cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

နှမ်းတွင်အဓိကကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

. Weather News
နှမ်းပင်ခြေရင်းပိုင်းလုံးဝမည်းနက်ပြီး ပင်ပေါ်ပိုင်း- အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင် စုများ နှင့် အမည်းရောင် မှိုစပိုး (စကလိုးရှား)တွေ့ရသည်။
  • နှမ်းရိုးမည်း 

    • အပင်၏အောက်ရွက်များဝါလာ၊ အရွက်များ ငိုက်ကျလာ၍ အရွက်ကြွေ 
    • ပင်စည်၏ပင်ခြေပိုင်းတွင်အညို/ အမည်း ရောင် အနာကွက်ဖြစ် 
    • ရောဂါပြင်းထန်လျှင် အနာကွက် တစ်သျှူး သားများ ညိုမဲ ပြီး အနာချိုင့်ဖြစ်လာ 
    • ပင်စည်အခေါက်များဖွာလန်လာ 
    • ရောဂါရတစ်သျှူးများပေါ်တွင် အမည်းရောင် အဖုလေးများ ဖြစ်ပေါ်လာ 
    • နှမ်းပင်ခြေရင်းပိုင်းလုံးဝမည်းနက်ပြီး ပင်ပေါ်ပိုင်း- အဝါရောင်ပြောင်းကာ ညှိုးစပြု လာ 
    • ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင် စုများ နှင့် အမည်းရောင် မှိုစပိုး (စကလိုးရှား)တွေ့ရ  
    • နေ့အပူချိန်မြင့်မားပြီး၊ ခြောက်သွေ့သောရာသီဥတု ရှည်ကြာပြီး မိုးသည်းထန်စွာ ရွာသွန်း 

    ကာကွယ်နှိမ်နင်းနည်း 

    • အစိုဓာတ်ပုံမှန်ရအောင်လုပ်ပေးပါ 
    • ရေအစိုဓာတ် မများလွန်းသင့် 
    • ပင်ကြွင်းပင်ကျန်ရှင်း၊ ရေပြတ်ကာလမရှည်သင့် 
    • မြေဆွေး၊ တမာကြိတ်ဖက်ထည့်ပြီး မြေပြင် 
    • မျိုးစေ့လူးနယ် - Captan  
    • အသုံးပြုနိုင်သောဓာတုဆေးများ - Iprodione, Tebuconazole, Pyraclostrobin 

     ဖိုက်သော်သရာပင်နာကျရောဂါ 

    • အရွက်နှင့် ပင်စည်ပေါ်တွင် ရေစိုနာ၊ အညိုရောင်ကွက်ပြောက်ကလေးများ စတင် ဖြစ်ပေါ်၊ နောက်ပိုင်းတွင် အရွယ်အစားကြီးမားလာကာ အညိုရင့်ရောင်၊ အနက်ရောင် အကွက် များဖြစ်လာ 
    • အပင်များဝါခြင်း၊ အပင်ခြောက်ပြီး သေ 
    • စိုစွတ်သောရာသီဥတုတွင် ရောဂါကျနေ သောအသီးပေါ်တွင် အဖြူရောင်မှိုမျှင်စုကိုတွေ့ရ 
    • ပြင်းထန်စွာတိုက်ခိုက်ခံ ရပါက အစေ့ များသည်တွန့်ရှုံ့နေ 
    • ပင်စည်ပေါ်တွင်ရောဂါကျရောက်ပါက အရွက်များညှိုးနေပြီး၊ပင်စည် လည်းမည်းခြောက် 
    • မိုးဆက်တိုက်ရွာသွန်းမှုများပြီးမြေတွင်းအစိုဓါတ်မြင့်မားခြင်း၊ အပူချိန်နိမ့်ခြင်းနှင့် စိုထိုင်းစမြင့်များ သောအခြေအနေတွင်ကျရောက် 

