"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၄)အထက်ပါ အချက်အားလုံး ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော်
တိုင်းရင်းကြက်မွေးမြူခြင်းသည် အသားတိုးကြက် (အရပ်အခေါ်-စီပီကြက်) မွေးမြူခြင်းထက် အားသာချက်များစွာ ရှိပါသည်။ ၄င်းတို့မှာ-
· မြေနေရာအကျယ်အဝန်းအနည်းငယ်ရှိလျှင် မွေးမြူနိုင်ခြင်း
· ခြံဆောက်စားရိတ် အနည်းငယ်သာကုန်ကျခြင်း
· စျေးကွက်တွင် ဝယ်လိုအားကောင်းသဖြင့် အချိန်မရွေးရောင်းနိုင်ခြင်း
· အရှုံးမရှိ၊ သေချာပေါက်အမြတ်ရနိုင်ခြင်း
· အရင်းနှီး အနည်းငယ်ဖြင့်စတင်နိုင်ခြင်း
· နည်းပညာများစွာတတ်ကျွမ်းရန်မလိုဘဲ မည်သူမဆိုမွေးမြူနိုင်ခြင်းစသည့် အားသာချက်များ ရှိပါသည်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) ၅ ချက် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
ဝက်မွေးမြူရေးကို ပြုလုပ်မည်ဆိုပါက အောက်ပါအချက်များဖြစ်သည့် -
(၁) မျိုး - မိမိအတွက်မွေးမြူသင့်သည့် ဝက်မျိုးကိုရွေးချယ်ခြင်း
(၂) ခြံ - ဝက်ခြံကို မည်သည့်နေရာတွင်၊ မည်သည့်ပုံစံ၊ မည်မျှ အကျယ်အဝန်းဖြင့် ဆောက်လုပ်ခြင်း
(၃) အစာအာဟာရ - ဝက်များကြီးထွားမှု၊ သားပေါက်ကောင်းစေရန် ကျွေးသင့်သည့်အစာအဟာရများ
(၄) ဆေး - မည်သည့်ကာကွယ်ဆေး၊သံချဆေး၊ အားဆေး၊ ကုသဆေး ကိုအသုံးပြုသင့်သည်
(၅) ဇီဝလုံခြုံရေး - ရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားပါကအသေပျောက်အနည်းဆုံးဖြစ်ရန်ဆောင်ရွက်ခြင်း စသည့် (၅) ချက်ကို မဖြစ်မနေသိထားပီး လိုက်နာကျင့်သုံးရန်လိုပါသည်။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။





NewsFeed
Communities
Explore
Inbox
Me
Market Price