ဝက်မျိုးရွေးချယ်ခြင်းဆိုင်ရာ သိကောင်းစရာ🐖🐖
- (၁) အဖြူရောင်ရှိသောအုပ်စု - (၂) အမဲရောင်ရှိသောအုပ်စု ဟူ၍ အကြမ်းအားဖြင့် အုပ်စု (၂) မျိုးခွဲခြားနိုင်ပါသည်။ - (၁) အဖြူရောင်အုပ်စု - အဖြူရောင်အုပ်စုတွင်ဝက်များအားလုံးအဖြူရောင်ဖြစ်ပီး စီပီကပြားဝက်ဟုခေါ်သော DYL၊လင်းဒရေ့(စ)၊ယော့ရှိုင်း အစရှိသော ဝက်များပါဝင်သည်။ ခြံကိုစံနစ်တကျဆောက်ပီး အစာကိုစံနစ်တကျ ကျွေးမွေးပါက အဖြူရောင်ရှိသော - ဝက်များကို ဦးစားပေး မွေးမြူသင့်ပါသည်။ အဖြူရောင်ဝက်မျိုးကို မျိုးမြှင့်ဝက်များဟု အလွယ်တကူ မှတ်ယူနိုင်ပါ - သည်။ (အားသာချက်၊အားနည်းချက် ဇယားကိုကြည့်ပါ။) - ဝက်ဖြူအုပ်စုများ - (က) ယော့ရှိုင်းယား - (ခ) လင်းဒရော့(စ) - (ဂ) DYL - (၂) အမဲရောင်အုပ်စုဝက်များ - အမဲရောင်အုပ်စုဝက်များသည် အမဲ၊ နီညို၊ အဝါ၊ အကွက်၊ အကြား၊ စသည့်အရောင်ရှိသော ဝက်များ ဖြစ်သည်။ ခြံကိုစနစ် တကျမဆောက်နိုင်၊အစာကိုစံနစ်တကျမကျွေးနိုင်ပါကအမဲရောင်အုပ်စုဝက်များကို ရွေးချယ်မွေးမြူသင့် ပါသည်။အမဲရောင်အုပ်စုဝက်များကိုဒေသဝက်များဟုအလွယ်တကူမှတ်ယူနိုင်ပါသည်။ - (က) ဘတ်ရှိုင်းယား - (ခ) ဝက်နက်ကြီး - (ဂ) ဂျူးရော့(စ) - (ဃ) ဝက်အကွက် - (င) ဝက်အကြား - ဝက်ဖြူနှင့်ဝက်မဲအုပ်စု ရှိဝက်များ၏ အားသာချက်၊အားနည်းချက်များကိုနှိုင်းယှဥ်ချက်များကို ပုံတွင် ကြည့်ပါ။ - #အထူးမှတ်သားရန်မှာ - အဖြူရောင်အုပ်စုဝက်ဖြစ်စေ၊အမဲရောင်အုပ်စုဝက်ဖြစ်စေအောက်ပါအချက်(၂)ချက်မဖြစ် မနေ ပါအောင်ရွေးချယ်မွေးမြူရမည်။ - (၁)အလျားရှည်ခြင်း - (၂)ခြေဆံလက်ဆံအတော်သင့်ရှည်ပီး၊ခြေဆံလက်ဆံအတော်သင့်တုတ်ခိုင်ခြင်း စသည့်အချက်များဖြစ်သည်။ - #ဝက်မျိုးရွေးချယ်ခြင်းနှင့်ဆိုင်သော အထူးသတိထား သင့်သည့်အချက်များ - · ခြံကိုသေချာစွာမဆောက်နိုင်၊ အစာကို စံနစ်တကျ မကျွေးနိုင်ပါက အဖြူရောင်အုပ်စု ဝက်များကိုမမွေးသင့် ပါ။ - ဆက်ရန် ရှိသည် --- - မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း - 🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59106 - 🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com - 🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4 - 🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