    ကာကွယ်နှိမ်နင်းနည်း  

    • စိုက်ခင်းရေမဝပ်သင့် 
    • ရေစီးရေလာကောင်းအောင်လုပ်ပေးပါ 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Propamocarb hydrochloride, Dimethomorph, Fosetyl Aluminium, Mancozeb+ Cymoxanil  

     နှမ်းဖိုရောဂါ 

    • အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ် 
    • နှမ်းပင်ငယ်စဉ်တွင် ရောဂါကူးစက်ပျံ့နှံ့စေသောဖြုတ်ပိုး (Leafhopper) ကြောင့် ရောဂါကူးစက် 

    ကာကွယ်နှိမ်နင်းနည်း 

    • ဖြုတ်ညိုမှ တစ်ဆင့်ကူးစက်သောရောဂါဖြစ်သောကြောင့် ဖြုတ်ညိုကိုထိရောက်စွာနှိမ်နင်းသင့် 
    • နှမ်းဖိုရောဂါလက္ခဏာတွေ့တာနဲ့ ဆွဲနုတ်ဖယ်ရှားရှင်းလင်းပစ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ 

    အော်တာနေးရီးယားရွက်ပြောက် 

    • အရွက်ပေါ်တွင် သေးငယ်သော၊ ဗဟိုတူစက်ဝိုင်းရစ်များပါသည့် လုံးဝိုင်းပုံ (သို့) ပုံသဏ္ဍာန် မမှန်သော အညိုရင့်ရောင်ရေစိုနာဒါဏ်ရာ ကွက်များဖြစ်ပေါ် 
    • ရာသီဥတု အခြေအနေပေး၍ ရောဂါ ပြင်းထန်ပါက ရောဂါကွက်သည် ကြီးမားလာ 
    • အပင်၏ အစိတ်အပိုင်းအားလုံး၊ အရွယ် အားလုံးတွင်ကျရောက်တတ် 
    • အရွက်ကြွေခြင်း၊ပြင်းထန်ပါက အပင်သေခြင်းများ ဖြစ် 
    • လေထုစိုထိုင်းစ မြင့်မား၍ အပူချိန်နိမ့်သောအခြေအနေတွင် ရောဂါကျရောက်နိုင် 

    ကာကွယ်နှိမ်နင်းနည်း 

    • အသုံးပြုနိုင်သောဓာတုဆေးများ- Mancozeb, Chlorothalonil, Copper oxychloride 
    • အာဟာရ - မြေခံ- ပိုတက်ရှ်(K)ထည့်ပြုပြင် 
    • ရွက်ဖျန်း - ပိုတက်စီယမ်(K)+ ဇင့် (Zn ) ဖြည့်စွက်  

    ဖားဥမှို 

    • အရွက်ပေါ်တွင်အဖြူရောင်အကွက်များစတင်ဖြစ်ပေါ် 
    • နောက်ပိုင်းတွင်အရွက်မျက်နှာ ပြင်တစ်ခုလုံးပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသကဲ့သို့ဖြူဖွေးနေ 
    • ရောဂါပြင်းထန်ပါက အရွက်တစ်ခုလုံးခြောက်၍ တွန့်သွား 
    • အရွက်၊ ပင်စည်၊ ပန်းပွင့်နှင့် အသီးများအားလုံးပေါ်တွင် ကျရောက် 
    • ခြောက်သွေ့ ပူအိုက်၊ စိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက် 

    ကာကွယ်နှိမ်နင်းနည်း 

    • နိုက်ထရိုဂျင်ရွက်ဖျန်း (N) ကိုအလွန်မကျွံမဖျန်းသင့် 
    • အသုံးပြုနိုင်သောဓာတုဆေးများ- Lime Sulphur, Thiophanate methyl, Trifloxystrobin, Hexaconazole  

    အိမ့်ဖြိုး 

    ကိုးကား- Dr.DaDa (သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ) 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
  • article
  • article
  • article
  • article
likes
9
comments
0
views
2110