခူးဆွတ်ပါ။” 

    “အပင်ပေါ်ရှိအနည်းငယ်အစိမ်းရောင်ရှိပြီး မရင့်မှည့်သေးသည့် အသီးများကို ချန်ထားပါ။ လုံးဝမခူး ရပါ။ကျန်ရှိသော အသီးများကို ရင့်မှည့်သည့်အခါမှသာခူးပါ။” 

    အကယ်၍ လုပ်သားအင်အားမရှိပါက “ကော်ဖီတစ်ပင်ရဲ့ ၄ပုံ ၃ပုံ ( သို့) ၃ ပုံ ၂ ပုံ ရင့်မှည့်တဲ့ အထိ စောင့်ပြီး တပြိုင်တည်း ခူးဆွတ်ပါ။” 

    ထို့နောက် အသီးများခူးပြီးသောအခါ “ကောင်းသောအသီးများနှင့်ညံ့ဖျင်းသော အသီးများကိုခွဲ ထုတ်ပါ။” ခြောက်သောအသီးများ ၊ မည်းနက်သောအသီးများနှင့်မြေပေါ်ကျရောက် သည့်အသီးများကို မီးရှို့ပစ်ပါ။ 

    အဘယ့်ကြောင့်ဆိုသော်ခြောက်သောအသီး၊မည်းနက်သောအသီးများနှင့်မြေပေါ်ကျရောက် သည့်အသီး တို့တွင်ရောဂါဖြစ်နိုင်သည့်ကပ်ပါးများပါရှိသည့်အပြင် ကော်ဖီ အရသာကိုလည်း ထိခိုက်စေပါသည်။ 

    ကော်ဖီသီးခူးရာတွင်”ကော်ဖီသီးမှည့်များမြေပေါ်သို့မကျရောက်စေရန်ကော်ဖီပင်အောက်တွင်အခင်းတစ်ခုခုခင်းပေးထားပါ။” 

    ကော်ဖီသီခူးတော့မဲ့ ရာသီမတိုင်ခင်မှာ သတိထားသင့်တာလေးတွေ သတိထားရင်း ကော်ဖီအရည်သွေး မြှင့်တင်နိုင်ကြစေရန် တိုက်တွန်းလိုက်ရပါတယ်။ 

    မေ့ရင်သွေး 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
  • article
  • article
  • article
likes
5
comments
0
views
1489